တော်လှန်ရေးဆိုတာ အခြေနေတခုကို သိသာထင်ရှားပြီး ထင်သာမြင်သာအောင်လို့ တခါ တည်း အချိန်တိုအတွင်း အပြောင်းလဲကြီးကြီးဖြစ်အောင်လို့ လုပ်ပစ်လိုက်တာဘဲ။ ရှင်းရှင်းလင်း လင်းပြောရရင် အဟောင်းကိုခြေမှုန်းပြီး အသစ်ကိုအစားထိုးချင်တာပါဘဲ။ ၂၀၀၈ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတိုက်ဖျက်ပြီး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖွဲ့စည်းပုံအခြခံဥပဒေကို အစားထိုးဖို့ပြောတာ ဖြစ်ပါတယ်။
စစ်တပ်ဦးဆောင်အစိုးရစနစ်ကိုတော်လှန်ပြီး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုချင်တယ်ဆိုရင် စိတ်ဓါတ်ကိုဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ထိုက်တန်အောင် လုပ်ရမယ်။ ဒီမိုကရေစီနဲ့တိုင်းရင်းသားအရေးတို့ဖြင့် မသင့်လျော်တဲ့ စိတ်ဓါတ်နဲ့အပြုမူတွေ (တော်လှန်ရေးနဲ့မကိုက်ညီတဲ့ အတွေးအခေါ်နဲ့ အမြင်သဘောထားတွေကို) ကပြောင်းကပြန် ဖြစ်အောင်လုပ်ပြီး တော်လှန်လိုက်ရပါမယ်။ မိမိကိုယ်က ရှင်းလင်းတဲ့တော်လှန်စိတ်ကို ဆုပ်ကိုင် ပြီး၊ ဖိနှိပ်ပိတ်ပင်တားဆီးမှုကို တော်လှန်ဖို့အတွက် အဆင်သင့်ဖြစ်နေရမယ်။ စိတ်ဓါတ်နဲ့အတွေး အခေါ်ကို တည်ဆောက်ပြီးပြီဆိုရင် တော်လှန်ဖို့နည်းလမ်းပေါင်းစုံရှိတယ်။ နည်းလမ်းပေါင်းစုံထဲက ကြိုက်ရာတန်ရာကိုရွေးပေါ့။ ကိုယ်ယုံကြည်တဲ့နည်းလမ်းကိုသုံး၊ အခြားနည်းလမ်းတွေကို မကန့် ကွက်နဲ့။ နည်းလမ်းပေါင်းစုံရှိတယ်။ နိုင်ငံရေးနည်း၊ စစ်ရေးနည်း၊ သံတမန်ရေးနည်း စသည်တို့ ဖြစ်ပါတယ်။
ဘယ်နည်းသုံးမယ်မသုံးဘူး၊မိမိဆန္ဒနဲ့မဆိုင်ဘူး။ရန်သူကပြဋ္ဌာန်းပေးလိမ့်မယ်။ ရန်သူ ကသွေးခွဲဖိနှိပ်ထားတယ်။ ပထ၀ီတွေ ခွဲခြားတယ်။ တောင်ပေါ်မြေပြန့်၊ တောနဲ့ မြို့ ခွဲတယ်။ လူမျိုး တမျိုးချင်း ခွဲခြားအုပ်ချုပ်ထားတယ်။ အုပ်စိုးသူဘက်မှ ဖိနှိပ်အုပ်ချုပ်ပုံခြင်းလည်းမတူဘူး။ ဖိနှိပ်ခံရ တဲ့ဒေသ၊ ဖိနှိပ်ခံရတဲ့လူမျိုး၊ ဖိနှိပ်ရက်စက်ခံရတဲ့ပုံစံ (နှုတ်နဲ့လား။ ဥပဒေနဲ့လား။ ဒုတ်နဲ့လား။ ဓါးနဲ့လား။ သေနပ်နဲ့လား) တန်ရာတန်ရာအတိုင်း တန်ပြန်ပြီး ထိုက်တန်တဲ့နည်းလမ်းအတိုင်း ဒေသခံလူထုက တန်ပြန်တောင်းဆိုလာပါလိမ့်မယ်။ ထိုကြောင့် သေနပ်နဲ့ ဖိနှိပ်ရက်စက်အုတ်စိုးတယ်ဆိုရင်တော့ အုပ်ချုပ်အုပ်စိုးတဲ့သူရဲ့ တာဝန်ဘဲ။ တရးသော ခုခံတော်လှန်တဲ့ လူမျိုးစုံလူထုမှာ တာဝန် လုံးဝ (လုံးဝ) မရှိပါဘူး ။
