မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်း
ကိုယ့်ရဲ့ ချွတ်ချော်မှားယွင်းချက်တွေကို
ဖွင့်ဟဝန်ခံခြင်းဟာ မြေတလင်းကို ရှင်းသန့်သွားအောင် လှဲကျင်းသည့် တံမြက်စည်းနှင့် တူတယ်။
ကျနော်ကတော့ ဖွင့်ဟဝန်ခံခြင်းကို စိတ်အားထက်သန်လှပါတယ်။
မဟတ္တမဂန္ဒီ
(၁) ယနေ့ မြန်မာပြည်နိုင်ငံရေးသည်
အနှစ်သာရအားဖြင့် တစုံတရာ ပြောင်းလဲခြင်း မရှိသော်လည်းပုံသဏ္ဍာန် အားဖြင့်ပြောင်းလဲသွားပြီဖြစ်သည်။
ထို့ကြောင့်(၈၈) အရေးတော်ပုံမှ စတင်ခဲ့သည့် ဒီမိုကရေစီရရှိရေးတိုက်ပွဲနှင့် ပတ်သက်၍
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်၏ ဆောင်ရွက်ခဲ့မှုများနှင့် (၂၃)
နှစ်တာကာလ တိုက်ပွဲအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ဝန်ခံခြင်းများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်းယူဆသည်နှင့်အညီ
ဤသုံးသပ်ချက် စာတမ်းအား တင်ပြအပ်ပါသည်။
( ခေါင်းစဉ်ကိုကလစ်ပါ)
(၂) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်သည်
ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားလူငယ်များမှ စတင်ထူထောင်ဖွဲ့စည်းခဲ့သည်။
အများစုမှာ “အတွင်းမှာ ဗကသ၊ အပြင်မှာ မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)”
အယူအဆဖြင့် ကျောင်းသားတဖွဲ့တည်း ရှိရမည်။ ၎င်းမှာလည်း ပြင်ပတွင်မကဒတနှင့် ပြည်တွင်း၌ဗကသသာဖြစ်သည်ဟု
ယုံကြည်ချက်ဖြင့် ရပ်တည်သူ များဖြစ်သည်။ ခိုင်လုံသည့်နိုင်ငံရေးအကြောင်းချက်များအရ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (အေဘီအက်စ်အယ်လ်)အဖြစ်သီးခြားပေါ်ထွက်လာခဲ့ရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့ဝင်များမှာ မကဒတ အဖွဲ့ဝင်ဟောင်းများအပြင်၊ ပြည်တွင်းတပ်ဦး၊
သမဂ္ဂတို့ မှ ကျောင်းသားရဲဘော်များဖြစ်ကြသည်။
(၃) မကခ (အေဘီအက်စ်အယ်လ်)
သည် ၁၉၉၄ ခုနှစ် ဇူလိုင်လ (၃၀) ရက်တွင် ဒီမိုကရက်တစ်ဖွဲ့စည်းပုံနှင့် အောက်ဖော်ပြပါ
နိုင်ငံရေး ရည်မှန်းချက်များ၊ မူဝါဒများဖြင့် တရားဝင် ပေါ်ပေါက်လာသည်။
က-ရည်မှန်းချက်လမ်းစဉ်
က-၁။ အမျိုးသားနိုင်ငံရေးလမ်းစဉ်အပေါ် အခြေခံ၍ ဖက်ဆစ်ဝါဒီနှင့် စစ်အာဏာရှင်စနစ်များအား အမြစ်ပြတ် ခြေမှုန်း၍ ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့်အရေးများကို အပြည့်အဝ အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ရန်။
က-၂။ ပြည်သူလူထု၏ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်။
က-၃။ အမျိုးသား ပြန်လည်ပေါင်းစည်းသင့်မြတ်ရေးနှင့် အမျိုးသားပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
ခ-နိုင်ငံရေးမူဝါဒ
ခ-၁။ ဒီမိုကရက်တစ်နိုင်ငံတော် တည်ဆောက်ရေး အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု တိုက်ပွဲသည် လူထုလူတန်းစား အသီးသီး၊ လူမျိုးစုအသီးသီး ပါဝင်သော ပြည်သူ့တော်လှန်ရေးအသွင်ဖြင့် ဆောင်ရွက်ရမည်။
