ဦးပီတာလင်းပင် ပြန်သွားတဲ့အပေါ် ကျနော်တို့ သဘောထား
by Moethee Zun on Monday, September 26, 2011 at 9:18pm
နေသစ်
- ၁၉၉၀ ရွေးကောက်ပွဲမှာ မေမြို့ မဲဆန္ဒနယ်က
နေအရွေးကောက်ခံရတဲ့အမတ်ဦးပီတာလင်းပင် က မြန်မာ ပြည်ပြန်သွားပါတယ်။
သူကအင်တာဗျူးတခုမှာ ကိုမိုးသီး၊ကိုထွန်းအောင်ကျော်တို့ နဲ့ တိုင်ပင်ပြီး
ပြန်သွားတဲ့ပုံစံပြောနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။
မိုးသီး- သူမပြန်ခင်က ကျနော်တို့ ကိုတင်ပင်တယ်။ ကျနော်တို့ က သူအမြင်မှားတွေဖြစ်နေတာကို စေတနာနဲ့ ဆွေးနွေးပေးကြပါသေးတယ်။ သူက မရဘူး။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်အုပ်စုလည်းနားလည်မှုရှိနေပြီ။ သူတဦးခြင်းအနေနဲ့ ဒါကိုထောက်ခံတယ်။ ဒါကြောင့်သူပြန်မယ် လို့ ဆိုပါတယ်။ ကျနော်တို့ လဲသူကို ဖြောင်းဖြဆွေးနွေးပါသေးတယ်။ သူပြန်တာကိုကျနော်တို့ လက်မခံပါ။ မထောက်ခံပါ။ သူပြန်သွားတာဟာသူဆန္ဒပဲ။ သူရပ်တည်ချက်ပဲ။သူကိုကျနော်တို့ ဘာတာဝန်မှမပေးလိုက်ဘူးဆိုတာကိုပြောချင်တယ်။
နောက်တခုကျနော်ပြောချင်တာက စစ်အစိုးရက ၈၈ နောက်ပိုင်းထွက်သွားသူတွေပြန်လာပါ။ နောက်တော့ခံကတိပြုလုပ်ရမယ်လို့  ဆိုတာတွေလဲဖြစ်လာပါတယ်။ ဘာတွေပဲဖြစ်ဖြစ်
မူမရှိပဲ ပြန်သွားတာတွေဟာ လက်နက်ချတာပဲလို့ ကျနော်တို့ ခံယူတယ်။ ပြန်ချင်တဲ့သူပြန်နိင်တယ်။
ကျနော်တို့ အနေနဲ့ 
နိင်ငံရေးအကျဉ်းသားတွေလွတ်ပေးရမယ်။
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရမယ်။
တိုင်းရင်းသားဒေသတွေကို စစ်ဆင်ရေးလုပ်နေတာတွေကိုရပ်ဆိုင်းရမယ်။
ပြည်သူလူထုအပေါ်မှာလူ့ အခွင့်ရေးချိုးဖေါက်နေတာတွေကိုရပ်ဆိုင်းရမယ်။
ဧရာဝတီမြစ်ကို သတ်ပြီး တရုတ်ပြည်ကိုရောင်းစားနေတာကိုရပ်ဆိုင်းရမယ်။
စီးပွားရေးမှာ စစ်ဗိုလ်ချုပ်နဲ့ ခရိုနီတွေ က လက်ဝါးကြီးအုပ်လုပ်ကိုင်နေတာတွေကိုရပ်ဆိုင်းရမယ်။
ဒါတွေကိုမရပ်ဆိုင်းပဲ ဘယ်သူနဲ ဆွေးနွေးနွေး ဘာတွေပဲတိုးတက်တိုးတက် ၊ ဘယ်နိင်ငံတကာအဖွဲ့ စည်းက ပဲ တိုးတက်ပြောင်းလဲမှုတွေဖြစ်နေပြီပြောပြော။ ကျနော်တို့ မယုံဘူး။ ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်။ နည်းလမ်းပေါင်းစုံ နဲ့ တိုက်ပွဲဝင်နေဦးမှာပဲဖြစ်ပါတယ်။
9 comments :
ခွေးဖြစ်မယ့်"ဦးပီတာလင်းပင်"
