Thursday 20 October 2011

၉၉ ရာခိုင်နှုန်း ဆန္ဒပြမှုတဲ့ ပြောကြတယ်

မေးပါရစေ မေးချင်လွန်းလို့

အခုကမ္ဘာ့မြို့ကြီး ၉၀ ကျော်မှာ ဆန္ဒပြနေကြတယ်တဲ့ 99 percent ၉၉ ရာခိုင်နှုန်း ဆန္ဒပြမှုတဲ့ ပြောကြတယ်
အဓိပ္ပါယ်က ဆင်းရဲချမ်းသာ မမျှတလို့တဲ့ ၊ နိုင်ငံ့လူဦးရေ ၁% က အရမ်းချမ်းသာပြီး ၉၉%က အရမ်းဆင်းရဲနေလို့တဲ့

အမေရိကန်နိုင်ငံက စလိုက်တာတဲ့

အမေရိကန်မှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ငါးပုံပုံကို ချုပ်ကိုင်ထားတယ်

အလုပ်လက်မဲ့ ၉.၁% ရှိပြီး ၁၅%က ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေပါတယ်တဲ့

ကနေဒါနိုင်ငံမှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ခုနစ်ပုံတပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၇.၁% ရှိပြီး ၉%က ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေပါတယ်တဲ့

အင်္ဂလန်မှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ခြောက်ပုံပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၈.၁% ရှိပြီး ၁၄%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့

ဂျာမနီ မှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ဆယ်ပုံပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၆.၆% ရှိပြီး ၁၆%က ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေပါတယ်တဲ့

ဆွစ်ဇာလန်မှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ခြောက်ပုံပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၂.၈% ရှိပြီး ၇%က ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေပါတယ်တဲ့

ဘယ်လဂျီယန်မှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ အများစုကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၆.၈% ရှိပြီး ၁၅%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့

ပေါ်တူဂီမှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ဆယ်ပုံပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၁၂.၃% ရှိပြီး ၁၈%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့

ဩစတြေးလျမှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ဆယ်ပုံပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၅.၂% ရှိပြီး ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့

ျပန်မှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ခုနစ်ပုံပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၄% ရှိပြီး ၁၆%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့

ထိုင်ဝမ်မှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ငါးပုံပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၄.၂% ရှိပြီး ၁%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့

တောင်ကိုရီးယားနိုင်ငံမှာ ၁% က တိုင်းပြည်ဝင်ငွေ
ရဲ့ ခုနစ်ပုံပုံကို
ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၃.၂% ရှိပြီး ၁၅%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့

အောင်မယ်လေးဗျာ မေးချင်ပါ
ရဲ့

အဲဒီနိုင်ငံတွေမှာ မီးပျက်လားဟင်
အဲဒီနိုင်ငံတွေမှာ အင်တာနက်နှေးသလားဟင်
အဲဒီနိုင်ငံတွေမှာ တယ်လီဖုန်းဈေးကြီးသလားဟင်
အဲဒီနိုင်ငံတွေမှာ မော်တော်ကားတွေ ဈေးကြီးသလားဟင်
အဲဒီနိုင်ငံတွေမှာ လမ်းတွေတအားပျက်နေသလား
အဲဒီနိုင်ငံတွေမှာ အရွယ်မတိုင်ခင် ကလေးတွေအလုပ်လုပ်နေရသလား
အဲဒီနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေ အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရှိလား
အဲဒီနိုင်ငံတွေမှာ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍကို အစိုးရက ငွေဘယ်လောက်သုံးပါသလဲ
အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲတွေ အတင်းပေးခိုင်းတာရှိလား
အဲဒီနိုင်ငံတွေမှာ စာသင်ကျောင်းက ပုံနှိပ်စာအုပ်တွေဟာ အဖြူအမဲ ပဲလား
အဲဒီနိုင်ငံတွေမှာ ချဲထိုးလို့ ရလား ချဲဒိုင်တွေ အများကြီးပဲလား
အဲဒီနိုင်ငံတွေမှာ တရားသူကြီးကို အောက်ဆိုက်ပေးရသလား
အဲဒီနိုင်ငံတွေမှာ သက်ပြည့်မှတ်ပုံတင်လုပ်ရင် ကြာလား
အဲဒီနိုင်ငံတွေမှာ အစိုးရ သတင်းစာတွေပဲရှိလား
အဲဒီနိုင်ငံတွေမှာ အဲသည်လိုဆန္ဒပြရင် အဖမ်းခံရလား အနှစ် ၂၀ အနှစ် ၃၀
ထောင်ချပစ်တာပဲလား

