Tuesday 18 October 2011

"မြန်မာ့ပြုပြင်ပြောင်းလဲရေး အမေရိကန် မေးခွန်းထုတ်"

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံတကာကို ပြောနေပေမယ့် တကယ် စစ်မှန်တဲ့ အပြောင်းအလဲလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ
ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချယ်လ်က အမေရိကန် နိုင်ငံခြားရေးဌါနမှာ မနေ့က သီးသန့် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။



မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံတကာကို ပြောနေပေမယ့် တကယ် စစ်မှန်တဲ့ အပြောင်းအလဲလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချယ်လ်က အမေရိကန် နိုင်ငံခြားရေးဌါနမှာ မနေ့က သီးသန့် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပိုပြီး ပွင့်လင်းလာတယ်ဆိုတဲ့ဘက်ကို ဦးတည်တဲ့ အပြု သဘောဆောင် တိုးတက်မှုတွေကို မြန်မာ အစိုးရဘက်က ပိုပြီး လုပ်ပြလာတယ်လို့ ထင်ရပေမယ့် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သံသယတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံမှာ အခြေခံ ပြောင်းလဲမှု တချို့ကို တကယ်ပဲ မြင်တွေ့ရတာ မှန်ရဲ့လားဆိုတဲ့ သံသယပါပဲ။ မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း အစစ်အမှန်ပေါ်ကို တကယ်ပဲ ရောက်နေပြီလား ဆိုတာ အမေရိကန် အစိုးရအနေနဲ့ မေးခွန်း ထုတ်မိပါတယ်လို့ ဒဲရက်ခ် မစ်ချယ်လ်က ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပေါ် ဖိနှိပ်မှုတွေ၊ တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ထွက်ပေါ်နေဆဲပဲလို့လည်း သတင်းထောက်တွေကို ပြောဆိုပြီး မြန်မာ အစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းသွားပါတယ်။

နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၀၀၀ နီးပါးထဲက နှစ်ရာကျော်လောက် မကြာသေးခင်က လွတ်မြောက်လာတာ၊ တရုပ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကို မြန်မာ အစိုးရဘက်က ရပ်ဆိုင်းလိုက်တာ စတဲ့လုပ်ရပ်တွေကို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ အဖြစ် ဒဲရက်ခ် မစ်ချယ်လ်က ကြိုဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက သူ့ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်း သာမက နယူးယောက်မြို့မှာ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဒဲရက်ခ် မစ်ချယ်လ်က ပြောဆိုသွားခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

2 comments :

ကိုင်ဇာဟိန်း said...

ကိုမိုးသီး ခင်များနာမည်နဲ့ စီဘောက်စ်တခုလုပ်ပေးပါလား သတင်းတွေ အမြင်တွေဖလှယ်လို့ ရတာပေါ့ဗျာ

Anonymous said...

why can't we wait a little bit more?
we already waited for more than 20 years.I think we shouldn't push the new gov too much. I think they are going to change gradually.