Thursday 27 October 2011

နိင်ငံတော်အလျူ ကြီး ။ သူတို့ စီးနေတဲ့ကားတစီဖိုးပင်မရှိပါ။


 
 
အောက်တိုဘာလ-၂၅-ရက်နေ့ က သမတ ဦးသိန်းစိန်နဲ့  အဖွဲ့ ဝင်ကြီးတွေက ပခုက္ကူမြို့ ကို လာခဲ့ ကြပြီးနောက် သြ၀ါဒတွေ ချွေကြပြီးတဲ့ နောက်သမတ-ဦးသိန်းစိန်က ရေဘေးမှာ သေဆုံးသူတဦးအတွက် အလှူငွေ ( တသောင်း - US$12 ) ခန့်  ။ ပြိုကျပျက်စီးသွားတဲ့  တအိမ်ထောင်အတွက် ပြန်လည်အိမ်ဆောက်ရန် ( ကျပ်ငွေ -တသောင်း- US$12 ) ခန့်  အလှူအဒန်း ရက်ရောခဲ့ ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက စီဒီအမ်အေ မိုဘိုင်းဖုံး ( ၅ ) လုံး ၊ ဒုတိယ၀န်ကြီးဦးအေးကြူက ဗလာစာအုပ် ဒါဇင်-၃၀၀- လှူဒန်းပေးခဲ့ပါတယ်တဲ့ ။ မကွေးတိုင်းဒေသကြီး ကုန်သည်ကြီးများအသင်းနဲ့  စက်မှူလက်မှူလုပ်ငန်းရှင်များကတော့ တအိမ်ထောင်ကို အလှူငွေ ( ကျပ်နှစ်သိန်း ၊ US$ 205 ) ခန့် ။ ပခုက္ကူမြို့ နယ်ကုန်သည်ကြီးများအသင်းက တအိမ်ထောင်ကို ကျပ်နှစ်သိန်း US$205 ခန့်  လှူဒန်းခဲ့ ပါတယ်သတဲ့ဗျား။ အားလုံးပေါင်းလိုက်ရင်သူတိုစီးနေတဲ့ကားတစီးဖိုးပင်မရှိပါကြောင်း။







3 comments :

Anonymous said...

ဘန်ကောက်မှ ရေကြီးနေပြီ ။ မြန်မာဒုက္ခသည်တွေ စားရမဲ့ သောက်ရမဲ့ ဖြစ်နေပြီ ။ သံရုံးကမှ လူမြင်ကောင်းအောင် မုန့်ဖိုးလေး ဘာလေး ပေးသေးတယ် ။ အမေစုကို အားမလိုအားမရဝေဖန်နေကြတဲ့ မိုးသီးဇွန် နဲ့ ဒေါက်တာလွန်းဆွေ တို့ ဘာလုပ်နေကြပါသလဲ ။ ထမင်းလေး တစ်နပ် ရေလေး တစ်ခွက်လောက် တောင် မကူညီနိုင် တော့ဘူးလား ။ မြန်မာပြည်မှာဖြစ်တဲ့ ကိစ္စတွေမှာတော့ ပြည်တော်ပြန်မရလို့ ဆိုပီး အပြင်ကပဲ အာဘောင်အာရင်း သန်ပြနေတဲ့ ဂုရုကြီး နှစ်ပါး ခင်ဗျာ ။ အခု ခင်ဗျားတို့ နေတဲ့ နေရာမှာ ဖြစ်နေပြီဗျ ။ ကဲ ဘာလုပ်မှာလဲ ။ မဟာနိုင်ငံေ၇း သမားကြီးများ ။ အခုကိစ္စကကော နိုင်ငံရေး မဟုတ်ပါလား ခင်ဗျ ။ ပြည်တွင်းက ဒုက္ခသည်တွေကို နာမည်ခံပြီး နိုင်ငံ တကာကနေ ခင်ဗျားတို့တောင်းထားတဲ့ ငွေတွေ ဘယ်မလဲ ။ အခုသုံးလေ ။ လုပ်ပြစမ်းပါ ။ မိုးသီးဇွန်ဘာလဲ ဘယ်လဲ ။ လွန်းဆွေ ဘာလဲ ဘယ်လဲဆိုတာ ။

Anonymous said...

ဟုတ်ပဗျာ၊သူတို့ဆီက့ဖြင့် တစ်ကျပ်တောင်ထွက်မလာပဲနဲ့

သံခဲ said...

အော်....ကိုယ့်လူတို့ကလည်း။ အရက်ဖိုးတို့ ဖာဖိုးတို့ချန်ထားရသေးတယ်လေ။
ဒါမှ အကြံကောင်းဥာဏ်ကောင်းတွေထွက်တာ။
ခွင်လွှတ်နော်.....ခွိ...ခွိ။