မြန်မာ့ ပြည်ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေသူတွေမှန်သမျှ ဒီနေ့ ကာလမှာ ဖတ်သင့်တဲ့စာ
အုပ်တခုကို ညွန်းခြင်ပါတယ်။ ဒါကတော့ မြန်မာ့နိင်ငံရေး စနစ်ပြောင်းကာလ- ၁၉၆၂- ၇၄ ( ဒုတိယတွဲ)
ဖြစ်ပါတယ်။ မဖတ်ရသေးရင် ဖတ်ပြီး ကြည့်စေချင်ပါတယ်။ စာအုပ်က နအဖ ခေတ်ကြမှ ရေးသားပြုစု
ပြီးပြန်ထုတ်တာကိုတွေ့ ရလိမ့်မယ်။ အကြောင်းအရာတွေက ဦးနေ၀င်း ( တပ်မတော်က) က နိင်ငံတော်
ကောင်းကျိုးကိုဘယ်လို ဘယ်ပုံဆောင်ရွက်ခဲ့တာတွေကို ပြန်လည်တင်ပြထားတာပါ။ ( တကယ်က ဦးနေ၀င်းဘယ်လို လိမ်ခဲ့တယ်ဆိုတာကို ဖတ်ရင်းသဘောပေါက်လာပါလိမ့်မယ်။ ) သမိုင်းက နိဂုံးချုပ်လို့ ရလာတာကိုး။
ဒီတုံးက ဦးနေ၀င်းရဲ့ လှိမ့်လုံးတွေကိုယုံတဲ့သူတွေ၊ လှိမ့်နေတာသိရက်နဲ့  မသိခြင်ယောင်ဆောင်ပြီး အခွင့်အရေး ကိုဝင်ယူခဲ့သူတွေ ကိုတွေ့ နိင်ပါတယ်။ ထူးခြားတာကတော့ဒီစာအုပ်က ဦးနေ၀င်းလက်ထက်မှာ ထုတ်ဝေတာမဟုတ်ပဲ နအဖ လက်ထက် မှာ ထုတ်ဝေတာဖြစ်နေတယ်။ တကြော့ပြန်လိမ်လည်မှုကို အစီအစဉ်ချထားခဲ့တဲ့သဘောပေါ့လေ။
အရင်တုံးက ဦးနေ၀င်းလုပ်ရပ်နဲ့ အခု ဦးသိန်းစိန် လုပ်ရပ်ဟာ ထပ်တူနီးပါးတူညီမှု ရှိနေတာက
သာမန် တိုက်ဆိုက်မှုလို့ တော့ ကျနော်တို့ မယူဆပါဘူး။ ဦးသိန်းစိန်အနေနဲ့ တကယ့်ပြုပြင်ပြောင်းလဲမှု
တွေကိုလုပ်ခြင်ရင် လည်း ဦးနေ၀င်းလုပ်ရပ်မျိုးမလုပ်ဖို့ လိုတယ်။
ဦးသိန်းစိန် ကပြုပြင်ပြောင်းလဲမှုတွေကို တကယ်လုပ်ဆောင်နေတာ ကို အပြင်က ပြောလို့  လူထုက
ကြားရတာမျိုးမဟုတ်ပဲ သူကိုယ်တိုင်လက်တွေကြတဲ့ပြောဆိုမှုဆောင်ရွက်မှုတွေလုပ်ပြဖို့ လိုတယ်။

No comments :
Post a Comment