(၁) နိုင်ငံရေးနည်းကတော့ လူထုရဲ့တောင်းဆိုမှုနဲ့ လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲ လူထုအင်အား ကို အခြေခံပြီး (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးရေး၊ ဘာသာရေး) တို့ကို လူထုနဲ့အတူ စစ်အုပ်စုနဲ့မပူးပေါင်းမဆောင်ရွက်ခြင်း၊ ၀င်ရောက်စွက်ဖက်ခြင်း၊လူထုကမနာခံခြင်း၊ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ခြင်း၊ယှဉ်ပြိုင်ခြင်း(ယှဉ်ပြိုင်အစိုးရဖွဲ့စည်း ခြင်း)၊ လူထု အဓိကလူ့အဖွဲ့ အစည်းများထူထောင်ဖွဲ့စည်းခြင်းများဖြစ်ပါတယ်။ လူထုနည်းကတော့ အများကြီးပေါ့။ အတိုင်း ထက်အလွန်ပေါ့။ ဒီနေရာမှာ လူထုအင်အားကိုအခြေခံပြီး စေ့စပ်ဆွေးနွေးတာဟာလဲ စားပွဲဝိုင်း တိုက်ပွဲ နိုင်ငံရေးနည်းတရပ် ဖြစ်ပါတယ်။
(၂) စစ်ရေးနည်းကိုသုံးရင် ခေတ်အဆက်ဆက်အစိုးရနဲ့ ဦးသိန်းစိန်တို့ စစ်တပ်ဦးဆောင်အစိုးရမှာ လုံးဝ(လုံးဝ) တာဝန်ရှိတယ်။စစ်ဆိုတာပဋိပက္ခကိုဖြေရှင်းရာမှာနိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့မရတဲ့နောက်ဆုံးစစ်ရေးနည်းနဲ့ဖြေရှင်းကျင့်သုံးတဲ့ အမြင့်ဆုံးတိုက်ပွဲသဏ္ဌာန်ဘဲ ဖြစ်တယ်။ လူမျိုး အချင်းချင်း (သို့) နိုင်ငံရေးအုပ်စုအချင်းချင်းအကြား ဖြစ်ပေါ်နေတဲ့ပဋိပက္ခဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတဲ့နောက်ဆုံး တခုသောအဆင့်ကို ရောက်တဲ့အခါ ဒီပဋိပက္ခကိုဖြေရှင်းဖို့အတွက် စစ်ဖြစ်တာဘဲ။ စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်ဘဲ။ ဒီသဘောအရ စစ်ဆိုတာ နိုင်ငံရေးဘဲဖြစ်တယ်။စစ်ကိုယ်၌ကနိုင်ငံရေးရဲ့ပြုမူချက်ဖြစ်တယ်။ရှေးပဝေသဏီကတည်းကနိုင်ငံရေးလက္ခဏာမပါတဲ့စစ်ဆိုတာ မရှိဖူးပါ။ ဒါကြောင့် နိုင်ငံရေးဟာ သွေးမထွက်တဲ့စစ်ပွဲဖြစ်ပြီး စစ်ဆိုတာ က သွေးထွက်တဲ့နိုင်ငံရေး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
စစ်ကို နှစ်မျိုးနှစ်စားဘဲ ခွဲခြားနိုင်တယ်။ တမျိုးက တရားတဲ့စစ်ပွဲဖြစ်တယ်။ နောက်တမျိုး က မတရားတဲ့စစ်ပွဲဖြစ်တယ်။ အခုမျက်မှောက်မြန်မာပြည်မှာ ကျနော်တို့ဆင်နွှဲနေတဲ့ ဒီမိုကရေစီ တော်လှန်ရေးနဲ့ အမျိုးသားတန်းတူရေးစစ်ဟာ တရားပြီး လက်ရှိ စစ်တပ်ဦးဆောင်အစိုးရဟာ မတရားတဲ့စစ်ကို တိုက်နေတာဖြစ်တယ်။ မိမိတို့က ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသားသွေးစည်းရေး၊ ဒီမိုကရေစီရေးတို့အတွက် တရားတဲ့စစ်ကိုဆင်နွှဲနေတာဖြစ်တယ်။ ဒါတွေကို ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားတွေဟာ လူမျိုးပေါင်းစုံ ပြည်သူများနဲ့အတူ ဒီမတရားတဲ့စစ်ကို တရားတဲ့(စစ်နဲ့)့ တန်ပြန်ဆန့်ကျင်ကာ တရားတဲ့အမျိုးသား တော်လှန်ရေးစစ်ပွဲကြီးကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ ဒီလိုစစ်တွေဖြစ်ရတာလည်း စစ်ဖြစ်အောင် လုပ်တဲ့ ခေတ်အဆက်ဆက်အစိုးရနဲ့ စစ်တပ်ဦးဆောင်အစိုးရစနစ်မှာ လုံးဝ(လုံးဝ)တာဝန်ရှိတယ်
