Tuesday 25 October 2011

ဗုံးကွဲခြင်း သတင်း

မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား

မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) အနီးတွင် ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က တောင်ဥက္ကလာ ဘေလီတံတာဘက်မှ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံအောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ရာ အဆိုပါ ယာဉ်၏ ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

1 comment :

Anonymous said...

ွှအမျိုးမည်မသိ မဟုတ်ပါဘူးဗျာ။ ဂစ်အိုးကွဲတာပါ။ စွမ်းအင်ဝန်ကြီးဌာနကို ပြည်သူတွေကို ဂတ်စ်အိုး ဆင်ပေးလိုက်ပါလို့ပြောတာကို ဘယ်လိုဖြစ်လို့ ဗုံးတွေဆင်ပေးလိုက်လဲမသိဘူး။ အဲလိုဗုံးဆင်ထားတဲ့ ကားတွေ အများကြီး၇ှိသေးတယ်ဗျို့ ၇င်လေးတယ်။ မကြားချင်တာတွေ ကြားနေ၇အုံးမယ်ထင်တာဘဲ။