Saturday 8 October 2011

ဦးစိန်ကျော်လှိုင် ကြေညာချက်


ကျွန်တော် အဖမ်းမခံရပါ လေယာဉ်နဲ့ ရန်ကုန်မပြန်ပါ
ဧရာဝတီသတင်းဌာန၏ သတင်း မှားယွင်းကြောင်း ဦးစိန်ကျော်လှိုင်ထုတ်ပြန်

RFA (Radio Free Asia) သတင်းထောက် ဦးစိန်ကျော်လှိုင် ရန်ကုန်လေဆိပ်တွင် အဖမ်းခံရပြီး အောင်သပြေ စစ်ကြောရေးစခန်းတွင် အစစ်ဆေးခံနေရသည်ဆိုသည့် ၂၀၁၁ ခု စက်တင်ဘာ ၆ ရက်နေ့စွဲပါ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီသတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့်သတင်း လုံးဝမှားယွင်းကြောင်း ဖြေရှင်း အသိပေးအပ်ပါသည်။
·       RFA သတင်းထောက် ဦးစိန်ကျော်လှိုင်သည် RFA မှာ တာဝန်ထမ်းဆောင်ချိန်မှ ယခု သတင်းထုတ် ပြန်ချိန်ထိ မည်သည့် လေကြောင်းခရီးစဉ်နှင့်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ သွားရောက်ခဲ့ခြင်း မရှိခဲ့ပါ။   

·       ရန်ကုန်အပြန် မင်္ဂလာဒုံလေဆိပ်တွင် ဦးစိန်ကျော်လှိုင် အဖမ်းခံရသည်ဆိုသည့် ဧရာဝတီသတင်းလည်း
မှားယွင်းပါသည်။

·       ဧရာဝတီသတင်းမှာဖော်ပြသလို ရန်ကုန် အောင်သပြေ စစ်ကြောရေးစခန်းမှာ အစစ်ခံနေရသည်ဆို သည့် သတင်းလည်း မှန်ကန်မှုမရှိပါ။

·       ထို့ပြင် ဦးစိန်ကျော်လှိုင်သည် ဧရာဝတီသတင်းမှာဖော်ပြသလို မည်သည့် မြန်မာစစ်ဘက်ဆိုင်ရာ လုံခြုံ ရေးအရာရှိနှင့်မှ ညှိနှိုင်းခြင်းမရှိသည့်ပြင် မည်သည့် မြန်မာစစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိနှင့်မှလည်း အဆက်အသွယ်မရှိပါ။
၂၀၁၁ ခု စက်တင်ဘာ ၆ ရက်နေ့စွဲဖြင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ရန်ပိုင်ဆိုသူ ရေးသားသည့် (မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီး စစ်ဆေး) ဆိုသည့် သတင်းမှာ လုံးဝအခြေအမြစ်မရှိ- ခိုင်လုံမှု မရှိသည့် မှားယွင်းသော သတင်းတပုဒ်သာ ဖြစ်သည့်အတွက် ထိုသတင်းနှင့် ပတ်သက်ပြီး ဧရာဝတီသတင်း ဌာနမှာသာ တာဝန်ရှိပါသည်။  
ဦးစိန်ကျော်လှိုင်သည် သမ္မတ ဦးသိန်းစိန်၏ ပြည်ပရောက် မြန်မာများ ပြန်လာရန် ကမ်းလှမ်းချက် မြန်မာအစိုးရ သတင်းစာတွင်ပါသည့်ရက် ၂၀၁၁ ခု သြဂုတ်လ ၁၈ ရက် မတိုင်ခင် ရက်သတ္တပတ်အလိုကထဲက  ဘာသာရေး ကိစ္စတခုဖြင့် ခရီးလွန်နေခြင်းဖြစ်ပြီး ယခုအခါ ထိုင်းမြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းချက်ကို ယုံကြည်ပြီး ရန်ကုန်ကို လေယာဉ်နှင့်အပြန် အဖမ်းခံရသည်ဆိုသည့် ဧရာဝတီသတင်းမှားကြောင့် မိမိအပေါ် စိုးရိမ်ပူပန်ဖြစ်ခဲ့ကြသည့် ပြည်တွင်း ပြည်ပ စာနယ်ဇင်းလောကမှ လုပ်ဖော်ကိုင်ဘက်များ၊ မိတ်ဆွေ သင်္ဂဟများ၊ နိုင်ငံရေး လူမှုရေးနယ်ပယ်အသီးသီးမှ မိတ်ဆွေအပေါင်း အသင်းများ၊ ဆရာသမားများကို အထူးကျေးဇူးတင်ရှိပါသည်။  

