Thursday 27 October 2011

ဒီဗွီဘီ ဘာလဲ ဘယ်ကိုသွားမှာလဲ

သို့

ဒီဗွီဘီ

ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး ကို စစ်အုပ်စုက နှစ် (၁၀၀)နီးပါးထောင်ချထားတယ် ဆိုတော့  ဦးခွန်ထွန်းဦး သေပြီး သူ့ ဝိဥာဉ် ကိုတောင် စစ်အုပ်စုက ဆက်လက်ထောင်ချမဲ့  သဘောသက်ရောက်နေပါတယ်။DVB ဒါရိုက်တာ ဟန်ကြီးကိုတော့  စစ်အုပ်စုက သမီးလေးလက်ဆွဲပြီး ပြည်ဝင်ခွင့် ပေးခဲ့ ပါတယ်။ လူတွေအားလုံးကဝိုင်းဝေဖန်တော့ မှ "ကိုယ်ရေးကိုယ်တာ" ခရီးစဉ်ပါဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ ချော်လဲရောထိုင်လိုက်တယ်။ ကျတော်တို့ အမြင်အရတော့  အံဖုန်း ကလည်း (DVB)နှင့် ပါတ်သက်ပြီး ထောင်ကျသူစာရင်း (၁၇)ယောက်ကို စစ်အုပ်စုအလိုတော်ရိ မြတ်ခိုင်လက်ထဲ ထည် ခဲ့တယ်။ ဟန်ကြီးကလည်း ဘားမား VJ ယူဂျီတာဝန်ခံတွေကို(၂၀၁၀) ဘတ်ဂျက်မှာ အလွဲသုံးစားရှိတယ်ဆိုပြီး၊(၂၀၁၁)ဘတ်ဂျက်ကိုအတူတူ သုံးစွဲ နေပြီးကာမှ ယူဂျီတွေကို ရဲနဲ့ ဖမ်းမယ် ဆိုပြီး ဒီဗွီဘီ မီဒီယာသုံးပြီး စွပ်စွဲခြိမ်းခြောက်ကာ အဖွဲ့က ဖဲ့ထုတ်ပစ်ခဲ့ ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက် မှာယူဂျီ ရုံးချုပ် ရှိတယ်ဆိုပြီး လည်း စစ်အစိုးရ သိအောင် ပြည်တော်ပြန်ဟန်ကြီးဖွင့် ချခဲ့ တယ်။ အားလုံးက စစ်အစိုးရ အကြိုက်တွေပါ။ ကျတော်တို့ မေးခွန်းက ယူဂျီခေါင်းဆောင်တွေကို ရဲနဲ့ ဘယ်တော့ ဖမ်းမှာလဲ ?ပြည်တွင်းက ယူဂျီတွေ အဖမ်းခံ ခဲ့ ရသော် (DVB)က ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမလဲ ? ဒီဗွီဘီ အတွက် အနစ်နာခံ လျှို့ဝှက်မှုပေါင်းများစွာလုပ်ပေးခဲ့သူ ပြည်တွင်းလှုပ်ရှားမှု ခေါင်းဆောင်တွေကို အခုလို စော်စော်ကားကားလုပ်တာ ကျေးဇူးရှင် တွေကို ကျေးစွပ်သလို ခံစားရပါတယ်။ ရာထူးကယာယီ ဆင်းပေးတယ်ဆိုတဲ့ ခင်မောင်ဝင်း၊အေးချမ်းနိုင် နဲ့ ဒါရိုက်တာအသစ် ပြည်တော်ပြန်ဟန်ကြီးတို့  တာဝန်ကင်းမဲ့ မှုတွေနဲ့ ပါတ်သတ်လို့  အနာဂါတ်မှာဆက်လက်ခေါင်းဆောင်မှု့ ကို(DVB)ပရိတ်သတ်များက မလိုလားတော့ကြောင်း အသိပေးအပ်ပါတယ်။ တိုက်တွန်းတောင်းဆိုအပ်ပါတယ်။ ပွင့် လင်းထင်သာမှု ရှိတယ် ဆိုတဲ့ ဒီဗွီဘိ ရဲ့ Talk2dvb အစီအစဉ်မှာ လူထုသိအောင်ဖွင့် ချပေးဖို့ တောင်းဆိုပါထည်း။ ဒီဗွီဘီ အသံလွှင့်ဌာနကြီး စစ်အုပ်စုလောင်းရိပ်အောက် မှအမြန်ဆုံး လွတ်မြောက်နိုင်ပါစေခင်ဗျား။ ။

ပေတိုး (ခေတ္တ ထိုင်းနိုင်ငံ)
ဖုန်း ၀၈၅၁၇၀၇၀၅၃

6 comments :

Anonymous said...

