ဒန်ဒလွန် ရွက်၊ အသီး တွေက အေအိုင်ဒီအက်စ် ကိုကာကွယ်တယ်။ အဟာရရှိတယ်။ အာဖရိကမှာလူတွေစိုက်ပျိုးစားသောက်လာတာကိုတွေ့ ရပါတယ်။ဒန်ဒလွန် မှာဗီတာမင်အေနဲ့  သံဓါတ်တွေပါတယ်လို့ ဆိုတယ်။ အမေရိကန်မှာ ကလေးမွေးကင်တွေကို အစိုးရက အိုင်းယွန်းနဲ့ကယ်လဆီယမ်ကို မထိုးမနေ ထိုးပေးတဲ့ဓါတ်တမျိုးဖြစ်ပါတယ်။ သံဓါတ်က ဦးဏှောက်ဖွင့်ဖြိုးစေဖို့  ၊ကယ်လဆီယံက လူကိုထွားကြိုင်းစေဖို့ ဖြစ်တယ်။ ဒန်ဒလွန်ထဲမှာ သံဓါတ်အလွန်များတယ်။ ဒါအပြင် ပိုတက်ဆီယက်ပါပါနေတယ်လို့ ဆိုတယ်။ ပိုတက်ဆီယံက ဓါတ်ကို ငှက်ပျော်သီးတမျိုးကပဲ ရနိင်တာဖြစ်ပါတယ်။
အဟာရအလွန်ရှိတာကိုတွေ့ ရှိလာတဲ့နောက်ပိုင်းမှာ ဟာဝိုင်ယီကျွန်းသားတွေလည်း ဒန်ဒလွန်ကိုအကြီးအကျယ်စားသုံးလာကြတယ်။ မြန်မာ ပြည်မှာဒန်ဒလွန်ပင်ကိုနေရာအနှံမှာစိုက်ပျိုးလို့ ရတယ်။မိခင်တွေကိုယ်ဝန်ဆောင်ချိန်မှာ အရွက်ကိုဟင်းချိုလုပ်ကြတယ်။ဒန်ဒလွန်က အဖြစ်မြန်တယ်။ ၂ နစ်အတွင်းမှာ ပေ ၂၀ အထိတက်တယ်။ အာဖရိကနဲ့ ဟာဝိုင်ယီ ကျွန်းသားတွေကတော့ ဒန်ဒလွန်ပင်ကို အတက်မခံပဲ ။ ၃ ပေ ၄ ပေလောက်ပဲထားတယ်။ ဖြတ်ပေးတယ်။ အရွက်တွေ လှိုင်လှိုင်တက်လာတာကို အားပါးတရခူးစားတယ်။ ဒန်ဒလွန်ရွက်ကိုအမှုန့် လုပ်ပြီး ဟန်ဘာကာထဲပါဖြူးစားကြတယ်။ အစာလည်းဆေးလးအစာ သဘောဖြစ်လာတယ်။ မြန်မာ နိင်ငံလိုအဟာရပြတ်တောက်နေတဲ့နိင်ငံမှာ ဒန်
ဒလွန် ပင်ကိုပိုမိုစိုက်ပျိုး တာ စားသုံးတာခြင်းဟာ အကျိုးများမယ်။ သွေးတိုးသမားတွေအတွက်လည်းသင့်
တောတယ်။ သွေးကြ တတ်တဲ့ဝေဒနာရှင်တွေကတော့ဆရာဝန်နဲ့ တိုင်ပင်ပါ။
အိနယလူမျိုးတွေက တော့ဒန့် ဒလွန်အသီးဟာ ယောက်ကျားတွေကိုအတွက် တယ်ကောင်းဆိုပဲ။ အိနယက အိမ်ရှင်မတွေ ဈေးအပြန် ဒန်ဒလွန်သီး ကိုဈေးခြင်းထဲမှာ ထည့်ပြီး ပြန်လာရင် အိမ်နီးခြင်းတွေက ပြုံစိစိနဲ့ တောင်ကြည့်ကြတယ်ဆိုပဲ။ ကိုဒန့် ဒလွန် သီးရဲ့  အာနိသင် ကြောင့်ပေါ့။

1 comment :
Moringa Tree ကိုထားဦး ယနေ့ မွေးစကနေ အသက် ၅၀ကျော်အရွယ်ရှိနေတဲ့မြန်မာပြည်သားတွေ
မြန်မာမျိုးရင်း ပေပင်ကိုဘယ်နှစ်ယောက်မြင်ဘူးလဲ။
ဘယ်နှစ်ပင် မြန်မာပြည်မှာ လက်ရှိ ရှိနေသေးလဲ။
သတင်းပေးလိုက်မယ်၊ဧရာဝတီမြစ်ကမ်းနဖူး၊
မြင်းခြံခရိုင်၊ရန်တပိုရွာမှာ တပင်ကျန်နေသေးတယ်။
ဧရာဝတီမြစ်သေသွားရင် ပေပင်ကြီးလည်းသေရတော့မယ်။
ကိုမိုးသီးလည်း ပေပင်ကိုမြင်ဘူးလား
ကိုကြီးကောင်း
Post a Comment