Tuesday 25 October 2011

ပြည်သူအတွက် အလှူတွန့်တိုတဲ့ ဒုသမတ စိုင်းမောက်ခမ်း

ပြည်သူအတွက် အလှူတွန့်တိုတဲ့ ဒုသမတ စိုင်းမောက်ခမ်း

by ခင် ရတနာ on Tuesday, October 25, 2011 at 10:26am
ပခုက္ကူရေဘေးကြောင့် သေသူတဦးကို ဦးသိန်းစိန်အစိုးရ လျော်ကြေးပေးတာ အာဆီယံထက် ၁၀ ဆနည်းနေ

လူပေါင်း ရာနဲ့ချီပီး အသက်ဆုံးခဲ့တဲ့ မကြာခင်က ပခုက္ကူရေဘေးနဲ့ ပတ်သက်ပီး ထူးခြားချက်က ဒုသမတ ဦးစိုင်းမောက်ခမ်းနဲ့အဖွဲ့က ပခုက္ကူကို ကိုယ်တိုင်လာရောက်ပီး ရေကြီးနစ်မြုတ်သေဆုံးသူ ၁၀၆ ဦးအတွက် မြန်မာကျပ်ငွေ ၉၂သိန်းကျော် လှုဒါန်းခဲ့တယ်လို့ အစိုးရသတင်းစာက ရေးပါတယ်

ဆိုလိုတဲ့သဘောက ပခုက္ကျူရေဘေးကြောင့် သေဆုံးသူတဦးကို အမေရိကန်ဒေါ်လာ ၁၀၀ လောက်နဲ့ညီတဲ့ ကျပ်ငွေ ရှစ်သောင်းကျော်သာ အစိုးရက လျော်ကြေးပေတဲ့သဘော ဖြစ်ပါတယ်။ဒါပေမဲ့ ပေးတဲ့လျော်ကြေးက ပေါ်ဆန်းမွှေး ၃ အိတ်တောင် မရနိုင်ဘဲ နည်းလွန်းနေတဲ့အတွက် သဂြိုလ်စရိတ်လောက်ဘဲ အစိုးရထုတ်ပေးတာလားလို့ ရန်ကုန်မြိုက ရှေ့နေကြေီး ဦင်္းအောင်သိန်းက ယူဆပါတယ်။

ပြည်သူတွေရဲ့ အသံနားထောင်လိုပါတယ်ဆိုတဲ့အစိုးရဟာ ပြည်သူတွေ ခုလို မရှုမလှ ရေးဘေးနဲ့ အသက်ဆုံးတာကို ဘာကြောင့် လူတယောက်ကို ကျပ်ငွေ ရှစ်သောင်းကျော်ဘဲပေးရသလဲ မေးစရာ ဖြစ်ပါတယ်။ ရေဘေးကြောင့် သေဆုံးသူ မြန်မာတဦးဟာ မဲဆောက်က မှောင်ခိုသွင်းလာပီး ရန်ကူုန်မှာ လူတွေစီးနေတဲ့ ကျပ်ငွေတသိန်းကျော်တန် ဂျပန်စက်ဘီးတပတ်ရစ်လောက်တောင် တန်ဘိုးမရှိ ဖြစ်နေတဲ့ အဓီပ္ပယ်ဖြစ်နေပါတယ်

ဒိနှစ်ရေကြီးတာဟာ မြန်မာတနိုင်ငံထဲသာမဟုတ်ဘဲ  အိမ်နီးချင်း အာရှနိုင်ငံတွေမှာပါ ရေကြီးတာဖြစ်တဲ့အတွက်ဆုံးသူတွေ အထိုက်အလျောက်ရှိခဲ့ပါတယ်။ ဒါကြောင့် အာရှအစိုးရတွေ ရေကြီးလို့သေတဲ့ သူ့ပြည်သူတွေအတွက် ဘယ်လိုလျော်ကြေးပေးလဲ ပြန်ကြည့်ဘို့လိုပါတယ်။

