Wednesday 19 October 2011

ချစ်သည်....လေးစားသည်


ချစ်သည်....လေးစားသည်


“ကျမလေ ရင်တွေခုန်ပြီး ငိုချင်တယ်။ အမေစုရေ လို့ကို အော်ငိုချင်တာပဲ။ လူတွေကလည်း အရမ်းများတယ်၊ အမေ့မျက်နှာလေးကို တချက်ဖြစ်ဖြစ် တွေ့ရ တွေ့ရ ဆိုပြီး လာခဲ့တာ။ အိမ်က ဒီအတိုင်း ထားခဲ့ရတယ်” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတဦးက ပြောသည်။


“ဒီမနက်မှ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်လာမယ်၊ မကြာခင်ကမှ ထောင်ကလွတ်လာတဲ့ ကိုဇာဂနာကြီးလည်း လာမယ်ဆိုလို့ လာစောင့်တာ ဈေးတောင် မထွက်ရသေးဘူး” ဟု သမိုင်းလမ်းဆုံတွင် သစ်သီးရောင်းသူတဦးက ဗန်းကို ချိုင်းကြားညှပ်ပြီး လူအုပ်ထဲ တိုးဝှေ့ကာ ပြောနေသည်။

3 comments :

Anonymous said...

ချစ်တာ၊ လေးစားတာကို အပြစ်မပြောလိုပါဘူး။
ကိုယ့်အိမ်၊ ကိုယ့်အလုပ်ကို ပစ်ထားခဲ့တာဆိုတော့
ဘယ်လိုပြောရမလဲပဲနော်။
လူစုစု၊ စုစုဖြစ်နေတာနဲ့ ကြည့်ချင်၊ မြင်ချင်တဲ့
မြန်မာတွေရဲ့အကျင့်စရိုက်တစ်ခုပါ။

Anonymous said...

အပေါ်ကကွန်မန့်ရေးတဲ့ကောင်ရေ..၀ါးလုံးရှည်နဲ့သိမ်းကြုံးပြီးမရမ်းပါနဲ့...သူဘာသာသူ..အမေစုကိုကြည့်ချင်လို့..ကိုယ့်အိမ်၊ ကိုယ့်အလုပ်ကို ပစ်ထားခဲ့တာ..မင်းမျက်မှန်စိမ်းတပ်ပြီးတော့.မကြည့်ပါနဲ့..အကောင်းကိုမြင်တတ်အောင်ကြိုးစားပါကွာ..

Anonymous said...

အင်း ကြံ့ဖွံ့ ကလူ တွေအဲလို စုစု စုစု လုပ်ရင်လည်းအလုပ်ပစ် ထားခဲ့ ပြီးသွားကြမလားမသိ ဟိဟိ