Sunday, 11 September 2011

ကြံ့ဖွတ်အစိုးရ ဗီအိုအေသတင်းထောက်ကို ပြည်ဝင်ခွင့်ဗီဇာပေး

 
ဗီအိုအေ မြန်မာပိုင်းသတင်းထောက် ဒေါ်ခင်စိုးဝင်း ရန်ကုန်မြို့ သို့ ရောက်ရှိနေကြောင်းသတင်းရရှိပါတယ်။ စစ်အစိုးရဟာ ဗီအိုအေ၊ဘီဘီစီနှင့် တခြားမီဒီယာေ တွကို ပြည်ဝင်ခွင့်ဗီဇာမပေးပဲပိတ်ထားခဲ့ပါတယ်။ ခုလို ပြည်ပအခြေစိုက် ဗီအိုအေသတင်းထောက်ကို ပြည်တွင်း ကိုဝင်ခွင့်ပြုခဲ့တာတော့ အလွန်ထူးခြားတဲ့ဖြစ်ရပ်နေဖြစ်နေပါတယ်။ 

မကြာသေးခင်ကအာအက်အေသတင်းထောက်ဟောင်းဦးစိန်ကျော်လှိုင်ပြည်တွင်းကို ပြန်သွားတာကိုတော့
ဖမ်းဆီးခဲ့ကြပါသေးတယ်။ စစ်အစိုးရလူထွတ် ကြံဖွတ်အစိုးရ ကို ပြည်သူလူထုက အယုံအကြည်မရှိကြပါဘူး။ သူတို့ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်နေပါပြီဆိုတာကို ဘယ်သူမှ မယုံကြဘူးဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်စစ်အစိုးရတွေလိုပဲ သူတို့ ဟာ ခွဲခြားဆက်ဆံတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ ဥပမာ - ကချင်ကို အကြီးအကျယ်တိုက်နေချိန်မှာ ၀ ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။  ကရင် ( ဒီကေဘီအေနဲ့ ကေအင်ယူ) ကို လိုက်လံချေမှုးန်းနေချိန်မှာ မွန်ပြည်သစ်ပါတီကို စီးပွားရေးအရ လုပ်ပိုင်ခွင့်တွေ ချပေးနေပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေး ချိန်မှာ မင်းကိုနိင်နဲ့ နိင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိုဖမ်းဆီးနေဆဲ ဖြစ်ပါတယ်။ 

ဒေါ်ခင်စိုးဝင်းက သူမြင်ရတဲ့မြင်ကွင်းကို ခုလိုဆိုပါတယ်။

“ပြည်သူတွေရဲ့သဘောထားကို မပြောခင် ဒီနေ့ မင်္ဂလာဒုံလေဆိပ်ကို ရောက်တဲ့အခါ အဆောက်အဦးတွေရဲ့ အနေအထားက လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ကျမ တွေ့ခဲ့တာနဲ့စာရင် အတော်လေး တိုးတက်လာတာတွေ့ရလို့ အားတက်မိပါတယ်။ လမ်းဘေးဝဲယာ ကြည့်လိုက်တော့လည်း တိုက်တာကြီးတွေနဲ့ တော်တော်လေးကို တိုးတက်နေပါတယ်။ ကျမ ရောက်တယ်လို့ကြားတာနဲ့ လာတွေ့ကြတဲ့ ဆွေမျိုးတွေကလည်း အများကြီးဆိုတော့ စကားပြောကြတာပေါ့လေ။

ဒေါ်ခင်စိုးဝင်း မြန်မာ ပြည်ကို ပြန်ပြီး ဒဲရစ်မစ်ချဲ ခရီးစဉ်ကို သတင်းလိုက်ယူနိင်တယ်ဆိုတာကတော 
စစ်အစိုးရရဲ့  ဖိနိပ်ခွဲခြားရေးပေါ်လစီလားလို့  အမည်မဖေါ်လိုတဲ့ ၀ါရင့်သတင်းထောက်  ဦးအံတို
ကဆိုပါတယ်။ ကျနော်တို့ ရဲ့  မြေအောက်ကွန်ယက်သတင်းယူနစ်ရဲ့  ပေးပို့ ချက်အရ ဘီဘီစီသတင်း
ထောက် နှစ်ဦးလဲ ရန်ကုန်ကိုရောက်ရှိနေပါတယ်။ စစ်အစိုးရက သတင်းဌာနာတွေကို ခွဲခြားပြီး အသုတ်လိုက် ကောက်သင်းကောက် နေတာကတော့ နိင်ငံတကာကို မျက်စိလှည်၊လိမ်လည်ဖို့  သတင်းထောက်တွေကိုအသုံးချရနေတာကလွဲလို့  ဘာမှ မဟုတ်ပါဘူးလို့ သူကဆိုပါတယ်။  
 တကယ်သဘောရိုးမှန်ရင်  သတင်းလွတ်လတ်ခွင့်ပေးပါလား။ ပြည်တွင်း စာနယ်ဇင်းသမားတွေ
ကိုတော့ လွတ်လပ်စွာသတင်းယူခွင့် ထုတ်ဖေါ်ရေးသားခွင့်ပေးပါပေါ့ဗျာ လို့ သူကဆိုပါတယ်။ 

ရန်ကုန်ပြန်  ဒေါ်ခင်စိုးဝင်း ရဲ့ သတင်းပေးပို့ ချက်ကို တိုက်ရိုက်ဖတ်ရှု့ လိုပါက- 

1 comment :

Anonymous said...

khin Soe Win father is colonel Tun Aung Kyaw.