ခ-၂။ ရန်သူ မတရားအစိုးရအား ဖေါ်ထုတ်ကန့်ကွက်ရှုတ်ချခြင်း၊ အာဏာဖီဆန်ခြင်း၊ ဖက်ပြိုင်အံတုခြင်းများသည် တော်လှန်ရေး၏ အဓိကတိုက်ပွဲဝင် လက်နက်များဖြစ်သည်ဟု မှတ်ယူသည်။
ခ-၃။ လွတ်လပ်တရားမျှတ၍ အကြောက်တရားကင်းစင်သော စစ်မှန်သည့် အမျိုးသားညီလာခံတရပ်သည် အနှစ်လေးဆယ်ကျော် ပြိုကွဲနေသည့် မြန်မာပြည် ပြန်လည်တည်ဆောက်ရေး၏ အဓိကသော့ချက်ဖြစ်သည်။ အဆိုပါညီလာခံ၏ ပြဋ္ဌာန်းချက်များ၊ ဆုံးဖြတ်ချက်များအား လိုက်နာ အကောင်အထည်ဖေါ်ရေးသည် ဒီမိုကရက်တစ်အင်အားစုတိုင်း၏တာဝန်ဖြစ်သည်။
ခ-၄။ မြန်မာပြည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးကို အဖွဲ့ချုပ်အနေနှင့်လိုလားထောက်ခံသည်။
ဂ-စည်းရုံးရေးမူဝါဒ
ဂ-၁။ တော်လှန်ရေးအင်အားစုအားလုံး ပါဝင်သည့် အမျိုးသားတပ်ဦးတရပ် ပေါ်ပေါက်ရေး။
ဂ-၂။ တော်လှန်ရေးအင်အားစုများအတွင်း ဓမ္မဓိဋ္ဌာန်ကျသည့် သဘောထားအမြင် ကွဲလွဲခွင့်ကို အခြေခံသည့် အပြန်အလှန်လေးစားအသိအမှတ်ပြုရေး။
ဂ-၃။ အမျိုးသားတပ်ဦးတရပ် မပေါ်ပေါက်မှီ ယုံကြည်ချက်၊ ရည်မှန်းချက်တူညီသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး။
ဂ-၄။ ခေတ်သစ် ကမ္ဘာ့ရေစီးကြောင်းနှင့်အညီ နိုင်ငံတကာ ကျောင်းသားလူငယ်လှုပ်ရှားမှုများ၌ ပူးပေါင်းဆောင်ရွက်ရေး။
ဂ-၅။ လူမျိုးစုအသီးသီး၊ လူတန်းစားအသီးသီးတို့အား အမျိုးသားလွတ်မြောက်မှု တော်လှန်ရေး၌ အုံကြွပါဝင်လာစေရန် လှုံ့ဆော်စည်းရုံးရေး။
က-၁။ အမျိုးသားနိုင်ငံရေးလမ်းစဉ်အပေါ် အခြေခံ၍ ဖက်ဆစ်ဝါဒီနှင့် စစ်အာဏာရှင်စနစ်များအား အမြစ်ပြတ် ခြေမှုန်း၍ ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့်အရေးများကို အပြည့်အဝ အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ရန်။
က-၂။ ပြည်သူလူထု၏ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်။
က-၃။ အမျိုးသား ပြန်လည်ပေါင်းစည်းသင့်မြတ်ရေးနှင့် အမျိုးသားပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
ခ-နိုင်ငံရေးမူဝါဒ
ခ-၁။ ဒီမိုကရက်တစ်နိုင်ငံတော် တည်ဆောက်ရေး အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု တိုက်ပွဲသည် လူထုလူတန်းစား အသီးသီး၊ လူမျိုးစုအသီးသီး ပါဝင်သော ပြည်သူ့တော်လှန်ရေးအသွင်ဖြင့် ဆောင်ရွက်ရမည်။
ခ-၂။ ရန်သူ မတရားအစိုးရအား ဖေါ်ထုတ်ကန့်ကွက်ရှုတ်ချခြင်း၊ အာဏာဖီဆန်ခြင်း၊ ဖက်ပြိုင်အံတုခြင်းများသည် တော်လှန်ရေး၏ အဓိကတိုက်ပွဲဝင် လက်နက်များဖြစ်သည်ဟု မှတ်ယူသည်။
ခ-၃။ လွတ်လပ်တရားမျှတ၍ အကြောက်တရားကင်းစင်သော စစ်မှန်သည့် အမျိုးသားညီလာခံတရပ်သည် အနှစ်လေးဆယ်ကျော် ပြိုကွဲနေသည့် မြန်မာပြည် ပြန်လည်တည်ဆောက်ရေး၏ အဓိကသော့ချက်ဖြစ်သည်။ အဆိုပါညီလာခံ၏ ပြဋ္ဌာန်းချက်များ၊ ဆုံးဖြတ်ချက်များအား လိုက်နာ အကောင်အထည်ဖေါ်ရေးသည် ဒီမိုကရက်တစ်အင်အားစုတိုင်း၏တာဝန်ဖြစ်သည်။
ခ-၄။ မြန်မာပြည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးကို အဖွဲ့ချုပ်အနေနှင့်လိုလားထောက်ခံသည်။
