သီးလေးသီး ပြန်လာတော့မယ်လို့  The Voice ဂျာနယ်မှာဖေါ်ပြထားတယ်။ ဒီဂျာနယ်က ဘယ်လိုဂျာနယ်လဲ။
ဒီဂျာနယ်က ကြံ့ဖွတ်အစိုးရနဲ့  အလိုကျသတင်းလေးတွေကိုပဲ ဖေါ်ပြနေကြဂျာနယ်ဖြစ်တယ်။ ဒီတော့
သီးလေးသီးပြည်တော်ပြန်တာကိုတခမ်းတနားနဲ့ကြိုဆိုခဲ့တာကိုဘယ်သူကခွင့်ပြုတာလဲစဉ်းစားကြည့်ဘို့လိုတယ်။
အစိုးရခွင့်မပြုဘဲသတင်းဂျာနယ်တွေကထုတ်ပြန်လို့မရဘူး၊ ပြည်သူတွေသိအောင်သတင်းဂျာတယ်တွေမှာ၊နောက်ပြီးအစိုးရပိုင်သတင်းစာတွေမှာသတင်းအဖြစ်ဝေဝေဆာဆာတွေ့ရလိမ့်မယ်စိတ်သာချ။ဒေါ်အောင်ဆန်းစုကြည်ပုံကိုပုံကြီးနဲ့ဖေါ်ပြလို့ Messenger ဂျာနယ်ဒါဏ်ထိပြီးပြီ၊ ဒါဖြင့်ရင်ဘာကြောင့်သီးလေးသီးပြည်တော်ပြန်တာကိုသတင်းဖေါ်ပြခွင့်ပြုခဲ့တာလဲ?
ရှင်းရှင်းပြောရရင် အန္တရာယ်မရှိပါဘူးပြန်လာနိုင်ပါတယ်ဆိုတာကိုတရားဝင်သတင်းမထုတ်ပြန်ဘဲနဲ့သွယ်ဝိုက်တဲ့ နည်း ကိုသုံးနေတာဘဲ၊ နောက်ပြီးဒီသတင်းကိစ္စကအစိုးရကိုအားပေးတာလေ၊ အစိုးရသဘောထားကြီးပါတယ်ဆိုတာကိုကြေငြာချင်တာဘဲဖြစ်တယ်။ဒေါ်အောင်ဆန်းစုကြည်သတင်းကတော့အတိုက်အခံကိုအားပေးတာဒါကြောင့်တတ်နိုင်ရင်
ဗျောင်ပိတ်တယ်အဓိကရည်ရွယ်ချက်ကတရားဝင်အာမခံချက်မပေးတဲ့အတွက်ဝင်လာတဲ့
သူတွေကိုဖမ်းချင်ရင် ဖမ်းလို့ရတယ်၊ တရားဝင်ထုတ်ပြန်အာမခံမထားတဲ့အတွက်ဖြစ်တယ်။ ဒီကြားထဲပြည်တော်ပြန်တွေထဲကလူသိများတဲ့သူတွေကိုရှစ်လေးလုံးတုံးကပြည်တော်ပြန် တွေကိုကြေ ငြာသလိုသတင်းစာတွေထဲမှာစာလုံးမဲကြီးတွေသုံးပြီးဖေါ်ပြအုံးမှာပြေးကြည့်
စရာမလိုဘဲမြင်ရောင်နေမိတယ်။ အစိုးရရဲ့စေတနာကိုနားလည်လို့ပြန်လာပါတယ်၊ ဆိုတာတွေကြားရအုန်းမယ်။ ဖမ်းတဲ့လူတွေကိုလဲဆက်ဖမ်းနေအုံးမယ်၊ နိုင်ငံရေးအကျဉ်းသားတွေကိုလဲလွှတ်ပေးအုံးမှာမဟုတ်ဘူး။
လူတိုင်းနီးပါးကိုယ့်တိုင်းပြည်ပြန်ချင်ကြပါတယ်၊ ဒါပေမဲ့အသုံးချခံမဖြစ်ဘို့နဲ့ထောင်ထဲရောက်မသွားမိဘို့လိုတယ်၊ ကိုယ့်ဘဝကိုရွေးကြတာဘဲလေစဉ်းစားပေါ့။ တော်လှန်ရေးရဲဘော်တွေနဲ့ အတူဆက်လက်တိုက်ပွဲဝင်တဲ့ ကိုကြယ်သီး၊ကိုပန်းသီးနဲ့ မင်းသမီးလေး မြစပယ်ငုံတို့ ကို အထူးဂုဏ်ပြုပါတယ်။
ထွန်းအောင်ကျော်
2 comments :
they did what they did inside and outside of the country. going back to their own country doesn't mean they give up.
ကျန်နေခဲ့တဲ့ Fruit တွေကို ဘာမှ ဂုင်္ဏပြုစရာမလိုဘူး သူတို့အရှုပ်တော်ပုံနဲ့သူတို့လေ ဒီမှာရောက်ပြီးဘာမှ မကြာဘူး မိန်းမယူ ကလေးမွေးထားတော့ ကစ်ပြေးဘို့ ခက်နေလို့ဆိုတာမသိချင်ယောင်ဆောင်နေကြတာလား ပြန်တဲ့လူတွေဘက်ကထောက်ခံတယ် ကိုယ့်အိမ် ကိုယ့်နိုင်ငံ ကိုယ်ပြန်တာ နိုင်ငံသားစိတ်ရှိလို့ဘဲ မပြန်ချင်တဲ့သူတွေကို အပြစ်မပြောချင်ပေမဲ့ သူရဲကောင်းလိုဘာလို ချီးကျူးနေတာတော့ တစိတ်လွန်လွန်းနေပြီ တကယ်တွေးကြည့် မပြန်ချင်တဲ့သူအများစုက ယိုးဒယား လင် ယိုးဒယားမယား ဒါမှ မဟုတ် အဖြူ လင်အဖြူမယား ဖြစ်နေကြလို့ဘဲ ထားခဲ့ပြီးပြန်လို့ရမရ ကိုယ့်လူတွေကိုယ် မေးကြည့်ကြအုံး တကယ်စိတ်ပျက်တယ် အရင်ပြန်တဲ့သူက စွန့်စားပြရတာတော့ မသိကြဘူးလား ကျုပ်နဲ့ဘာမှ မတော်ရုံမက သိတောင်မသိကြပါဘူး ဒါပေမဲ့ ယောက်ကျားကြီးတွေဖြစ်ပြီး အညှာအတာမရှိ စွပ် အပြစ်ပြောနေတာကို မြင်ပြင်းကပ်လွန်းလို့ပါ
Post a Comment