တကယ်တော့ ဒီအချိန် ကိုမိုးသီးဇွန်တို့ အနေနဲ့ ပြည်တွင်း
ပြန်ဝင်ရဲရင်တော့ ၀င်ဖို့ အကောင်းဆုံးအချိန်ပေါ့ဗျာ။
ငါပြန်လာခဲ့ မယ် ဆိုတဲ့ စာသားကို
ကျနော်တို့ မှတ်မှတ်ထင်ထင်ရှိပါတယ်။
ဒါပေမယ့်
နိင်ငံရေးအကျဉ်းသားတွေလွတ်ပေးမှ
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာမှ
တိုင်းရင်းသားဒေသတွေကို စစ်ဆင်ရေးလုပ်နေတာတွေကိုရပ်ဆိုင်းတော့မှ
ပြည်သူလူထုအပေါ်မှာလူ့ အခွင့်ရေးချိုးဖေါက်နေတာတွေကိုရပ်ဆိုင်းရမှ
ဧရာဝတီမြစ်ကို သတ်ပြီး တရုတ်ပြည်ကိုရောင်းစားနေတာကိုရပ်ဆိုင်းရမှ
စီးပွားရေးမှာ စစ်ဗိုလ်ချုပ်နဲ့ ခရိုနီတွေ က လက်ဝါးကြီးအုပ်လုပ်ကိုင်နေတာတွေကိုရပ်ဆိုင်းရမှ
ပြန်ခဲ့မှာဆိုရင်တော့ ငါ ပြန်မလာတော့ဘူး ဟေ့
လို့ ပြောလိုက်တာ က လေကုန်သက်သာပါ
လိမ့်မယ်။
ကိုမိုးသီးဇွန်ကို အကြံပြုချင်တာက
အခုလိုဦးထုပ်ကြီးတလုံးဆောင်းပြီးလျှောက်သွား
တာထက်စာရင် အေဘီမှာ ပြန်တာဝန်ယူ
သင့်တယ်လို့ ထင်ပါတယ်/
ဒါမှမဟုတ်လည်း အခုအချိန်ပြည်တွင်းပြန်ဝင်သင့်ပါတယ်။
For some one, the fun has done
The other one, keeps the run
It depends on the game, that takes time. Let me say in Bob Dilon way
May your hands always be busy
May your feet always be swift
May you have strong foundation, when
the winds have change. Shift.
why don't you show my post,
are you afraid....of someone???
ppppppppppp ttttttttttaaaaaaa
I suppose Moe Thee Zune remain outside until our country is free from junta.
maymyothar: ကိုမိုးသီးက မေမြို့ကိုယ်စားလှယ် ဦးပီတာပြန်တဲ့အပေါ်သူ့အမြင်ပြောသွားတယ်။ကျွန်တော်တို့ကတော့ ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်။ ကိုမိုးသီး တိုက်ပွဲဝင်လိုက်တာ ဗမာပြည်ကြီး တအားပြောင်းသွားပြီဗျို့။
maymyothar: ကိုမိုးသီးက မေမြို့ကိုယ်စားလှယ် ဦးပီတာပြန်တဲ့အပေါ်သူ့အမြင်ပြောသွားတယ်။ကျွန်တော်တို့ကတော့ ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်။ ကိုမိုးသီး တိုက်ပွဲဝင်လိုက်တာ ဗမာပြည်ကြီး တအားပြောင်းသွားပြီဗျို့။
U Peter Linn Pin is right and MT (MF) should listen to the PLP's interviews with medias.
Post a Comment