ဂ-စည်းရုံးရေးမူဝါဒ
ဂ-၁။ တော်လှန်ရေးအင်အားစုအားလုံး ပါဝင်သည့် အမျိုးသားတပ်ဦးတရပ် ပေါ်ပေါက်ရေး။
ဂ-၂။ တော်လှန်ရေးအင်အားစုများအတွင်း ဓမ္မဓိဋ္ဌာန်ကျသည့် သဘောထားအမြင် ကွဲလွဲခွင့်ကို အခြေခံသည့် အပြန်အလှန်လေးစားအသိအမှတ်ပြုရေး။
ဂ-၃။ အမျိုးသားတပ်ဦးတရပ် မပေါ်ပေါက်မှီ ယုံကြည်ချက်၊ ရည်မှန်းချက်တူညီသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး။
ဂ-၄။ ခေတ်သစ် ကမ္ဘာ့ရေစီးကြောင်းနှင့်အညီ နိုင်ငံတကာ ကျောင်းသားလူငယ်လှုပ်ရှားမှုများ၌ ပူးပေါင်းဆောင်ရွက်ရေး။
ဂ-၅။ လူမျိုးစုအသီးသီး၊ လူတန်းစားအသီးသီးတို့အား အမျိုးသားလွတ်မြောက်မှု တော်လှန်ရေး၌ အုံကြွပါဝင်လာစေရန် လှုံ့ဆော်စည်းရုံးရေး။
(၄) ဖွဲ့စည်းထူထောင်သည်မှ
ယနေ့အထိ ကာလအတွင်း အဖွဲ့ချုပ်သည် ခေါင်းပါးချို့တဲ့စွာဖြင့် ရရှိလာသည့် အခွင့်အလမ်းများကိုအသုံးချ၍
ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ပါ ရည်မှန်းချက်အချို့အား အကောင်အထည် ဖော်နိုင်ခဲ့ သည်။ ဤကာလအတွင်းအစဉ်တစိုက်
အားပေးကူညီခဲ့ကြသည့်အိန္ဒိယမိတ်ဆွေများ၊ ကျောင်းသားလူငယ် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များအပြင်
နိုင်ငံတကာမှ ကျောင်းသားလူငယ် အဖွဲ့အစည်း များအား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
(၅) အဖွဲ့ချုပ်သည် ဗမာပြည်အရေးနှင့်
ပတ်သက်၍ နိုင်ငံတကာမိသားစုအတွင်း ဖော်ထုတ်တင်ပြမှု အမြောက် အများဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတကာကျောင်းသား လှုပ်ရှားမှုများတွင်လည်း ထိုးဖောက်စည်းရုံး ဆောင်ရွက်ခဲ့မှုများဆောင်ရွက်နိုင်ခဲ့သည်။
အဖွဲ့ချုပ်သည် ဗမာပြည်အားကိုယ်စားပြုလျက် နိုင်ငံတကာ ဆိုရှယ်လစ် လူငယ်များသမဂ္ဂတွင်လည်းကောင်း(International
Union of Socialist Youth-IUSY)၊ နိုင်ငံတကာ ကျောင်းသားများသမဂ္ဂတွင်လည်းကောင်း
(International Union of Students-IUS)၊ ကမ္ဘာ့ဒီမိုကရက်တစ်လူငယ်များအဖွဲ့ချုပ် (World
Federation of Democratic Youth-WFDY) တွင်လည်းကောင်း အဖွဲ့ဝင်အဖြစ်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။
ထို့အပြင် အဖွဲ့ချုပ်၏ ဆက်သွယ် ဆောင်ရွက်မှုဖြင့် ဗမာပြည်ငြိမ်းချမ်းရေးကောင်စီ
(Burma Peace Council-BPC) အား ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ (World Peace
Council-WPC)၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ထိုအဖွဲ့၏ လှုပ်ရှားမှုများတွင်လည်းကောင်း ဗမာပြည်အား
ကိုယ်စားပြု၍ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ဗမာပြည်ငြိမ်းချမ်းရေးကောင်စီသည်
အာရှ၊ အာဖရိကသွေးစည်းညီညွတ်ရေး အဖွဲ့ (Asia-Africa Solidarity Organisation)နှင့်ပါ
ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။
(၆) အဖွဲ့ချုပ်သည် စစ်အာဏာရှင်ကျင်ရေးနှင့်
ဒီမိုကရေစီအရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်အရ ၁၉၉၆ တွင်
နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီအရေး အင်အားစုများ ညီလာခံတရပ်ကို ဧည့်ခံကျင်းပခဲ့သည်။
ထိုညီလာခံသို့ တက်ရောက်သည့် လူငယ်ကိုယ်စားလှယ်များနှင့်အတူ ကျောင်းသားလူငယ်တပ်ပေါင်းစုဖြစ်သည့်
မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် ( Student and Youth Congress of
Burma-SYCB)ကို စည်းရုံးဆော်သြ ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ဒီမိုကရေစီ အင်အားစုများအကြား
အမျိုးသားတပ်ပေါင်းစုတရပ်တည်ဆောက်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်များကိုမူ
ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် အဖွဲ့ချုပ်၏ မျှော်မှန်းချက်များနှင့် ကင်းကွာလာခြင်းကြောင့်
မိမိတို့ကိုယ်တိုင် ကမကထပြု စည်းရုံးဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ကျောင်းသားလူငယ်
ကွန်ဂရက်မှပင် နှုတ်ထွက် ဆုတ်ခွာခဲ့ရသည်။
(၇) လက်နက်ကိုင် တိုက်ပွဲဆင်နွှဲရန်
နယ်ခြားသို့ ထွက်ခွာလာခဲ့သည့် အင်အားစုများသည် ပီပြင်သည့် လက်နက်ကိုင်လှုပ်ရှားမှုကိုယခုထိထူထောင်နိုင်ခဲ့ခြင်းမရှိပေ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုတို့ စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲသွားကြသည်။
အပစ်အခတ်ရပ်စဲခြင်းမရှိသည့် ကရင့်အမျိုးသားအစည်းအရုံးအပါအဝင် ကျန်လူမျိုးစုလက်နက်ကိုင်
အဖွဲ့အစည်းများမှလည်း ထိရောက်သည့် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများကို ဆင်နွှဲနိုင်ခဲ့ခြင်းမရှိပေ။
ထို့အတူ နယ်ခြားနှင့် ပြည်ပအင်အားစုများအကြား ညီညွတ်မှု တည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့
ပီပြင်သည့် တပ်ပေါင်းစု လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့်
နယ်ခြားအင်အားစုများက ပြည်တွင်းအင်အားစုများ၏ နိုင်ငံရေးတိုက်ပွဲများကို တစုံတရာထောက်ကူမှု
မပေးနိုင်ခဲ့ပေ။ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် ( Democratic Alliance
of Burma-DAB)၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ( National Council of
Union of Burma-NCUB)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
(National Coaliation Government of Union of Burma- NCGUB)တို့ကို ဖွဲ့စည်းခဲ့ကြသော်လည်း
စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုအားလုံး ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း
မရှိပေ။ တပ်ပေါင်းစုသဏ္ဍာန် ပူးပေါင်းဆောင်ရွက်သည့် လှုပ်ရှားမှုများလည်း မရှိခဲ့ပေ။
(၈) ထို့ကြောင့် (၂၃) နှစ်တာကာလအတွင်း
ပြည်ပနှင့် နယ်ခြားအင်အားစုများသည် စစ်အာဏာရှင် ဆန့်ကျင် ရေးနှင့် ဒီမိုကရေစီအရေး လူထု