ဦးဟန်ညောင်ဝေက အလည်သွားတာပါ။အံ့ဖုန်းကလဲသူ့ဆရာသူစကားပြောတာဘဲ။ဘာလို့အဲလောက်အပြစ်တင်နေကြတာလဲလေ။တော့ခ်တူးဒီဗီဘီကိုဒီဗီဘီမကောင်းကြောင်းသွားပို့တောသူတို့ဖတ်ပြပ့ါမလား။

Anonymous said...

ယူဂျီခေါင်းဆောင်လား အိုဂျီခေါင်းဆောင်လားတော့မသိဘူး နော်ဝေ ရဲက တော့ ငွေကြေးအလွဲသုံးစား အမူ့ နဲ့ ဝရမ်းထုတ်တော့မယ်။ တကယ် ခိုးမခိုးတော့ တရားရုံးရောက်မှရှင်းတော့ ။ တကယ်မခိုးရင်တော့ တရားစွဲသူတွေ အလွန် ။ တကယ်ခိုးခဲ့တယ်ဆို ခံပေါ့ ။ ကိုယ့်လိပ်ပြာကိုယ်လုံပါစေ ။ ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကိုယ်အသိဆုံးပါ။ ကိုယ့်သမိုင်းကို ကိုယ် လှလှပပရေးနိုင်ကြပါစေ။ ။

Anonymous said...

Burma VJ ရော ထိပ်ပိုင်း ဒီဗွီဘီ အရာရှိတွေရော ဒီပုတ်ထဲက ဒီပဲတွေပဲ။ အကုန် လုပ်စားနေတာ။ ယူဂျီလုပ်ငန်းမို့လို့ စာရင်းမပြနိုင်ဘူးဆိုပြီး ကားအကောင်းစားဝယ်စီးတာတို့၊ အိမ်ဝယ်တာတို့က အလွဲသုံးစားသက်သေတွေပဲ။ အခြေခံ ကိုယ်ကျင့်သီလမကောင်းတဲ့ သူတွေ အတွက် ငွေက တော်လှန်ရေးသမားလို့ ပြောနေတဲ့ သူပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပျက်သွားအောင် ဖျက်ဆီးဖို့လွယ်တယ်။ ငွေအလွဲသုံးစားလုပ်နေတာတွေ အတိုက်ခံလောကမှာ လွတ်ကင်းတဲ့လူရှာမှ ရှားပဲ။ ဒါကြောင့် ကိုယ့်အတွင်းထဲက စိတ်ဓါတ်ပိုင်းဆိုင်ရာတွေကို အရင်ပြုပြင်ပြီးမှ သူများကို ပြုပြင်နိုင်မယ်။ နိုင်ငံကို ပြုပြင်နိုင်မယ်။

ဖိုးထောင် (မဲဆောက်) said...

ဟုတ်ပါပြီ VJ ကလူတွေ ဘတ်တယ်ပဲထားအုန်း ဒီလောက်ငွေအများကြီး ဘတ်နေတာအထက်က ခင်မောင်ဝင်းတို့ အေးချမ်းနိုင်တို့ မသိဘူးလား စောက်လုပ်မလုပ်ကြဘူးလား ရှင်းရှင်းလေးပဲ ဘတ်တဲ့သူအပြစ်မဟုတ်ဘူး ဘတ်နိုင်အောင် ဟ ပေါက်ရှိနေတာ မသိဘူးလား အခုကျမှ ဟိုလူ့လွှဲချဒီလူ့လွှဲချနဲ့ မနိုင်မနင်းနဲ့ ခိုးတယ်ဆိုရင် ခိုးတဲ့လူအပြင် ခိုးတဲ့သူခိုးလာအောင် ပိုက်ဆံပေါပေါထုတ်ပေးတဲ့သူအပြစ်လဲရှိတယ် စရင်းဇယားရောမရှိဘူးလား အဓိက အော်စလိုက လူ့မလိုင်တွေ အုပ်ချုပ်မှုမနိုင်တာရှင်းနေတာပဲ

Anonymous said...

In Human History, when Politics drains' to Business and vice versa, some people let it drain their
classifications as well.
SHAME ON THEM.

အိုဂျီ ကျိကျိခင် said...

ယူဂျီ အုပ်စုတွေ ဒီနေ့ထက်ထိ ဘာတွေလုပ်နေလဲ သိချင်နေလား။ နင် မသိထိုက်ဘူးထင်တယ်။ ယူဂျီခေါင်းဆောင်တွေ က တပ်လို့ ယူဂျီလုပ်တာ။ အိုဂျီကတော့ နင့်ဖင်သာ နင်ပြန်စမ်းလိုက် ကျိကျိခင်။