Monday 31 October 2011

ရေးဘေးကြောင့်ကုန်များ ကိုဈေးတင်မရောင်ရန် ထိုင်းအစိုးရအမိန့် ထုတ်ပြန်



ပစ္စည်းလှောင်ခြင်းနှင့် မတရား အမြတ်တင် ရောင်းချခြင်းမှ ကာကွယ်ရန် ထိုင်းအစိုးရ က ရေဘေး ကာလ အတွင်း မရှိမဖြစ်လိုအပ်သော ကုန်စည်များရောင်းချရန် ဈေးနှုန်းများကို အကြံပြု ကြေညာလိုက်သည်ဟု လက်ထောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖွန် ဆာရာဖောက တနင်္လာနေ့တွင် ပြောကြားသည်။

ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ၎င်း၏ ဈေးနှုန်းထိန်းချုပ် ကုန်စည်စာရင်းတွင် ရေဘေးအတွက် လိုအပ်သော ကုန်စည်များကိုထည့်သွင်းပြီးနောက်တွင် ထိုကုန်များအား သိုလှောင်ခြင်းမှ ကာကွယ်ရန် အလို့ငှာ ပြည်တွင်းကုန်သွယ်ရေးဌာနက ထိုကုန်များကို ရောင်းချသင့်သည့်ဈေးနှုန်းများကို အကြံပြုခဲ့သည် ဟု မစ္စတာ ဖွန်ကဆိုသည်။


၆၀၀ စီစီ သောက်ရေသန့်ဘူး၏ဈေးနှုန်းကို ခုနစ်ဘတ်အထက် ဈေးနှုန်းဖြင့် မရောင်းရန်လည်းကောင်း၊ ၇၅၆ စီစီ ရေသန့်ဘူးကို ကိုးဘက်ထက် မရောင်းရန်လည်းကောင်း၊ ၁.၅ လီတာဘူးကို ၁၄ ဘက်ထက် ပိုမရောင်းရန်လည်းကောင်း လက်ထောက်ဝန်ကြီးက အကြံပြုလိုက်သည်။
 

ရေးဘေးနှင့် သက်ဆိုင်သော အခြားကုန်များအတွက်အကြံပြုဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
 

နှစ်ဆယ့်ငါးကီလို သဲအိတ်တစ်အိတ်လျှင် ၄၅ ဘတ်စီ
အင်္ဂတေတုံး ၁၀ ဘတ်စီ
အသက်ကယ် အင်္ကျီ ၄၅၀ ဘတ်စီ
လူနှစ်ဦးဆန့် ဖိုင်ဘာလှေ ၄၅၀၀ ဘတ်စီ
လူလေးဦးဆန့် ဖိုင်ဘာလှေ ၆၅၀၀ ဘတ်စီ
ရာဘာလှေ တစ်စုံလျှင် ၂၀၀ ဘတ်စီ
ဂါလံနှစ်ဆယ်ဆန့် ရေတိုင်ကီ ၃၅၀ ဘတ်စီ
ဂါလံလေးဆယ်ဆန့် ရောတိုင်ကီ ၆၀၀ ဘတ်စီ
ရေ စုတ်စက် ၄၅၀၀ ဘတ်စီ
 

ရေဘေးနှင့် သက်ဆိုင်သောကုန်များကို အကြံပြုဈေးနှုန်းထက် ပိုမိုရောင်းချပါက ထောင်ဒဏ် ခုနစ်နှစ် ကျခံပြီ ငွေဒဏ် ၁၄၀ ၀၀၀ ဘတ် ပေးဆောင်ရမည်ဟု မစ္စတာ ဖွန်ကဆိုသည်။ တိုးမြင့်လာသော လိုအပ်ချက်များကို ဖြည်ဆည်းရန်နှင့် အမြတ်ကြီးစား ကုန်သည်များ ဈေးမကားနိုင်စေရန် နိုင်ငံမြောက်ပိုင်း အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ရေသန့်ထုတ်သူများကို ရေဘေးသင့် ဗဟိုလွင်ပြင်ဒေသသို့ တတ်နိုင်သရွေ့ တင်ပို့ရန် ညွှန်ကြားထားသည်ဟု မစ္စတာ ဖွန်က ပြောကြားသည်။

ကြက်ဥများ ပြတ်လတ်လျက်ရှိသည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း မဟုတ်မှန်ဟု ဥစားကြက်မွေးမြူသူများအသင်းက ပြောကြားသည်။ ရေဘေးကြောင့် ဥစားကြက်ခြံ ငါးရာခိုင်နှုန်းသာ ပျက်ဆီးသည်ဟု သိရသည်။


ရေဘေးသတိပေးကြေညာချက်များကြောင့် ထိတ်လန့်တကြားဖြစ်ကာ ကြက်ဥများ စုဆောင်းခြင်းကြောင့် ကြက်ဥပြတ်လတ်သည်ဟု ထင်ဖွယ်ဖြစ်ခဲ့ကြောင်းကို ဥစားကြက်မွေးမြူသူများအသင်း ဥက္ကဌ မနော့ ကျူတက်တက်က ရှင်းပြသည်။


တစ်နေ့လျှင် ကြက်ဥ ၂၈ သန်းနှင့် ၂၉ သန်းကြား ထုတ်လုပ်နိုင်သော ဥစားကြက်ခြံများမှာ ပြဿနာ အနည်းငယ်သာ တွေ့ကြုံရကြောင်း သိရသည်။


ကြက်ခြံတချို့တွင် ဥစားကြက်များ သေဆုံးခဲ့သော်လည်း ကြက်မွေးမြူသူများက အချိန်မှ ဖယ်ရှားခဲ့သဖြင့် ဆုံးရှုံးမှု နည်းပါးခဲ့ကြောင်း သိရသည်။


ကြက်ဥတစ်ဥလျှင် ပေါက်ဈေး သုံးဘတ်ရှိကြောင်း သိရသည်။ 


Sandah Aung

No comments :