အရေးတော်ပုံကြီးတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည်ကို မကွယ်မဝှက်သာ
ဝန်ခံကြရမည် ဖြစ်သည်။ ပီပြင်သည့် တပ်ပေါင်းစုနှင့် ခိုင်မာပြတ်သားသည့် ဦးဆောင်မှုကို
မတည်ဆောက်နိုင်ခဲ့ခြင်း၏ အကျိုးရလာဒ်ဖြစ်သည်။ ကိုယ်သာလျှင် ပဓာနဟု ဆိုသော်လည်း ပြင်ပ
ပယောဂ များ၏ စွက်ဖက်မှုသည် ထိုအားနည်းချက်၏ အကြောင်းတရားတခုအဖြစ် မဖြစ်မနေ ထည့်သွင်းဝေဖန်ရမည်
ဖြစ်သည်။ ပြင်ပတွင် ရပ်တည်ရေး ခက်ခဲ့သည်ကို အကြောင်းပြလျက် ငွေကြေးအလှူရှင်များအား
အလွန်အမင်း မှီခိုမှု၏ ရလာဒ်ဖြစ်သည်။ ထိုသို့ အင်ဂျီအိုများမှ ဦးဆောင်မှု ကဏ္ဍအား သြဇာစူးရောက်
ကြီးစိုးချယ်လှယ် ခံခဲ့ရ ခြင်းကြောင့် လက်တွေကျသည့် လုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်ခြင်း
မရှိတော့ပေ။ လူ့အခွင့်အရေး၊ အမျိုးသ မီးအခွင့်အရေး၊ သင်တန်း၊ ကန်ပိမ်းစသည့် အခက်အလက်များက
ကြီးထွားလွှမ်းခြုံကာ အဓိကကျသည့် စစ် အာဏာရှင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ မှေးမှိန်သွားခဲ့ရသည်။
ထိုငါးပွက်ရာ ငါးစာချသည့် နိုင်ငံရေး အချောင် သမားဝါဒသည် ကင်ဆာရောဂါသဖွယ် ပြည်တွင်းအင်အားစုများကိုပါ
ကူးစက်သွားခဲ့ပြီဖြစ်သည်။ ဗမာပြည် နိုင်ငံရေးဘဝ တခုလုံးအတွက် အလွန်စိုးရိမ်ဘွယ်ရာ အန္တရာယ်ဖြစ်သည်။
နောက်ဆုံး၌ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ ဒီမိုကရေစီအင်အားစုများ၏ စွမ်းဆောင်နိုင်ရည်အပေါ်
ယုံကြည်မှုလျှော့နည်းသွားခဲ့ သည်။
(၉) အနောက်တိုင်း အင်ဂျီအိုများသည်
ရှစ်လေးလုံး အရေးတော်ပုံရေးစီးတွင်မြောပါလာသည့် တပွဲထိုးသမား၊ လူလယ်အချောင်သမားများအား
လက်သပ်မွေးအသုံးချလျက် ပြင်ပလှုပ်ရှားမှုအား ၎င်းတို့အလိုကျ ချယ်လှယ် ခဲ့ကြသည်။ ထိန်းချုပ်ထားနိုင်ခဲ့ကြသည်။
အလှူရှင်များက လက်နက်ကိုင်လှုပ်ရှားမှုကို အားမပေး မထောက်ခံ နိုင်ကြောင်း လိမ်ညာဝါဒဖြန့်၍
(ယခုလစ်ဗျားသူပုန်တို့အား လက်နက် အလုံးအရင်းဖြင့် ထောက်ပံ့ခဲ့သည်။) ဗမာပြည်အခြေအနေကတောင်းဆိုနေသည့်
လက်နက်ကိုင်တိုက်ပွဲလမ်းစဉ် အယူအဆကို စနစ်တကျ အမျှော်အမြင်ရှိရှိဖြင့် ဖျက်ဆီးခဲ့ကြသည်။
အကြမ်းမဖက်နိုင်ငံရေး အမည်ခံ သင်တန်းများပေးကာ ငွေလုံးငွေရင်း အသုံးပြုဖျက်ဆီးခဲ့သည်။
ယခုအခါထိုတပွဲထိုးသမား၊ လူလယ်အချောင်သမား ပြည့်သူ့သစ္စာဖောက်များသည် ပြည်တော်ပြန်၍ သဘောထားပြောင်းလဲခြင်းမရှိသော
စစ်အုပ်စုအားထောက်ခံ အလုပ်အကြွေးပြုလျက်ရှိသည်။ မကြာမီ ထိုကဲ့သို့ ပြည်သူ့သစ္စာဖောက်
အမြောက်အများ ပေါ်ထွက်လာဦးမည် ဖြစ်သည်။
(၁၀) နယ်ခြားနှင့် ပြည်ပအခြေစိုက်
အင်အားစုများ၏ အနှစ် (၂၀) ကျော် လှုပ်ရှားဆောင်ရွက်ချက်များနှင့် အကျိုးရလာဒ်ကို သုံးသပ်လျှင်
ဆရာဗန်းမော်တင်အောင်၏ “(ကမ္ဘာ) နိုင်ငံရေးမှာ ဝါဒရေးရာထက် ကိုယ့်အမျိုးသား အကျိုးစီးပွားသာ
ပဓာနဖြစ်တယ်။” ဟူသည့် မိန့်မှာချက်သည် သွေးထွက်အောင် မှန်ကန်လျက်ရှိကြောင်း သက်သေပြနေသည်။
ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးကလည်း သက်သေထူနေသည်။ ထိုပြင်ပ အခြေစိုက် အင်အားစုများသည် ပထမပိုင်းကာလတွင်
ကိုယ်မနိုင်သည့် ရန်သူကို နိုင်မည့်သူနှင့် ပေါင်းတိုက်မည်ဟူသည့် အယူအဆဖြင့် နိုင်ငံတကာတွင်
စည်းရုံးလှုပ်ရှားခဲ့ကြသော်လည်း (၂၀၀၀) ခုနှစ် နောက်ပိုင်း ဒုတိယကာလတွင် သူ့မနိုင်ရင်
သူနဲ့ပေါင်းလိုက်ဟူသည့် အယူအဆသို့ ပြောင်းလဲသွားခဲ့သည်။ အပြောအားဖြင့် ပေါင်းပြီးပြောင်းမယ်ဟုလည်းကောင်း၊
သူ့ဘောင်ထဲဝင်ပြီး ပူးသပ်မည်ဟုလည်းကောင်း ဆိုကြသည်။ ထိုအယူအဆကို အဓိက လှုံ့ဆော်ခဲ့သူများမှာ
ပြည်ပ၌ ဗဟုအဖွဲ့နှင့် ပြည်တွင်း၌မူ အီးဂရက်အုပ်စုမှ တာဝန်ခံ လုပ်ဆောင်သည်။ ထိုအယူအဆ
အကောင်အထည်ဖော် ပြန့်ပွားနိုင်ရေးအတွက် အင်ဂျီအိုများက အလုံးအရင်းနှင့် အားပေး ထောက်ကူခဲ့သည်။
ထိုအချောင်သမားများနှင့် အင်ဂျီအိုတို့အကြား ဆက်ဆံရေးသည် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းစကားနှင့်
ဆိုရလျှင် ခွေးက လူကိုမွေးသလား၊ လူက ခွေးကိုမွေးသလား မကွဲပြားပါ။
ထိုအယူအဆအပေါ်စစ်အုပ်စုက အမြတ်ထုတ်ကာ
၎င်းတို့၏ပြိုလဲနေသောနိုင်ငံရေးကို ပြန်လည်တည်ဆောက် သွားနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စု၏
နိုင်ငံရေးပုံစံသစ်အား တရုတ်၊ အိန္ဒိယစသည့် အိမ်နီးခြင်းနိုင်ငံများသာမက အမေရိကန်အပါအဝင်
အနောက်တိုင်းဒီမိုကရေစီနိုင်ငံများကပါ လက်ခံဆက်ဆံမည့် အရိပ်အယောင်များကို မြင်တွေ့နေရပြီဖြစ်သည်။
ထိုသံတမန်ရေးအရေးနိမ့်မှုနှင့် ပတ်သက်၍ပြင်ပ ပယောဂများကို အပြစ်တင်ရန်ထက် ကိုယ်သာလျှင်
အရင်းခံဖြစ်သည်နှင့်အညီ မိမိကိုယ်ကိုယ် ဝေဘန်ဝန်ခံ ပြစ်ဆင်ခြင်းက ပို၍သင့်လျှော်ပါသည်။
နိုင်ငံအသီးသီး၏ ကိုယ့်အမျိုးသား အကျိုးစီးပွားပဓာန အယူအဆကို နားလည်လက်ခံရမည်ဖြစ်ပါသည်။
(၁၁) တချိန်တည်းမှာပင် စစ်အုပ်စုသည်
အာဏာကိုအရအမိ ဆုပ်ကိုင်လျက် ပြိုလဲသွားသော ၎င်းတို့၏ နိုင်ငံရေးအဆောက်အဦအား တဖြည်းဖြည်း
ပြန်လည်တည်ဆောက်လာခဲ့သည်။ (၂၀၀၈) စစ်ကျွန်ဖွဲ့စည်းပုံအား အဓမ္မ အသက်သွင်းနိုင်ခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံ၏ နိုင်ငံရေးအမြတ်ဖြစ်သော
ကိုးဆယ်ခု ရွေးကောက်ပွဲ ရလာဒ်အား အတုအယောင်ရွေးကောက်ပွဲဖြင့် ချေဖျက်ပစ်ခဲ့သည်။ သိန်းစိန်
ရုပ်ပြ အရပ်ဝတ် စစ်အစိုးရတရပ် ကို ဖော်ထုတ်နိုင်ခဲ့သည်။
(၁၂) ထိုရုပ်ပြ အရပ်ဝတ်အစိုးရအား
အသုံးပြုလျက် နိုင်ငံတကာနှင့် ပြည်တွင်းနိုင်ငံရေး နယ်ပယ်တွင် ဆန့်ကျင် ဘက်အင်အားစုများအား
နိုင်ငံရေး ထိုးနှက်ချက် တခုပြီးတခု ဖော်ဆောင်လျက်ရှိသည်။ နိုင်ငံတကာ အသိ အမှတ်ပြု
အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထုတ်ပြန်ကြေညာခြင်းမရှိသည့်
နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်လာခြင်း၊ ယောင်ပြ လွတ်ငြိမ်းခွင့်များ ပြုလုပ်လာခြင်း၊
နယ်ခြားနှင့် ပြည်ပရောက် အတိုက်အခံများအား ဟန်ဆောင်ဖိတ်ခေါ်မှုများ ပြုလုပ်လာသည်။ တချိန်တည်းမှာပင်