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပတွန်ဂွာပြည်နယ် အထက်ဒါးခရိုင် ရေဘေးကြောင်းသေဆုံးသူတွေကို တဦး အမေရိကန်ဒေါ်လာ ၁၁၅၀နဲ့ညီမျှတဲ့ ရုပီးငွေလျော်ကြေးပေးဘို့ ပြည်နယ်အုပ်ချုပ်ရေးမှုးက ဆုံးဖြတ်ခဲ့ပါတယ် ပြည်နယ်အုပ်ချုပ်ရေးမှုးဆိုတာ မြန်မာနိုင်ငံက ၀န်ကြီးချုပ်အဆငိ့နဲ့ညီတာမို့ ပခုက္ကူရေဘေးနဲ့ နှိုင်းပြောရရင် မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေလို ပုဂ္ဂ်ုလ်က ပါကစ္စတန်ရေဘေးကြောင့် သေသူတွေကို တဦး အမေရိကန်ဒေါ်လာ ၁၁၅၀နဲ့ညီတဲ့ငွေလျော်ဘို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်လဲ ဆည်ရေဖောက်လို့ ရေကြီးပီးသေသွားမဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေအတွက် အမေရိကန်ဒေါ်လာ ၁၁၅၀နဲ့ညီမျှတဲ့ ပီဆိုငွေပေးဘို့ ဥပဒေကြမ်းအမြန်တင်ပြနေပီ ဖြစ်ပါတယ် လတ်တလော ရေကြီးနေတဲ့ ထိုင်းနိုင်ငံမှာဆိုရင် ရေဘေးကြောင့် သေဆုံးသူ ထိုင်းနိုင်ငံသားတဦးအတွက် မြန်မာငွေ ၇သိန်းနီးပါးနဲ့ညီမျှတဲ့ ဘတ်ငွေ ဒါမှမဟုတ် သေသူဟာ ငွေရှာတဲ့ အိမ်ထောင်ဥိးစီးဖြသ်ခဲ့ရင် မြန်မာငွေ ၁၃သိန်းနဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေလျော်ကြေးပေးဘို့ အစိုးရကသဘောတူထားပြီ ဖြစ်ပါတယ်။

နေရာတကာ အာဆီယံစံနဲ့လုပ်ဘို့ ကြိုးစားနေတဲ့ ဦးသိန်းစိန်အစိုးရဟာ ပခုက္ကူရေဘေးကြောင့် သေဆုံးသူတွေအတွက် ဘာကြောင့် အာဆီယံနိုင်ငံတွေက လျော်သလို ဒေါ်လာတထောင်ကျော်နဲ့ညီတဲ့ မြန်မာငွေမလျော်သလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

လောလောဆည် ပခုက္ကူရေဘေးကြောင့် သေသူ ၁၀၆ ဉ်ီးအတွက် အစိုးရပေးတဲ့ ငွေပမာဏက သမတ ဦးသိန်းစိန်လစာရဲံ့ ၁ ရာနှုန်းကျော်သာရှိပီး ဒုသမတ စိုင်းမောက်ခမ်းလစာရဲံ ၂%ဘဲ ရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်တို့လစာရဲ့ ၂.၄%သာရှိပါတယ်။ တနည်းပြောရရင် သမတ ဦးသိန်းစိန်လစာက ပခုက္ကူရေဘေးကြောင့် သေဆုံးသူတဦးပေးတဲ့ငွေရဲံ ၅၇ ဆရှိသလို ဒုသမတ စိုင်းမောက်ခမ်းလစာကလဲ ပခုက္ကူရေဘေးကြောင့် သေဆုံးသူတဦးပေးတဲ့ငွေရဲ့ ၄၅ ဆ ရှိပါတယ်။

ကနေ့ ဦးသိန်းစိန်အစိုးရယူထားတဲ့ ထိပ်တန်းလစာစာရင်းကိုကြည့်ရင် သမတလစာက သိန်း၅၀ ဒုသမတ လစာက သိန်း ၄၀ ပြည်သူလွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ၃၅သိန်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ၃၅သိန်းနဲ့ တရားသူကြီးချုပ်က ၃၅သိန်းဖြစ်ပါတယ်။

ဆိုလိုတာက သမတဦးသိန်းစိန်လစာရယ် ဒုသမတ ၂ ဦးဖြစ်တဲ့ ဦးတင်အောင်မြင်ဦးနဲ့ ဦးစိုင်းမောက်ခမ်း၊ ဦးရွှေမန်း ဥိးခင်အောင်မြင့်နဲ့ တရားသူကြီးချုပ် အစိုးရထိပ်တန်း ၆ဦးပေါင်းလစာက သိန်း ၂၃၅ သိန်းရှိပါတယ် သူတို့ ၆ ဦးပေါင်းတလစာကို ပခုက္ကူရေဘေးကြောင့် သေသူ ၁၀၆ ဦးအတွက်လှုမယ်ဆိုရင်တောင် သေဆုံးသူတဦးကို ကျပ်ငွေ ၂သိန်းကျော်ထိ ရနိုင်ပါတယ်

 (အာအက်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်မှ ကောက်နှုတ်ချက်)





1 comment :

Anonymous said...

Notoriously unappreciated article on good will donation. At least they go there personally and give support as much as they can. It is obvious that So called Myanmar political activists have no kind of appreciation in any kind of circumstances. Those activists need to learn how to appreciate and how to criticize in honorable manner.