မောလိုက်တာ
မေးစရာတွေက မကုန်သေးဘူး

အဲဒီနိုင်ငံတွေအကြောင်းမေးပြီးရင် ဗမာနိုင်ငံအကြောင်းသိချင်ပါတယ်
ဗမာနိုင်ငံလူဦးရေက သန်း၅၀ ထားပါတော့
သန်း၅၀
ရဲ့ ၁%က လူဦးရေ ၅သိန်းနော်
ဗမာနိုင်ငံ မှာ အချမ်းသာဆုံးကနေစပြီး တန်းစီကြည့်မယ်
အချမ်းသာဆုံး အဆင့်
ကနေ အချမ်းသာဆုံး အဆင့်ငါးသိန်းအထိ
ပိုင်ဆိုင်မှုတွေပေါင်းလိုက်ရင် တိုင်းပြည်ဝင်ငွေ
ရဲ့ ဘယ်နှပုံ
ဘယ်နှပုံရှိနိုင်လဲ
ဗမာပြည်မှာ သူဌေးငါးသိန်းရောရှိ
ရဲ့လား

ဗမာပြည်မှာဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေတာဘယ်လောက်ရှိသလဲ
ဒီ
ခုကတော့ အတိကျ နီးပါးပြောလို့ရပါတတယ်
သန်းငါးဆယ် အနှုတ် ငါးသိန်း ညီမျှခြင်း လေးဆယ့်ကိုးသန်းငါးသိန်းပေါ့

ဟုတ်မဟုတ် ကျနော့်ကို အကြောင်းပြန်ကြပါ
ဗမာပြည်မှာဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေတာ လေးဆယ့်ကိုးသန်းငါးသိန်း ဟုတ်ပါသလား

အဲနောက် ဆက်ပြီးအကြံတောင်းပါရစေ
အဲဒီ လေးဆယ့်ကိုးသန်း ငါးသိန်း က ဘယ်လိုဆန္ဒပြနည်းကိုသုံးပြီး ပါဝင်သင့်ပါသလဲ

3 comments :

Anonymous said...

ချမ်းသာတဲ့ လူလည်း ငါးသိန်တော့ မ၇ှိလောက်ဘူးဗျ ငါး၇ာလောက်က ရှူက်ကိုင်ထားတာပါ

Anonymous said...

In Singapore , once you cannot pay electric bill your flat will be black out soonest and lock meter box .Once you cannot pay utility bill , you cannot drink water freely .Elder people are collection old can to drink a cup of tea .Some are dry in their stomach in good looking make up flats.SG's GDP is very good outlook and there is very good employ rate in their show case .So and so , i don't want to tell too much about other country's affairs .Open widely your eyes & ears . Slogan of SG is " we don't do charity , we are do business". Wish to all Myanmars to get right things & need to know our country's value .

Anonymous said...

The poverty line is different from country to country, for Myanmar: people earning less than 1 USD (800 Kyats) per day are considered people living under poverty line, which is 24% of total population (UNDP IHLCA Report 2010), similarly the defination of rich is differnt, we can roughly considered people, who have decent job/business, house, car, luxuries and specially people who can afford decent education for their children, are rich. So may be 1%= 520,000 people = 100,000 households are likey to be fall into rich category, this people are probaby the one who controlling the 90% of the Myanmar economy