Thursday 20 October 2011

ဦးသိန်းစိန် သို့ အကြံပြုချက်


ဦးသိန်းစိန် အစိုးရအနေနဲ့  လူထုရဲ့ ယုံကြည်မှု ၊နိင်ငံတကာက တရားဝင်အသိမှတ်ပြုမှုများကို ရယူလိုလျင်
လူထုယုံကြည်တဲ့ ချစ်ခင်လေးစားတဲ့ မင်းကိုနိင်နဲ့ နိင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးပါ။ လူထုမယုံကြည်တဲ့  တင်အောင်မြင့်ဦး နဲ့  ကျော်ဆန်း ကို အစိုးရအဖွဲ့ ကနေထုတ်ပြစ်ပေးပါ။ ဦးသန်းရွှေနဲ့ သူမိန်းမ၊သူသားများနဲ့  သူမြေးကို ဖမ်းဆီးပါ လို့ တိုက်တွန်းလိုပါတယ်။ ဒါမှ ဦးသိန်းစိန်ဟာ တကယ်ပြုပြင်ပြောင်းလဲမှုကိုလိုလာသူလားဆိုတာကို လူထုက ယုံကြည်လာနိင်မှာဖြစ်ပါတယ်။ တကယ်လို့ ပြုပြောင်းလဲမှုတွေကို လုပ်လို့ မရဘူး။ အစိုးရအတွင်းက သန်းရွှေ ခေါင်းမာဂိုဏ်းသားတွေက နှောက်ယှက်နေတယ်။ ဖျက်လိုဖျက်ဆီးလုပ်နေတယ်ဆိုတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတယ်ဆိုရင် မီဒီယာကနေတဆင့် တိုင်းပြည်ကိုအသိပေးပါ။ 
ဦးသိန်းစိန် နောက်မှာလူထုက အစွမ်းကုန် အားပေးကူညီသွားမှာဖြစ်ပါတယ်။  ဦးသိန်းစိန်ဟာ ပြည်သူနဲ့ အတူရပ်တည်ပါ။ ကျဆုံးနေတဲ့သူတွေနဲ့ မပေါင်းပါနဲ့ ။ တပ်မတော်တခုလုံးဟာလည်း စိတ်ဓါတ်ရေးရာအရရော၊ အကျင့်စာရိတ္တအရရော၊ ရုပ်ဝထ္တုအရရော ပျက်ဆီးယိုယွင်းနေပြီဖြစ်ပါတယ်။ 
တပ်မတော်သားတွေကလည်း ဦးသိန်းစိန်ရဲ ပြတ်သားတဲ့ခေါင်းဆောင်မှုကို မျော်လင့်နေကြတယ်။ 

ဦးသိန်းစိန်ဟာ  ဗိုလ်ချုပ်ခင်ညွန့် လိုမဖြစ်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် ဟာသူရဲ့ အခက်ခဲကို ပြည်သူကို 
ထုတ်ဖေါ်ပြောမပြခဲ့တဲ့အတွက်အခွင့်လန်းကောင်းလက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်တယ်။ သူဟာခင်ဗျားကြုံတွေနေတဲ့အခက်ခဲတွေကိုကြုံတွေ့ ခဲ့ရတယ်။ သူဟာ ထုတ်ဖေါ်မပြောခဲ့ဘူး။ 
ထုတ်ဖေါ်မပြောရင် လူထုက ဘယ်လို ကူညီရမလဲဆိုတာကိုမသိခဲ့ဘူး။ ဦးသိန်းစိန် နဲ့ ဒေါ်စု တွေ့ ဆုံဆွေးနွေးမှုတွေကို တင်အောင်မြင့်ဦး ဂိုဏ်းက ဖျက်နေတာတွေကို ထုတ်ဖေါ်ပြောပါ။
ပါလီမာန်မှာချပြီးဆွေးနွေးပါလို့ တိုက်တွန်းလိုတယ်။ 






No comments :