ဦးစိန်ကျော်လှိုင်
Radio Free Asia
u.sein@live.com
၂၀၁၁ ခု အောက်တိုဘာလ ၈ ရက်

4 comments :

ကမာသူဇာ said...

ငါက စစ်သားဆိုတော့ မင်းတို့အားလုံးကိုရှင်းရှင်းပဲမေးမယ်
လီးဖြစ်နေကြတာလား။
ငါမြန်မာ့သူရဲကောင်းအားလုံးကိုလေးစားတယ်၊ ကြည်ညိုတယ်၊အားကျတယ်။
တိုင်းပြည်အတွက်၊လုမျိုးအတွက်အမှန်တကယ်ဘဝတွေ၊
အသက်တွေပေးဆပ်နေတဲ့ ညီအစ်ကိုမောင်နှမအားလုံးဟာ
ငါ့ရဲ့သုရဲကောင်းတွေပဲ။
ဒီအချိန်ဟာ ငါတို့တိုင်းပြည်ရဲ့ သမိုင်းမှာအရေးကြီးဆုံးအချိန်ကိုဖြတ်သန်းနေရတာ။
မင်းတို့စောက်လုပ်မရှိစောက်ကိုင်မရှိ ဒိုးစားပြီးအားနေရင် ကိုယ့်လီးကိုယ်ကိုင်ပြီးဂွင်းထုနေ။
ဝင်ဝင်ပြီးအာမချောင်နဲ့။
မင်းတို့လဲတစ်သက်လုံးစောက်ဖြစ်ရှိအောင်ဘာမှစွမ်းဆောင်နိုင်တာမဟုတ်ဘူး။ ပြောင်းတဲ့လူကသတ်တိရှိရှိပြောင်းဘိုကြိုးစားနေတယ်ဆိုရင် ပြောင်းချင်စိတ်လေးရှိအောင်ဖေးဖေးမမကြိုဆိုရမှာပေါ့။နဲနဲပါးပါးအချိန်လေးပေးပြီးစောင့်ကြည့်အုံးပေါ့။ မင်းတို့ဟာကရေးလိုက်ရင် မင်တို့ရေးမှပဲအားလုံးကအမြင်မှန်ရတော့မလို့လိုလို။ မင်းတို့ပဲတိုင်းချစ်ပြည်ချစ်ကြီးတွေလိုလိုနဲ့။
ဟေ့ကောင်တွေအားလုံးမှတ်ထားကြ။အမေစုကဘယ်ကောင်တွေလိမ်စားနေတယ်။ဘယ်သုတွေဘယ်လိုအနစ်နာခံပြီးလုပ်နေတယ်ဆိုတာ အကုန်လုံးသိနေပြီးသား။
မင်းတို့စောက်ရှက်မရှိစောက်ရှုးထတာတွေမြင်တိုင်း၊လိမ်စားနေတာတွေကြားရတိုင်း ကိုမင်းကိုနိုင်တို့လိုသူရဲကောင်းမိသားစုတွေကိုသနားတယ်။
တိုတိုပြောမယ်ကွာမင်းတို့လည်းဘာမှနားမလည်၊ဘာမှအဖြစ်ရှိအောင်လဲမလုပ်နိုင်တဲ့အတူတူ ပါးစပ်ပိတ်ပြီးညိမ်ညိမ်နေ။ သိပ်အားနေကြရင်ငါအပေါ်ကပြောသလိုလုပ်။
ုမြန်မာတစ်မျိုးသားလုံးကောင်းစားရေးအတွက် အားလုံးကိုခဝါချပြီး ရင်ကြားစေ့ဖို့လုပ်နိုင်တဲ့လူတွေ၊လုပ်တတ်တဲ့လူတွေ၊လုပ်လို့ရတဲ့လူတွေ၊သူရဲကောင်းတွေ အစွမ်းကုန်ကြိုးစားနေကြတယ်။
ပျက်အောင်လုပ်တဲ့ ကောင်သမိုင်းတရားခံပဲ။
ကိုယ်ဘာကောင်လည်းကိုယ့်ကိုကိုယ်သိကြ။
ရေးတဲ့ကောင်ကိုပဲပြောနေတာမဟုတ်ဘူး။
ဘလော့နာမည်တပ်ထားတဲ့ကောင်ရော၊ စောက်ပေါတွေအားလုံးကိုရောကိုပြောနေတာ။
မင်းတို့စောက်ရှက်မရှိရင်၊ ငါပြောတာတွေမှန်နေရင် ငါ့ကွန်မန့်ကိုမတင်နဲ့ ဖျက်လိုက်။

