Thursday, 6 October 2011

ဘုရားသုံးဆူနဲ့ ကော့ကရိတ် အနီးဝန်းကျင်းက တိုက်ပွဲ ၂ ပွဲ

ဘုရားသုံးဆူဒေသ တဒိန်ရွာနဲ့ သံဖြူဇရပ်အကြားရှိ တဒိန်းရွာချောင်းနေရာမှာ ကြံ့ဖွတ်အစိုးရစစ်တပ် စကခ ၅ လက်အောက်ခံ ခမရ ၅၄၃ တပ်ရင်းကို ဒီကေဘီအေ ၉၀၂ တပ်ရင်းမှ တပ်ခွဲ့မှူး ဗိုလ်ကြီးအေဝမ်း ဦးစီးတဲ့ တပ်ဖွဲ့တွေက ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ လောက်ကြာခဲ့ပြီး ကြံ့ဖွတ်အစိုးရ စစ်တပ်ဘက်မှ ၂ ယောက်ဒဏ်ရာရပြီး ၂ဦး သေးဆုံးတယ်လို့ သိရှိရတယ်။

အလားတူ ဒီကနေ့ နေ့လည် ၁၁ နာရီဝန်ကျင်လောက်က ကော့ကရိတ်မြို့အနီး နန်ရွှေမိတ်ရွာနဲ့ မဲဖာလဲ့ရွာကြားမှာ ကြံ့ဖွတ်အစိုးရစစ်တပ်နဲ့ ဒီကေဘီအေ ကလိုထူးဝါးဗျူဟာမှ ဗိုလ်ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေ အချိန်တနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲရဲ့ ထိခိုက်သေဆုံးတာတွေကိုတော့ မသိရှိရသေးပါ။ (နေ့သစ်)

No comments :