Friday, 30 September 2011

ဒီဗီၤြဘီ လာဘ္စားမႈ ဘူးပေါ်သလိုပေါ်လာပြီ။ စစ်တပ်ထဲမှာပဲလဘ်စားတာမဟုတ် ဒီမိုတွေမှာလဲ ကိုယ်ကျိုးရှာသူတွေရှိနေတယ်။

DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်..
 ငွေကြေးအရှုပ်အရင်းကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ အေးချမ်းနိုင်
အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်.. 

ငွေကြေးအရှုပ်အရင်းကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့  ခင်မောင်ဝင်း
 
ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်။ 

ရဲက အမှုဖွင့်ခံထားရသော မျိုးမင်းနိုင်

( မဲဆောက်နေ ပွ ကြီးဆိုသူကို တွေ့ ရင် သတင်းပေးကြပါ။ သူလဲတာဝန်ရှိသူတဦးဖြစ်တယ်။ )

 သတင်းပြည့်အစုံကိုဒီဗွီဘီ ၀က်ဆိုဒ်မှာရှာကြည့်နိင်ပါတယ်။ 

9 comments :

Anonymous said...

အခြားအခြားသော သူခိုးတွေ ရှိသေးတယ်ဗျ ခပ်တည်တည် လုပ်နေတာ သူ့တို့ ထက်တိုင်းပြည်ပိုချစ်တဲ့ သူတွေပဲ မရှိသယောင်ယောင် စစ်အာဏာရှင်ကို တိုက်တယ် တိုက်တယ်နဲ့ ကိုယ်ကိုယ်တိုင် အာဏာရှင် လုပ်နေတာတွေ ငါ့အကြောင်းပြောတာနဲ့ ထောက်လှမ်းရေး ဖြစ်သွားမယ်ဆိုတာမျိုးတွေ အားလုံး သိနေပြီဗျ..မသိဘူးမထင်နဲ့ အမှုဆိုတာ မဆွေးဘူး..တချိန်ကြတော့ ရှင်းကြပေါ့..လေ..ကိုမိုးသီးတော့ မပါဘူး မဟုတ်လား..

Anonymous said...

စပ်ဟန်ညောင်ရွှေကကိုသာဝါးလို့ကြားဘူးတယ်

yoyolay said...

They are myanmar. corruption is natural for us.
Ko Moe The also same.

Anonymous said...

Dar ma Myanmar pee tha tar.

kmoe said...

dar ma Myanmar kwa.

kmoe said...

Kabar mar Myanmar hey...

ရန်ကုန်သား S.T. said...

လူ့အဆင့်ထဲရောက်ခါစ လူ့ဦးနှောက် မပြည့်ဝသေးသူတွေဆိုရင် သတ္တဗီဇကို အသိဉာဏ်က ထိန်းချုပ်နိုင်အား နည်းကြပါတယ်။

လောကမှာ ဒီလိုလူတွေကများတော့
ကိုယ်ကျင့်တရားတွေကို အတိုင်းအတာတစ်ရပ်အထိ အလေးပေး ဆုံးမ သင်ကြားတဲ့ "ဘာသာရေး" နဲ့ "ပညာရေးစံနစ်" အပြင် တိကျပြတ်သားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ "ဥပဒေနဲ့ ပြစ်ဒဏ်" တွေ ရှိမှသာ သာယာချမ်းမြေ့စွာ အတူတကွနေနိုင်မဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မယ် လို့ထင်ပါတယ်။

Anonymous said...

Now, on the top photo, the guy look like monkey faced.

Anonymous said...

ပြည်တွင်းလှုပ်ရှားမှု ပေါ်တိုင်း အမြတ်ထွက်တာက ပြင်ပက အဖွဲ့အစည်းတွေပါ။ အသေအချာ စဉ်းစားကြပါ။ ဒီဗီဘီ တခုတည်းတင် မဟုတ်ပါဘူး။ နယ်စပ်က အဖွဲ့ အစည်းတွေ ခေါင်းဆောင်တွေ ပြည်တွင်း နဲ့ ချိတ်ဆက် လုပ်ကိုင်ကြသူ ဆိုသူတွေ ထိုင်းမှာ သူဌေးလို နေထိုင်နေကြတာဟာ ပြည်တွင်း လှုပ်ရှားမှု အရှိန်ရတိုင်းမှာ ဆက်စပ်နေတဲ့ ဖြစ်ရပ်ပါ။ အလှူရှင်တွေလည်း ပေးရတာကြာလာတော့ တင်းကြပ်လာလို့ အခုလို တစတစ ပေါ်လာတာပါ။ ဧရာဝတီ သတင်းဌာနက စလိုက်တဲ့ ဇာတ်လမ်း ဘယ်မှာ အဆုံးသတ်မလဲတော့ မသိဘူး။ ဒီဗီဘီကလည်း ဟန် နဲ့ လူတစ်ချို့ ပေါင်းရိုက်ပြီး ဆက်လိမ်လို့ကောင်းအောင် စီမံထားတဲ့ လုပ်ကွက်သာဖြစ်တယ်လို့ ပြောလို့ ရပါတယ်။