စစ်အာဏာပိုင်တွေက လက်နက်နဲ့အကြမ်းဖက်ပြီး အရမ်းဖိနှိပ်လို့ လူထုကမခံနိုင်တော့တဲ့ အဆုံး လက်နက်စွဲကိုင်ပြီး စစ်ရေးနည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုတာ ဖြစ်လာတာဘဲ။ နိုင်ငံရေးနည်း နဲ့ ဖြေရှင်းလို့မရတဲ့နောက်ဆုံး စစ်ရေးနည်းနဲ့ဖြေရှင်းတာပါဘဲ။(ဥပမာ၂၀၁၁အာရပ်ကမ္ဘာကတော်လှန်ရေးများ)စစ်တိုက်ရသည့်အကြောင်းရင်းတွေကလည်း အကျိုးစီးပွားပြဿနာတွေ ဖြစ်တဲ့ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးရေး၊ ဘာသာရေး) စတာတွေပါဘဲ။
မြန်မာပြည်ရဲ့ ပြဿနာတွေကို တိုတိုပြောရရင် ဒီမိုကရေစီရေးနဲ့လူမျိုးရေး ပြဿနာပါ။ စစ်ရေးနည်း ဆိုတာက လည်း အမျိုးကိုစုံနေတာပါဘဲ။ ထိုးစစ်၊ ခံစစ်၊ လှုပ်ရှားစစ်၊ လူမျိုးတုံးစစ်၊ ပျောက်ကျားစစ်၊ အမျိုးစုံလို့ပေါ့။
(၃) သံတမန်ရေးနည်း၊ ကုလသမဂ္ဂနဲ့ နိုင်ငံများအစုအဖွဲ့တို့တွင် အခွင့်ရေးများ ပိတ်ပြီး တားမြစ် ခံရခြင်း၊ ကဲ့ရဲ့ရှုံ့ချခြင်း၊ နိုင်ငံများနဲ့ဆက်ဆံရေးကို ကန့်သတ်ခြင်း၊ နိုင်ငံတကာသံတမန် ဖြတ် တောက်ခြင်း၊ စစ်သံမှူးများမခန့်အပ်ခြင်း၊ စီးပွားရေးပိတ်ဆို့ဖြတ်တောက်ခြင်း၊နိုင်ငံတကာမှစစ်အာဏာရှင်အစိုးရအားမဆက်ဆံဘဲနေခြင်း၊နိုင်ငံဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ သံရေးတမန်နည်းနဲ့ လုပ်ခြင်းတွေဖြစ်ပါတယ်။
ဦးတည်ချက်အရ ၂၀၀၈ ဖွဲ့စည်းပုံကို တိုက်ဖို့ရှင်းပြီးဆိုရင် ဒီနေ့ သူတို့အုပ်ချုပ်ဖို့ တရားဝင် ဖြစ်ချင်တဲ့အလုပ်ကို အတိုက်အခံများကို ပူးပေါင်းဆောင်ရွက်ခိုင်းနေတာကိုသိသာတယ်။ တွေ့ဆုံ ဆွေးနွေးဟန်ဆောင်နေတာ မြင်သာမယ်။
စစ်တပ်ဦးဆောင်စနစ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကောင်ထည်ဖေါ်နေခြင်းကိုကူညီကြရန်လုပ်နေတာထင်ရှားတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်ကို ပူးပေါင်းဆောင်ရွက်စေခိုင်းနေခြင်းတို့ကို လူထုက အထင်အရှားတွေ့နေရတယ်။ ဒီမိုကရေစီနဲ့လူအခွင့်ရေး၊အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့(လုံးဝ)လုံးဝမရနိုင်တဲ့ စစ်တပ်ဦးဆောင်အစိုးရ စနှစ်အတွက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို ဦးတည်တိုက်ရ မှာဘဲဖြစ်တယ်။
