Friday, 14 October 2011

အ၀င်ရှိရင်အထွက်ရှိမှာပေါ့

အ၀င်ရှိရင်အထွက်ရှိမှာပေါ့

by Mess Journal on Friday, October 14, 2011 at 11:52am
ကျိုင်းတုံထောင်မှာ အကျဉ်းကျခံနေရတဲ့ ၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် ကို ကျိုင်းတုံထောင်မှာ  ထောင်ဝင်စာလာတွေ့တဲ့ ကိုမင်းကိုနိုင်ရဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်နဲ့ကျိုင်းတုံမှာ သတင်းရယူရန်ရောက်ရှိနေတဲ့ The Messenger ရဲ့ အယ်ဒီတာက အခုလို
တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

M-အခု ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။
Dkkn- သူ့မှာ ဇက် ကျီးပေါင်း၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းတာ ဖြစ်နေတယ်။ နှလုံးခုန်နှုန်းကလည်း ပုံမှန်မဟုတ်ဘူး၊ အရမ်းမြန်တယ်။

M- လွတ်ငြိမ်းချမ်းသာခွင့် သတင်းထုတ်ပြန်တော့ ကိုမင်းကိုနိုင် ပြန်လွတ်လာမယ်လို့ မျှော်လင့်ထားလား။
Dkkn- ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ အများကြီးတော့ မမျှော်လင့်ထားဘူး။

M- ထောင်ဝင်စာက တစ်လတစ်ကြိမ်တွေ့တာလား။
Dkkn- တစ်လတစ်ကြိမ်တော့ မဟုတ်ဘူး။ ခါတိုင်းဆို သုံးလတစ်ကြိမ်လာတွေ့တယ်။ ဇန်န၀ါရီ၊ ဧပြီ၊ ဇူလိုင်၊ အောက်တိုဘာ သုံးလတစ်ကြိမ်၊ အရင်နှစ်တွေက တွေ့တယ်။ ဒီနှစ်ကျတော့ ရာသီဥတုကလည်း ဆိုးတယ်။ သူကလည်း ရာသီဥတုအခြေအနေကြောင့်
လာမတွေ့စေချင်ဘူး။ ပါဆယ်ပဲ ပို့ဖြစ်တယ်။ ဇန်န၀ါရီ၊ ဧပြီလ လာပြီးတော့ အခုမှ လာဖြစ်တယ်။ ကြားထဲမှာ ခြောက်လကြာသွားပြီပေါ့။

M- ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ထောင်ကဘယ်လို ကုသမှုပေးသလဲ။
Dkkn- သူတို့ ဆေးမှူးရှိတယ်။ ဖြစ်တယ်ဆိုရင်တော့  စမ်းပေးတယ်။ ခေါင်းတွေဘာတွေမူးတယ်၊ နေမကောင်းဘူးဆိုရင် ချက်ချင်းလုပ်ပေးပါတယ်။ ထောင်မှာလည်း ပုံမှန်ဆေးမှူးရှိတယ်။

M- ကိုမင်းကိုနိုင် မလွတ်မြောက်သေးတဲ့ အပေါ်မှာ မိသားစုဝင်တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါလဲ။
Dkkn- အ၀င်ရှိရင် အထွက်တော့ရှိမှာပေါ့။

M- အခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
ဒေါ်ကြည်ကြည်ညွန့်  ( မင်းကိုနိင်အမ)

6 comments :

နောင်ရိုး said...

ဒေါ်ကြည်ကြည်ညွန့် ဥပတိရုပ်က ဒေါ်စုထက်တောင်အေးချမ်းပြီး မေတ္တာ ဓါတ်ပိုများနေတဲ့  အရိမ်အရောင်ထင်ဟပ်နေတယ်။ ဒေါ်စုလို မာနတွေနဲ့ တင်းနေတဲ့ မျက်နှာမျိုးမဟုတ်ဘူး။ ပိုပြီး ရိုးသားဂုဏ်ရှိတယ်လို့ ထင်ရတယ်။

Anonymous said...

Is the Regime trying to split NLD and 8888 heads or are they?

layaung said...

Brave,Strong Hero family. No one can make them weak physically or mentally. I love them.

Anonymous said...

ဒေါ်ကြည်ကြည်ညွန့် ဥပတိရုပ်က ဒေါ်စုထက်တောင်အေးချမ်းပြီး မေတ္တာ ဓါတ်ပိုများနေတဲ့  အရိမ်အရောင်ထင်ဟပ်နေတယ်။ ဒေါ်စုလို မာနတွေနဲ့ တင်းနေတဲ့ မျက်နှာမျိုးမဟုတ်ဘူး။ ပိုပြီး ရိုးသားဂုဏ်ရှိတယ်လို့ ထင်ရတယ်။

What you means?? stupid comment!!

Anonymous said...

very big diamond necklace, must have benefit from so many prize awarded to her brother hee hhe, for min ko naing family , serving in prion is kind of good earning career, coz who would earn so many prize and million of dollars by going to jail so frequently , ha ha he reaaly made his forrtune,..keep it up mate

Anonymous said...

ဒေါ်စု ကမင်းတို့လို လူမျိုးတွေထက် ပိုပြီးပညာတတ်. ပြီးတော့ပိုပြီးလဲ အတွေ့အကြုံရှိတဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်နေတော့ မင်းတို့လို လူမျိုးတွေအတွက်ကတော့ မနာလိုဖြစ်စရာဖြစ်နေမှာပေါ့ကွာ.. ဖြေသိမ့်လိုက်ပါ သူငယ်ချင်းလေးရာ...တောင်တွေး မြောက်တွေး ပြီးရေး မနေပါနဲ့..
မင်းလုပ်တဲ့ပုံက လမင်းကို ခွေးဟောင်သလိုပဲ ဖြစ်နေပြီ။