Sunday, 16 October 2011

မြန်မာ့ရေနံနဲ. သဘာဝဓါတ်ငွေ.သိုက် ကြောက်ခမန်းလိလိတိုးတက်နေပြီ

မြန်မာ့ရေနံနဲ. သဘာဝဓါတ်ငွေ.သိုက် ကြောက်ခမန်းလိလိတိုးတက်နေပြီ

  မန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ. အရံသိုက်တွေ. ရှိမှုပမာဏာကို BP ကုမ္ပဏီရဲ့ စာရင်းဇယား ဌာနက ထုတ် ပြန် ကြေငြာပါတယ်။ ရေနံ စိမ်း စည်ပေါင်း ၃.၂ ဘီလီယံ အထိခန်.မှန်းတွက်ချက်ထားပြီး သဘာဝ ဓါတ်ငွေ. ကတော့ အရင်နှစ်တွေကထက် ၃ ဆခန်.တိုးတက်လာပြီး  ၈၀၀ ဘီလီယံကုဗမီတာလို.ဆိုပါတယ်။  (   ခေါင်းစဉ်ကိုကလစ်ပါ)

တစ်နေ.ကို ရေနံစိမ်းစည်ပေါင် တစ်သန်း ထုတ်လုပ်မယ်ဆိုရင်တောင် ၁၀ ဆက်တိုက်ထုတ်လုပ်နိုင်မဲ့ပမာ ဏဖြစ်နေပါပြီ။ သဘာဝဓါတ်ငွေ.ဟာ ၁၀၀၀ ကုဗမီတာကို ဒေါ်လာ ၁၆၀ ခန်.ရှိတဲ့အတွက် တစ်ကုဗဘီလီ ယံရဲ့ပေါက်ဈေးဟာ ဒေါ်လာ သန်း ၁၆၀ ခန်.ရှိနေပါတယ်။ ၂၀၁၀ ခုနှစ်မှာ မြန်မာပြည်ဟာ ၁၂ ဘီလီယံကုဗ မီတာ×သန်း ၁၆၀ ပမာဏထုတ်လုပ်ပါတယ်။ ရှေ.ဆက်ပြီး တိုးတက်ထုတ်လုပ်ဖို.ပဲရှိနိုင်ပါတယ်။

အခုဆိုရင် မြန်မာပြည်ကို ဒေါ်လာ သန်း ၅၀၀ တစ်ထောင်လောက် ကို အလွယ်တကူချေးငှားမယ့်သူတွေရှိ နေပါပြီ။ 

မြန်မာပြည်ရဲ့ ရေနံသိုက်ပမာဏကို အခြားနိုင်ငံများနဲ. နှိုင်းယှဉ်ဖေါ်ပြရာမှာ တရုတ် ရေနံစည် ပေါင်း ၁၄.၈ ဘီလီယံ။ မလေးရှား ၅.၈ ဘီလီယံ၊ ဗီယမ်နမ် ၄.၄ ဘီလီယံ အင်ဒိုနီးရှား ၄.၂ ဘီလီယံစည် တို.ဖြစ်ပါတယ်။
ယခုအခါ ကမ္ဘာမှ ရေနံသိုက်တွေ.ရှိမှု အဆင့် ၂၆ ဖြစ်တဲ့ အီဂျစ်နိုင် ငံနဲ. တန်းတူဖြစ်သွားပါတယ်။ သဘာဝ ဓါတ်ငွေ.ကတော့ ကမ္ဘာ အဆင့် ၂၈ ရှိတဲ့ အိုမန်နိုင်ငံနဲ.တန်းတူဖြစ်သွားပါပြီ။ ယခုကိန်းဂဏန်းတွေဟာ ၂၀၁၀ ခုနှစ်ကိန်းဂဏန်းတွေဖြစ်ပါတယ်။ ယခု ၂၀၁၁ မှာ အများကြီးပိုနိုင်ပါတယ်။

မြန်မာပြည်သူတွေနဲ. နိုင်ငံရေး အတိုက်အခံတွေ ပိုမိုလိမ်မာပါးနပ်ကြဖို.လိုပါတယ်။ နိုင်ငံတကာမှ ဟန်ပြစီး ပွားပိတ်ဆို.ပြီး ရေနံနဲ. သဘာဝဓါငွေ.ကိုတော့ ကုန်အောင်တူးနေကြပါပြီ။ ရေနံနဲ.သဘာဝဓါတ်ငွေ.ကို ဘယ် သူမှာ SANCTION မလုပ်ပါဘူး။ ဘယ်လိုလုပ်ကြမှာလည်း SACNTION တစာစာ အော်ပြီး အစိုးရကိုဖိအား ပေးတဲ့နည်းနာကို ကျင့်သုံးကြဦးမှာလား၊ အစိုးရကိုအဲဒီလိုဖိအားပေးလို.ရမယ်များထင်ပါသလား။

မြန်မာပြည်က ရေနံနဲ. ဓါတ်ငွေ.သိုက်တွေကို တူးယူပြီး ရယ်သွမ်းသွေးနေမဲ့ နိုင်ငံတကာ ခေါင်းဆောင်များရဲ့ ရယ်သံကို သင်တို.ကြားနိုင်ပါသလား။ ဓါတ်ငွေ.ရောင်းရငွေနဲ. မြန်မာတွေ သေအောင်သတ်ကြဖို. လက်နက် တွေလည်း ရောင်းကြဦးမှာပါ။ အမေရိကနဲ. ဥရောပမှာ စီးပွားပျက်ပြီး ဒုက္ခရောက်နေချိန်မှာ မြန်မာ့အရေးကို ဘယ်သူမှစိတ်ဝင်စားကြတာမဟုတ်ပါဘူး။ အားလုံးဆင်ခြင်နိုင်ကြဖို.ဖြစ်ပါတယ်။ 


မူရင်း- http://myanmardemocracycongress.blogspot.com/2011/10/blog-post_16.html

1 comment :

Anonymous said...

Good News for US to intervene.

US most interest is Oil and Gas only and nothing else.

better come quick before Junta sold to China.:P