Friday, 30 September 2011

ကိုထွန်းအောင်ကျော်သဘောထားထုတ်ပြန်ချက်





ပြည်တော်ပြန်ခြင်းနှင့်ကျွန်ုပ်၏သဘောထား။


ဦးပီတာလင်းပင် မြန်မာပြည်ပြန်သွားသည့် ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ကျနော်နှင့် ကိုမိုးသီးကို တိုင်ပင်၍ ရှေ့ပြေးပြန်သွားသည်ဟု ပြောဆိုချက်များကြောင့် ကျနော်တို့ကို လေးစားသူများက ပြန်တော့မှာလား မစောင့်နိုင်ကြတော့ဘူးလားဟု မေးလာကြသည်။ ထို့အတွက် ဖြေရှင်းရန် လိုသည်ဟု ယူဆ၍ ဖြေရှင်းလိုက်ပါသည်။ ဦးပီတာလင်းပင် ကျနော်နှင့် ကိုမိုးသီးကို မြန်မာပြည်ပြန်တော့မည့် အကြောင်း ပြောကြား စဉ်ကပင် ကျနော်တို့ နှစ်ယောက်စလုံးက သူ့အား မပြန်သင့်သေးကြောင်း၊ အချိန်စောသေးကြောင်း အကြောင်း အကျိုးနှင့်တကွ ရှင်းပြပြီး ကန့်ကွက်ခဲ့ပါသည်။ သို့ရာတွင် သူ့အနေနှင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံဆွေးနွေးမှုကြောင့် ပြန်ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ကျနော်တို့ နှစ်ယောက်က သဘောတူခဲ့ခြင်း မရှိပါ။ ကျနော်တို့အနေနှင့် ကန့်ကွက်ကြောင်း၊ အချိန်စောသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေးကြောင်း ထို့ကြောင့် ပြန်ခြင်းကို လက်မခံနိုင်သေးကြောင်း တင်ပြခဲ့ပါသည်။


ဦးသိန်းစိန်အစိုးရ၏ ပြည်ပရောက်မြန်မာများအား ပြန်လာနိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ပြောဆိုချက်အပေါ် တရားဝင် လွှတ်ငြိမ်းချမ်းသာခွင့်ကို မစောင့်ပဲ ပြန်သွားခဲ့သူများရှိသည်။ ကျနော့်အနေနဲ့ မြန်မာပြန်မှ ထွက် လာကတည်းက မြန်မာပြည်တွင် ဒီမိုကရေစီစံနစ် ထွန်းကားဖို့ လုပ်ဆောင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်တွင် နေနေရသော်လည်း ကိုယ့်အမိမြန်မာနိုင်ငံကို အမြဲလွမ်းဆွတ် နေသူဖြစ်သည်။ မြန်မာနိုင်ငံကို ချစ်သောသူတိုင်း ကိုယ့်နိုင်ငံသို့ ပြန်ချင်ကြသည်မှာ ဓမ္မတာဖြစ်သည်။ ကျနော် လည်း ပြန်ချင်သူများအထဲတွင် တယောက်အပါအဝင်ဖြစ်သည်။ သို့ရာတွင် ပြန်သင့်ပြန်ထိုက်သည့် အခြေ အနေအချိန်အခါ ရှိပြီလားဟု သုံးသပ်ရန် လိုပေသည်။ ကိုယ့်သဘောနှင့်ကိုယ် ပြန်သွားသူများ ရှိသော် လည်းကျနော့်အနေနှင့်

၁။  နိုင်ငံရေး အကျဉ်းသားများ မလွှတ်မြောက်မချင်း၊

၂။ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုလူတန်းစားအဖွဲ့အစည်းများ လွတ်လပ်စွာ လှုပ်ရှားခွင့်၊ စည်းရုံးခွင့်၊ ဟော ပြောခွင့် မရမခြင်း
၃- အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို  မကြေညာမခြင်း

၎- တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်ဆိုင်းပြီး အခွင့်အရေးများမရမခြင်း မပြန်ဟု ဆုံးဖြတ်ထားပါသည်။
 
ထို့ကြောင့် ကျွန်ုပ်၏ ရပ်တည်ချက်ကို မြန်မာပြည်ကို ပြန်တော့မလားဟု မေးမြန်းလာသူများနှင့်တကွ အပေါင်း အသင်း ရောင်းရင်းမိတ်ဆွေများအားလုံးကို တင်ပြလိုက်ပါသည်။



8 comments :

Anonymous said...

