ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား ၈ ဦး ဆော်ဒီတွင် ခေါင်းဖြတ် ကွပ်မျက်ခံရ
by Melven Than on Tuesday, October 11, 2011 at 6:04pm
ဒီ
နုတ်ကိုဖတ်ဖြစ်ရင် မေးချင်တာလေးတွေ ရှိပါတယ်။ ဆော်ဒီနိုင်ငံဟာ
ဘုရင်အုပ်ချုပ်တဲ့နိုင်ငံပါ။ ဒါပေမယ့် တရားစီရင်ရေးဥပဒေဟာ
တစ်ခြားဘုရင်အုပ်ချုပ်တဲ့ နိုင်ငံတွေနှင့်မတူပဲ ရှေးအလွန်ဆန်တာတွေ့ရပါတယ်။
ဟမ္မူရာဘီရဲ့ ကိုဓဥပဒေကိုတောင် ကျင့်သုံးနေသေးတယ်လို့ ယူဆရစရာတွေ
တွေ့မြင်ရပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေက ခြေတစ်ဖက်အတွက်
ခြေတစ်ဖက်ကိုပြန်ဖြတ်ခိုင်းတဲ့ တရားစီရင်ရေးမျိုးတွေ ဖတ်ဖူးပါတယ်။
သေဒဏ်ကိုတောင် ဖျေက်ဖျက်ဖို့ကြိုးစားလာကြတဲ့ ခေတ်ကြီးမှာ လူပုံအလယ်မှာ
ခေါင်းဖြတ်သတ်တဲ့ ဒီလိုဖြစ်ပုံနဲ့ပတ်သက်ပြီး ဆော်ဒီနိုင်ငံရဲ့
တရားစီရင်ရေးပေါ် အမြင်လေးတွေ မေးချင်တာပါ။ ဝေမျှပေး ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်။(မှတ်ချက် ဆော်ဒီ၏တရားစီရင်ရေးအား ပျက်ရည်ပြုခြင်းမဟုတ်ပါ။
သူ့ဥပဒေနှင့်သူမို့ လေးစားရင်းရှိပါသည်)
........................................................................................................................................................................
News Date:10/9/2011
http://www.narinjara.com/detailsbur.asp?id=3531
ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦးကို လူသတ်မူဖြင့် ဆော်ဒီအရေဗီးယားတွင် သောကြာနေ့က လူမြင်ကွင်းတွင် ခေါင်းဖြတ် ကွပ်မျက်လိုက်ကြောင်း သတင်း ရရှိသည်။
သူတို့အား ၂၀၀၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဆော်ဒီနိုင်ငံ ရီယဒ်မြို့တော်မှ အိမ်တစ်အိမ်ကို ဓါးပြတိုက်စဉ် အီဂျစ်နိုင်ငံသား လုံခြုံရေး အစောင့် တစ်ဦးကို သတ်မူဖြင့် ယခုကဲ့သို့ ခေါင်းဖြတ်ကာ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကွက်မျက်လိုက်ကြောင်းကို ဆော်ဒီမြို့တော် ရီယဒ် (Riyadh) ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံး အလုပ်သမား အတွင်းဝန် မိုဟာမတ် မိုင်ဇနုရ် ရာဟမန်က သတင်းထောက်များအား အတည်ပြု ပြောကြားသည်။
သူတို့အား ကွပ်မျက်ပြီးနောက် အစ္စလာမ်ဘာသာရေး ဓလေ့ ထုံးစဉ်လာအတိုင်း ဆော်ဒီအရေဗီးယား အစိုးရက သောကြာနေ့က မြေမြုပ်သဂြိုလ်လိုက်သည်ဟု သူက ပြောသည်။
ထိုသို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများကို သေဒဏ် စီရင်ချမှတ်ခဲ့ကြောင်းကို ဘင်္ဂလာဒေခ်ျ့ အစိုးရထံ တရားဝင် ဆော်ဒီအစိုးရမှ အကြောင်းကြားခြင်း တစုံတရာ မရှိကြောင်းနှင့် ထောင်အာဏာပိုင်များကို မေးမြန်းပြီးမှ ထိုသို့ ခေါင်းဖြတ် ကွပ်မျက်လိုက်ကြောင်း သိရကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။
သူတို့အား ရီယဒ်မြို့တော်ရှိ AI Hakam နန်းတော်အနီးရှိ တရားမျှတမူ ရင်ပြင်တွင် ကွပ်မျက်ရာ လူထောင်ပေါင်းများစွာက လာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ကွပ်မျက်ခံရသူ ဘင်္ဂလားချေ့် နိုင်ငံသားများမှာ အလုပ်သမားများ ဖြစ်ကြပြီး သူတို့အား ခေါင်းဖြတ် ကွက်မျက်မူကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူအခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့မှ ရှုတ်ချခဲ့သည်။
ဓါးပြတိုက်ရာတွင် ပါဝင်သူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား နောက်ထပ် သုံးဦးကိုမူ ထောင်ဒဏ် (၈) နှစ် (၁၃) နှစ်ထိ ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။

3 comments :
အစ္စလမ် လို့ ရေးပါတယ် ပြင်နိုင်ရင် ပြင်ရေးစေချင်ပါတယ်
ဆော်ဒီ မှာမြန်မာပြည်သား ၅ ယောက်လဲ အဲဒီလိုခေါင်းဖြတ်သတ်ခံရတဲ့သတင်းကိုရှာတင်သင့်တယ်.
Why they hate us?Learn ur self.
Post a Comment