Friday 14 October 2011
ဦးစိန်ဝင်းမောင်လိမ်ပြောတယ်တဲ့
ကိုမင်းကိုနိုင် အမနဲ့ ညီမ ကိုမင်းကိုနိုင်ဆီကို ထောင်ဝင်စာသွားတွေ့ တော့ ( အဲဒီလို သတင်းတွေထွက်နေတယ်။ ထောင်ထဲကနေ အဲဒီလိုပြောလိုက်လား )လို့  ကိုမင်းကိုနို်င်ကို သူ့ အမတွေက တွေ့ တွေ့ ခြင်းမေးတော့ ချက်ခြင်း သူငိုင်သွားတယ် သွေးတက်သွားတယ်လို့ ပြောပါတယ်။ သူဒီလို လုံးဝ မပြောလိုက်ဘူးလို့  ပြန်ပြောလိုက်ပါတယ်တဲ့။
သူ့ အမတွေ ညီမတွေက သူ့ မောင်ဒီလိုမပြောခဲ့ဘဲ ဦးစိန်ဝင်းမောင် လိမ်ပြောခဲ့တာတွေအတွက် ၀မ်းနည်းပြီး ငိုကြတယ်လို့  သတင်းရပါတယ်။ 
5 comments :
ဟိန်းဇော် said...
မဲလိမ်ပြီး တက်လာတဲ့ သမ္မတ ကို ဖားပြီး အခွင့် အရေးတောင်းမဲ့ အစီအစဉ်နဲ့ အခုလိုလုပ်ကြံပြောတာဖြစ်နိုင်တယ်။ ကျနော်လည်း ကိုမင်းကိုနိုင်က အဲလိုပြောတယ်ဆိုလို့  တော်တော်လေးကို အံ့ သြနေခဲ့ မိတာ ကျွန်သက်ရှည်မဲ့  လမ်းကြောင်းထဲ ကျနော်တို့ လေးစားတဲ့  ကျောင်းသားခေါင်းဆောင်တစ်ယောက်က အခုလို တွန်းပို့ ရက်မှာ မဟုတ်ဘူးလို့ လည်း တွေးမိပါတယ်။ လတ်လတ်ဆတ်ဆတ် အတူနေခဲ့ သူက ပြောတာဆိုတော့ မယုံချင်ယုံချင်တော့ ဖြစ်နေတာပေါ့။ အခုတော့ ဦးစိန်ဝင်းမောင်(လူလိမ်) အဲလို ဘွဲ့ ပေးလိုက်တော့မယ်။
Anonymous said...
ဖွပြန်ပြီ။
Anonymous said...
They are dividing the opposition. They want tit to weaken. Prisoners release is mostly for their advantage.
Please beware. Do not post before verified. it weaken the spirit. there are too many rumors on internet these days and many are designed to spread propaganda.
laminlay said...
Ko Min Ko Naing's sisters didnot cry they wanted to clear message that's why they asked him. They are very cool family and support their brother. Min Ko Naing (Ko Paw) has never changed their view.
laminlay said...
Ko Min Ko Naing's sisters didnot cry they wanted to clear message that's why they asked him. They are very cool family and support their brother. Min Ko Naing (Ko Paw) has never changed their view.