ဟောပြောခွင့်စည်းရုံးခွင့် အဆင်သင့်ဖြစ်နေပြီးမှ ပြန်မှာတဲ့လား။ အော်အော် တရားကျစရာလူတွေပဲ။ မလွတ်လပ်ခင်၊ ပိတ်နေတဲ့ ကာလမှာ တတတ်တအားလုပ်ဖို့ ပြန်လာပါ့မယ်ဆိုတဲ့
စကားယောင်လို့တောင်မဟရဲဘူး။ ကိုပေါ်ဦးတို့ ချီးကျွေးရမယ်။ ဒီလူတွေက တိုင်းပြည်ကို တကယ်ချစ်တာ။ အပြင်ကနေ ဆိုဖာပေါ် အငြိမ့်စားထိုင်ပြီးချစ်နေတာမဟုတ်ဘူး။

Anonymous said...

ဟားဟား စုဆောင်းထားတာမှမရှိတာဘယ်ပြန်မလဲနော်
အလုပ်ကလည်းမလုပ်ချင် ယောင်ခြောက်ဆယ်နေပြီး ထိုင်းကိုသွားလိုက်စက်ရုံတို့ ဖာရုံတို့ကကောင်မလေးတွေနဲ့ကဲလိုက် တရားမဝင်မယားလေးတွေယူလိုက်နဲ့ အဒီမှာကပိုဇိမ်ကျပါတယ်နော်...။

thant said...

နိုင်ငံ ရေး သမား နဲ.ပတ်သတ် ပြီး၊စာရေး ဆရာ
သာဓု(ခေါ်)သခင်ဖေသန်း က သာဓု အန် ဆန်းဝ
တ္တူ ထဲ တွင် ---ကူပ်တို.နိုင် ငံရေးသမားဆိုတာ
ခွေး လို ပဲ အပြင် က ခွေးနဲ.လည်းကိုက် တယ်uကိုယ် .၊ခြံထဲ က ခွေးအချင်းချင်းလည်းကိုက်တယ်။

Anonymous said...

Moe Thee Zun And Tun Aung Kyaw...
Both of you try to think positive.Doubt is very dangerous.I am not government supporter but we have to appreciate if they did good one.You should understand everything oppose what government do is not Democracy.I hope you understand.

Anonymous said...

HTUN AUND GYAW, MOE THEE GO BACK TO BURMA, IF U GUYS DON'T GO THIS TIME
U WILL BE THE COWARDS OF THE HISTORY.
STOP TALKING LIKE A KID NOT THIS, NOT THAT.U GUYS ARE OVER 40 TO 50 YEARS AGED ALREADY.IF U DON'T DO THIS TIME, THERE WILL BE NO TIME,BECAUSE THE CHANCES ARE NOW.IF U GO BACK LATER, PEOPLE WILL THINK U GUYS ARE WAITING FOR A CHANCE TO SLIP IN. DAY DREAMING TIME IS OVER. DO IT GENTLEMEN.

Anonymous said...

There were many forgotten Heroes and Politicians that the Country or the World didn't care. Because of the decisions that they made. The left overs or they let by themselves ideal and settled forcefully or unknowingly in different places.

Anonymous said...

I fully support Ko Htun Aung Gyaw stand because Thein Sein Government is not releasing any political prisoners. You guys minght be spies to criticize Ko Htun for not returning back. Why don't you join Peter Limbin and return back to Burma? Your words shown that you guys only know where to go to the brothels and think other poeple will do the same. It is a low life thinking. I respect Ko Htun for his strong commintment. Ko Htun I salute you.
Tin Naing Win (101 camp)

Anonymous said...

We are from Burma,Come back.(101 country less camp?).