Sunday 11 September 2011

အစိုးရနှင့်ညှိသင့်တာတွေ ညှိခဲ့ရဟု သီးလေးသီးအဖွဲ့မှ ပြော

အစိုးရနှင့်ညှိသင့်တာတွေ ညှိခဲ့ရဟု သီးလေးသီးအဖွဲ့မှ ပြော

by Yangon PressInternational on Sunday, September 11, 2011 at 8:51pm
စက်တင်ဘာ ၁၁၊ ၂၀၁၁ (YPI)
သမ္မတ ဦးသိန်းစိန်က ၎င်းမိန့်ခွန်းဖြင့် ပြည်ပရောက်များပြန်လာခွင့်ပြုမည်ဟု ကမ်းလှမ်းပြီးနောက်
သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ အဖွဲ့ဝင်၎ ဦး တို့ပြည်တော်ပြန်လာရာ အစိုးရနှင့် ညှိသင့်သည့်အချက်များ ညှိခဲ့ရသည်ဟု အဖွဲ့ဝင်တဦးဖြစ်သည့် စိန်သီးကပြောသည်။

သီးလေးသီး အဖွဲ့ဝင်များထဲမှ ဂေါ်ဇီလာ၊ ချောစုမျိုး၊ စိန်သီးနှင့် ဇီးသီးတို့ ၎င်းတို့နေထိုင်ရာ ထိုင်းနိုင်ငံ ချင်းမိုင်မှ ရန်ကုန်မြို့သို့ ယမန်နေ့ညနေ  ၆ နာရီခန့်က ပြန်လည် ရောက်ရှိလာစဉ် မင်္ဂလာဒုံလေဆိပ်၌ ပြောဆိုခြင်းဖြစ်သည်။

အဖွဲ့ခေါင်းဆောင် ဖြစ်သူ ကိုဂေါ်ဇီလာကတော့ ညှိနှိုင်းခဲ့ရခြင်း မရှိကြောင်းနှင့် မည်သည့်အရေးယူမှုမှ မရှိကြောင်း၊ အတော်လေးလည်း လွတ်လပ်ပွင့်လင်းပါသည်ဟု ပြောသည်။

လေဆိပ်တွင် သတင်းထောက်များအား ဖြေကြားလျက်ရှိသည့် လူရွှင်တော် စိန်သီး

သီးလေးသီး အဖွဲ့ဝင် ၇ ဦးရှိသည့် အနက်ယခု ၄ ဦး ပြန်ရောက်ရှိလာပြီး ကျန် ၃ ဦးမှာ ထိုင်းနိုင်ငံတွင်ပင် ဆက်လက်နေထိုင်လျက်ရှိသည်။
ကျန်အဖွဲ့ဝင်များ ပြန်မလာသေးသည့်  အချက်နှင့် ပတ်သက်၍  ကိုဂေါ်ဇီလာက ကျန်လူများမှာ သင်တန်းများ မပြတ်သေးသဖြင့် ပြန်မလာနိုင်သေးကြောင်း ၊ နောက် တစ်လ နှစ်လလောက် ခန့်တွင်
ပြန်လာမည်ထင်ကြောင်း လေဆိပ်ရောက်ရောက်ခြင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုသည်။

ခေါင်းဆောင် မင်းသမီး ဖြစ်သူ မချောစုမျိုးက “ အမတို့ အဖွဲ့လဲ ဦးဇာကနာကို သွားတွေ့မှာပေါ့နော်၊ အမတို့ သီးလေးသီး ဆေးရောင်စုံ အဖွဲ့က ပြည်သူတွေကို ပြန်ပီးတော့ ဖျော်ဖြေ တင်ဆက်သွားမှာပါ၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ပြန်လာကြတာပေါ့နော် ” မချောစုမျိုးက ပြောသည်။

သီးလေးသီး အဖွဲ့ကို လွန်ခဲ့သည့် ၅ နှစ်ဝန်းကျင်က ထင်ရှားသည့် ဟာသ အနုပညာရှင် ဇာဂနာက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်းပြီးခါစ သီးလေးသီး အဖွဲ့က ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ပျက်လုံးများကို ထည့်သွင်း ဖျော်ဖြေပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

လေဆိပ်သို့ရောက်ရှိပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေဆိုရာတွင် စိန်သီးက “ မြန်မာပြည်ကြီးကို ဒီလိုမြင်ရတော့ ပျော်တာပေါ့ဗျာ” ဟုပြောခဲ့ပြီး  အနုပညာလုပ်ငန်းတွေဆက်လုပ်မည် ဖြစ်သည်ဟုလည်း ပြောဆိုသည်။

တရားဝင်ဖြေဖျော်ခွင့် ရရှိမည် မရရှိမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ မြန်မာနိုင်ငံတွင် အစိုးရနှင့် နိုင်ငံရေးအရ သဘောကွဲလွဲသူ အနုပညာသည်များအား ဖြေဖျော်ခွင့် ပိတ်ပင်လေ့ရှိပြီး ပိတ်ပင်ကြောင်းကို တရားဝင် စာထုတ်ပြန်ခြင်း အသိပေးခြင်းမျိုး မရှိသည်ကိုတွေ့ရသည်။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းခံရပြီး မေလ လယ်တွင် လွတ်မြောက်လာသည့် ဟစ်ဟော့အဆိုတော် ဇေယျာသော်မှာလည်း ပရိတ်သတ်အား ဖြေဖျော်ခွင့် ပိတ်ပင်ခံထားရသည်။

စိန်သီးက ၎င်းတို့အား အရေးယူမည် မထင်ကြောင်း၊ တချို့အမြင်စောင်းနေသည့် ကိစ္စရပ်များကို ၎င်းတို့ အနေဖြင့် ဖေါ်ထုတ်ရေးသားသွားမည် ဖြစ်ကြောင်း၊ ပြည်ပတွင်နေထိုင်စဉ်ကလည်း မည်သည့်မီဒီယာနှင့်မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပဲ၊ ပြည်ပမီဒီယာများမှ သတင်းလာယူခြင်းသာ ရှိခဲ့သည်ဟု ပြောဆိုသည်။



သီးလေးသီး အဖွဲ့ဝင် ခေါင်းဆောင်မင်းသမီး ချောစုမျိုးအား လေဆိပ်တွင် တွေ့ရစဉ်

2 comments :

ကိုရွှေ said...

စောက်ရူး စိန်သီး ပြည်ပမှာနေစဉ်က မည်သည့်မီဒီယာနဲ့မှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ ပြောရဲလိုက်တာ စောက်ရှက်လဲမရှိဘူး မင်းတို့ကို DVB က ပေးထားကျွေးထားတာမရှိဘူးလားကွ စောက်ပိုတွေလာပြောနေတယ် ရန်သူဆီဒူးထောက်တာလား ငတ်လို့ပြန်ပြေးတာလား ပေါ်တင်ပြောကွာ

MM said...

ကိုစိန်သီးရယ် မြန်မာပြည်ကြီးကို ဘယ်လိုများမြင်ပြီးဘယ်လိုများပျော်နေတာလဲဗျာ နဲနဲလောက်မျှဝေလို့ရရင်မျှပါ ကျွန်တော်လဲပျော်ချင်လို့ပါ။