Anonymous said...

ရူးကြောင်မူးကြေင့်နဲ့ခုမှ ဘယ်ကတရေးနိုးလာလဲ ပြန်ရင်ပြန်တယ်ပေါ့ဗျာ အဲဒီသတင်းထွက်ထွက် ခြင်းခင်ဗျားဘာလို့ မဖြေရှင်းလဲ ခုမှ ဘာလုပ်တာလဲ တလကျော်ကြာမှ သောက်ရူးပဲ။ ဘာလဲဗျ ခင်ဗျားတို့က။

Anonymous said...

ဟုတ်သားပဲ... ဖြေရှင်းချက်ထုတ်တယ်ဆိုတာ ဖြစ်ပြီးပြီးချင်း အများဆုံး ရက်သတ္တပတ်အတွင်းတော့ ဖြစ်သင့်တာပေါ့။ ကိုမိုးသီး ဘလော့ဂ်မှာလည်း ဦးစိန်ကျော်လှိုင်ကို အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပြီ ဆိုတဲ့ သတင်းကိုလည်း တင်ခဲ့တာပဲ။ ကိုမိုးသီး ဘလော့ဂ်မှာ ရေးထားတာက ဦးစိန်ကျော်လှိုင် မြန်မာပြည်ပြန်သွားတာက သူ့မိခင်ကြီးနေမကောင်းလို့ စောင့်ရှောက်မယ့်လူမရှိဘူး၊ဒါနဲ့ပဲ အမေတခု သားတခု ဖြစ်တဲ့အတွက် ဦးစိန်ကျော်လှိုင်မြန်မာပြည်ပြန်သွားပါတယ်ဆိုပြီးတော့ ကိုမိုးသီး ဘလော့ဂ်မှာလည်း ရေးခဲ့တာပဲ။ ဧရာဝတီ မှာလည်း ဖော်ပြခဲ့တာပဲ။

ဘာ အခုမှ တရေးနိုးပြီး မဟုတ်ဘူးလေး...ဘာလေး နဲ့ ဖြေရှင်းချက်တွေ ထုတ်နေတာလဲ။

သူ့ဟာသူ အထဲကို ပြန်ဝင်သွားပြီး ဟိုက ဟာတွေနဲ့ ညှိလို့ အဆင်မပြေနိုင်တဲ့ အရိပ်ယောင်တွေ တွေ့လို့ ကြောက်ချေးပန်းပြီး ပြန်ထွက်လာတာမို့လား။

Anonymous said...

သူ့ဘာသူ ဘယ်အချိန်ရှင်းရှင်း ဧရာဝတီသာ သတ္တိရှိရှိရင် ဦးစိန်ကျော်လှိုင် လေယာဉ်နဲ့ ဘယ်နေ့ပြန်တယ်ဆိုတဲ့ အထောက်အထား.....ရန်သူနဲ့ ညှိတယ်ဆိုတဲ့ အထောက်အထားတွေနဲ့ စိန်ခေါ်ပီး ရှင်းရင် သိပ်ကောင်းမယ်...ဦးစိန်ကျော်လှိုင်ကလဲ သက်သေပြမှာဘဲ..ကိုယ့်ဘက်က မခိုင်ရင် ဧရာဝတီက တောင်းပန်လိုက်တာ အကောင်းဆုံးဘဲပေါ့..နော။