အမှန်တရားအတွက် တော်လှန်တိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်သည့်အတွက် မှန်တယ် တရား တယ်ဆိုရင်၊ နည်းလမ်းပေါင်းစုံသုံးပြီး ခေါင်ဆောင်မှုနဲ့ ညီညွတ်ရေး တည်ဆောက်ထားပြီးပီဆိုရင် ဘယ်သူကန့်ကွက်မှာလဲ။ လုံးဝ(လုံးဝ)ကန့်ကွက်သူမရှိပါဘူး။ ခေါင်းဆောင်မှုနဲ့ညီညွှက်ရေးကိုပေါင်းစပ်ရယူပြီးပြီဆိုရင် တော်လှန်ရေးနည်းလမ်း ပေါင်းစုံကိုဟန်ချက်ညီညီနှင့် စစ်တပ်ဦးဆောင်အစိုးရစနစ် (အာဏာရှင်)ကိုအမြစ်ပြတ်ချေမှုန်းပြီးဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု စနစ်သစ်နဲ့ အစားထိုးအုပ်ချုပ်ဖို့ပါဘဲ။
ထိုကြောင့် စစ်တပ်ဦးဆောင်တဲ့ အစိုးရစနစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်တော့မှခေါင်းမထောင်တော့ဘဲ လူမျိုးစုံပြည်သူလူထုတရပ်လုံး အောင်ပွဲခံနိုင်မှာ ဖြစ်ပါကြောင်း အစီရင်ခံ တင်ပြလိုက်ပါတယ်။
တော်လှန်ရေးသစ္စာဖြင့်
မာနယ်ပလော
ရဲဘော်ထွန်းအောင်ကျော်
7 comments :
ပြတ်ပြတ်သားသားထောက်ခံအပ်ပါတယ်။
နေလက်
ပြတ်သားစွာထောက်ခံအပ်ပါတယ်။
နေလက်၁၀၀
့စောက် ရုး စောက် ရူး
လုပ်ချင်တာနဲ့ လုပ်သင့်တာ တခြားစီပါ။ ဖြစ်သင့်တာနဲ့ ဖြစ်နေတာလည်း တခြားစီပဲ၊
ဦးချိုရှိသောသတ္တ၀ါသည် ဦးချိုကို အားကိုးသည်။ ဦးနှောက်ရှိသောသတ္တ၀ါသည် ဦးနှောက်ကို အားကိုးသည် ထို့ ကြောင့် ဆင်ကျားတို့ထက် လူတို့ ကစွမ်းအားပိုကြသည်။
လက်နက်ရှိသူသည် လက်နက်ကို အားကိုးသည်။ လက်နက်မရှိလျှင် ဘာအားကိုးရမည်နည်း၊
Boring....same old story. too much talk and no action?
သိခြင်တာလေးတွေရှိလို့။ ကိုထွန်းအောင်ကျော် တောထဲမှာ ဘယ် လောက်ကြာကြာနေခဲ့ပါလဲ။ ကျနော် သိရသလောက် တနှစ်ပတ်ဝန်းကျင်နော်။တော်လှန်ရေးသစ်စာဖြင့်တဲ့။ မလုပ်လိုက်ပါနဲ့ တကယ်ဘဲ တောထဲမှာ ခင်ဗျားတို့နဲ့အတူ ဗဟိုကော်မီတီလုပ်ခဲ့တဲ့ ယခုထိ ဆက်လက်မိုက်နေတဲ့ ကိုဆန်နီကြီးတို့ကိုအားနာပါ။ မာနာပလောတဲ့။ တော်လှန်ရေး အောင်မြေပေါ့။ မာနာပလောတိုက်ပွဲတွေ၊ မာနာပလော နောက်ဆုံးနေ့ရက်တွေမှာ ကိုထွန်းအောင်ကျော် မရှိခဲ့ပါဘူး။ လတ်စပ်သပ်တော့ ကိုထွန်းအောင်ကျော် မာနာပလောက အမေရိကကိုး။ ခင်ဗျားသုံးတဲ့စကားလုံးလေးတွေကို အားနာပါ သောက်ပေါကြီးရာ။
အမေရိကန်နိုင်ငံမှာနေထိုင်ပြီး အခုလိုမျိုး(လေ) စာနဲ့ပဲ
တော်လှန်ရေးလုပ်နေပါတော့ဗျာ။
ပြတ်ပြတ်သားသားထောက်ခံတယ်ဆိုတဲ့သူတွေကလည်း
(လေ)စာနဲ့ပါပဲဗျာ။
ဆိုတော့ကား ရဲဘော်ထွန်းအောင်ကျော်ရဲ့ မြစ် လောက်အထိ အမေရိကန်
နိုင်ငံကနေ တော်လှန်ရေးဆက်လုပ်နေရဦးမယ်လို့ ထင်မြင်မိပါတယ်။
Post a Comment