အပစ်အခတ်ရပ်စဲထား သည့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်ဆင်တိုက်ခိုက်မှုများ
ပြုလုပ်လာသည်။
(၁၃) ဖိနှိပ်မှု အမျိုးမျိုးကြားမှ
ဗမာပြည်ဒီမိုကရေစီထွန်းကားရေး လူထုတိုက်ပွဲအား အနှစ်(၂၀)ကျော် ဦးဆောင်မှုပေးခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအပေါ် ထားရှိသည့် ရိုးသားမှုနှင့် စေတနာအား အပြည့်အဝ ယုံကြည်သော်လည်း
စစ်အုပ်စု၏ အတိတ်က လိမ်ညာမှုများနှင့် လက်ရှိလုပ်ဆောင်နေသည့် ပုံစံများက ယုံကြည်ရန်
ခက်ခဲနေဆဲဖြစ်သည်။ နှစ်ထောင်ကျော်ရှိသော နိုင်ငံရေး အကျဉ်းသားများအား ဆက်လက် အကျဉ်းချထားခြင်း၊
ဆက်လက်ဖမ်းဆီး နှိပ်ကွပ်မှုများ ပြုလုပ်နေခြင်း၊ ပြည်သူလူထု၏ အခြေခံအခွင့်အရေးများအား
ဆက်လက်ဖိနှိပ်ပိတ်ပင်နေခြင်း၊ စာပေစီစစ်ရေးအဖွဲ့အား ဆက်လက်ထားရှိပြီး သတင်းလွတ်လပ်ခွင့်အား
ပိတ်ပင်ထားခြင်း၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် စစ်ဆင်တိုက်ခိုက်မှုများ
ပြုလုပ်လာခြင်းများစသည့် လုပ်ရပ်များသည် စေ့စပ်ဆွေးနွေးခြင်းကို အမှန်တကယ် အဖြေရှာရေးထက်
နိုင်ငံရေးထွက်ပေါက်အဖြင့် အသုံးပြုလိုသည့် စစ်အုပ်စု၏ မရိုးသားသည့် သဘောထားကို ဖော်ပြလျက်ရှိသည်။
(၁၄) စစ်အုပ်စုသည် နိုင်ငံတကာအခြေအနေများနှင့်
ပြည်တွင်းဆန့်ကျင်မှုများကြောင့် အပေါ်ယံဟန်ပြ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လာရခြင်းဖြစ်သည်။
(၂၀၀၈) စစ်ကျွန်အဖွဲ့စည်းပုံအား အဓမ္မအသက်သွင်း ခဲ့ခြင်းက အာဏာကိုဆက်လက်ဆုပ်ကိုင်ထားရန်
စစ်အုပ်စု၏ ပိုင်းဖြတ်ချက်ကို သက်သေခံနေသည်။ အာဏာကိုအရအမိဆက်လက်ဆုပ်ကိုင်လိုသည့် စစ်အုပ်စု၏သဘောထားနှင့်လုပ်ရပ်များသည်
အိမ်နီးခြင်းနိုင်ငံ များနှင့်ဆက်ဆံရာတွင် အခက်အခဲမကြီးလှသော်လည်း အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများနှင့်
ဆက်ဆံရာ၌ အဟန့်အတားအနှောက်အယှက်များရှိနေသည်။ ထိုအကြပ်အတည်းကိုဖြေရှင်းရန် အပေါ်ယံဟန်ပြ
ပြောင်းလဲမှု များကို ဆောင်ရွက်လာရခြင်းဖြစ်သည်။ အနှစ် (၅၀) နီးပါး စစ်တပ်မှ ကြီးစိုးလာသည့်
ရေပေါ်ဆီ အုပ်ချုပ်ရေး အဝန်းအဝိုင်းအား လူထုအရေးတော်ပုံအတွင်းမှ ဖောက်ပြန်ရေးအင်အားစုများ၊
အင်ဂျီအို လက်သပ်မွေး အချောင်သမားများနှင့် တိုးချဲ့ဖွဲ့စည်းရန်ဖြစ်သည်။ သိန်းစိန်
အရပ်ဝတ် စစ်အစိုးရ၏ လက်ရှိနိုင်ငံရေးအရ ပြောဆိုဆောင်ရွက်မှုများသည် ထိုကြိုးပမ်းချက်၏
အစိတ်အပိုင်းမျှသာဖြစ်သည်။
(၁၅) ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံအောက်၌
ဖြစ်ထွန်းလာမည့် မည်သည့်နိုင်ငံရေးပုံစံပင်ဖြစ်စေ အနှစ်သာရအားဖြင့် အရပ်သားဝတ်စုံ ဝတ်ထားသည့်
စစ်အစိုးရသာလျှင်ဖြစ်သည်။ အင်ဒိုနီးရှားအာဏာရှင် ဆူဟာတို၏ ဒွိဖန်စီ (dwe-fengsi) ခေါ်
မဏ္ဍိုင်နှစ်ရပ် စစ်အာဏာရှင်စနစ်ထက်ပင်နိမ့်ကျသည့် စစ်အုပ်ချုပ်ရေးဖြစ်သည်။ အတုအယောင်ရွေးကောက်ပွဲများ၊
ရုပ်ပြလွှတ်တော်များနှင့် ရုပ်ပြအရပ်သားအစိုးရများ ရှိနေသော်လည်း နိုင်ငံ တော်အာဏာသည်
