Sunday 23 October 2011

(၃၂) ကြိမ်မြောက် ဂျပန်တွင် အခြေချနေထိုင်သည့်ဒုက္ခသည်များ ယဉ်ကျေးမှုပွဲတော်

(၃၂) ကြိမ်မြောက် ဂျပန်တွင် အခြေချနေထိုင်သည့်ဒုက္ခသည်များ ယဉ်ကျေးမှုပွဲတော်ကို တိုကျိုမြို့ Shinjuku မြို့ Shinjuku Bunka center ခန်းမတွင် ၂၃-၁၀-၂၀၁၁ နေ့တွင်ကျင်းပ ပါသည်၊ အခမ်းအနားကို နေ့လည် ၁ နာရီ မှ ညနေ ၄း၄၀ အထိ ၂ ပိုင်း ကျင်းပသည် ပထမပိုင်းတွင် စီစဉ်သူ အာရှလူမှုဖေါင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် Shinjuku မြိုနယ်အုပ်ချုပ်ရေးမှုးတို့မှ ၎င်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ တရားရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၊ UNHCR ဂျပန် ကိုယ်စားလှယ်တို့မှ နှုတ်ဆက်စကားပြောကြားပြီး ကျေးဇူးတင် မှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဆုလက်မှတ်ပေးအပ်ခြင်းကို ဒုက္ခသည် အလုပ်အကိုင်ဌာန မှ ၁ ဦး ကူညီထောက်ပံသူ ၆ ဦး စံပြအခြေချ ဒုက္ခသည် ၃ ဦး တို့ကို ပေးအပ်ပါသည်၊ ထို့နောက် ကိုယ်စားလှယ် အသီးသီးမှ နှုတ်ဆက်စကား ပြောကြားပြီး ပထမပိုင်း အစီစဉ်ကို ရပ်နားလိုက်ပါသည် ဖျော်ဖြေရေးအစီအစဉ်ကို နေ့လည် ၂း၀၀ တွင်စတင်ပါသည် ဘင်ခရာအဖွဲ့၊ ဂျပန်ရိုးရာအက (SAN BA SOU) အက ကွန်ဗင်းရှင်း ဒုက္ခသည်များ ရိုးရာအက မြန်မာ (AUN-Japan)၊ ကမ္ဘောဒီးရား၊ လာအို့စ်၊ ဗီယက်နမ်တို့မှ၎င်း ကိုဘူရီနာ ဆပ်ကပ်အဖွဲ့မှ အသီးသီးဖျော်ဖြေကြပြီး စီစဉ်သူ အာရှလူမှုဖေါင်ဒေးရှင်း ဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားပြီး မွေးရပ်မြေ (FURUSATO) သီချင်းကို သံပြိုင်သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်

News & Photo By Thar Htet (WFWW)

No comments :