စစ်အာဏာရှင်တစု၏လက်တွင်း၌သာရှိနေမည်ဖြစ်သည်။ ထို့ကြောင့်(၂၀၀၈) စစ်ကျွန် ဖွဲ့စည်းပုံအား
မပယ်ဖျက်နိုင်သမျှကာလပတ်လုံး မည်သည့်နိုင်ငံရေးအင်အားစုနှင့် မည်သည့် သဘောတူညီ ချက်ကိုရရှိသည်ဖြစ်စေ
ဗမာပြည်နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်မည်မဟုတ်ဟု အခိုင်အမာယုံကြည်သည်။ ပြည်သူလူထုဘဝသည်လည်း
စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ၎င်းစစ်ကျွန်ဖွဲ့စည်းပုံအရ လွှတ်တော်၏လေးပုံတပုံနှင့်
အမျိုးသားလုံခြုံရေးဆိုင်ရာအရေးပါသည့် ဝန်ကြီးဌာနများကို စစ်ခေါင်းဆောင် များက သိမ်းပိုက်ထားသည်သာမက
စစ်အာဏာသိမ်းခွင့်ကိုပါ တရားဝင်ခွင့်ပြုထားသည်။ ယခုထိလည်း အစိုးရယန္တရား၏ ဌာနအားလုံးအား
စစ်အရာရှိများနှင့် စစ်အရာရှိဟောင်းများက သိမ်းပိုက်ထားဆဲ ဖြစ်သည်။
(၁၆) ၁၉၆၂ စစ်အာဏာသိမ်းပြီး
ခုနှစ်ရက်ဇူလိုင်(ဆဲဗင်းဂျူလိုင်)မှ စတင်ခဲ့ပြီး ယနေ့အထိ ခေတ်အဆက် ဆက်မှ ကျောင်းသားလူငယ်တို့သည်
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရေးကို သွေးမြေကျခံ တော်လှန်ခဲ့ကြသည်။ ထို့ကြောင့်
ပြည်သူလူထုတရပ်လုံးအား ဆက်လက်၍ စစ်ကျွန်ပြုနေမည့် (၂၀၀၈) စစ်ကျွန်ဖွဲ့စည်းပုံအောက်မှ
ဖြစ်ထွန်းလာမည့် နိုင်ငံရေးပုံစံမှန်သမျှအား ဆက်လက်တိုက်ဖျက်သွားမှသာ သွေးစွန်းခဲ့သည့်
ခွပ်ဒေါင်းကျောင်းသားတို့၏သမိုင်းကို ထိန်းသိမ်းရာရောက်မည်ဖြစ်သည်။ ထို့အတူ ပြည်သူတရပ်လုံးက
ရှစ်လေးလုံးအရေးတော်ပုံမှ ပြဋ္ဌာန်းလိုက်ပြီး ကိုးဆယ်ခု ရွေးကောက်ပွဲဖြင့် ထပ်မံအတည်ပြုပြဋ္ဌာန်းခဲ့သည့်
နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်သည့်
ဒီမိုကရေစီရရှိရေးအတွက် ပြည်သူသာအမိ ပြည်သူသာအဖဟူသည့် ခံယူချက်ကို လက်ကိုင်ပြု၍ ဆက်လက်တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း
တင်ပြအပ်ပါသည်။
သွေးနဲ့ရေးတဲ့ ခွပ်ဒေါင်းသမိုင်း
အရိုင်းမခံ၊ ဆက်လက်အာခံ တော်လှန်ကြစို့။
မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများအဖွဲ့ချုပ်
၁၈
ရက် အောက်တိုဘာ ၂၀၁၁။
(၂၀၁၁ စက်တင်ဘာ (၉) ရက်နှင့် (၂၃) ရက် တို့တွင် ပြုလုပ်ခဲ့သည့်
အစည်းအဝေးများမှ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ချက်အရ ဖြန့်ချီသည်။)
All Burma
Students League
(Camp
Office) No.4/7, Asaf Ali Road
New Delhi,
India-110002
Email; absl_india88@yahoo.com
ph-+91-9810601506
1 comment :
သွေးနဲ့ရေးတဲ့ ခွပ်ဒေါင်းသမိုင်း အရိုင်းမခံ၊ ဆက်လက်အာခံ တော်လှန်ကြစို့ ဆိုတဲ့ကြွေးကြော်သံက
ဖတ်လို့တော့ကောင်းပါတယ်။
ဆက်လက်တော်လှန်ကြစို့ဆိုတော့-
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဇွဲ့ချုပ်၏ လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံအတွင်းပြောင်းလဲမှုဖြစ်သွားခဲ့တဲ့ကိစ္စများရှိရင် ဖော်ပြပေးပါခင်ဗျား။
Post a Comment