Monday 31 October 2011

တမတ်သား ဥပဒေ ပြင်ဆင်မှု အပေါ် သုံးသပ်ချက်

ကိုလတ်တူး

ဒေါ်အောင်ဆန်းစု ကြည် နှင့် ဦးအောင်ကြည် တို့ ဆွေးနွေးပွဲ မှာ ဥပဒေ ကို ပြင်ဆင် ပေးပါမယ်လို့ အထပ်ထပ်အခါခါ မေးခွန်း မေးမြန်း ပြောဆိုခဲ့တာကြားခဲ့ရတယ်။ ဒါပေမဲ့ ဘာ ဥပဒေ ကို ပြင်ဆင်ပေးတာလဲ။ ဒီပြင်ဆင်ပေးမှု ကို  ပြည်သူတွေ အပေါ် ရှင်းရှင်း လင်းလင်း ကော တင်ပြခဲ့ပါသလား။?  ဆိုတဲ့ မေးခွန်းတွေ ရှိနေတယ်။

ကျနော့် အမြင် ကတော့ -

သိန်းစိန် အစိုးရ က   legitimacy  ပိုမို  ဖြစ်လာအောင် ရွှေးကောက်ပွဲ မှတ်ပုံတင် ဥပဒေ ကို ပြင်ဆင် ပေးမယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို တော့ လုံးဝ မပြင်ဆင်ဘူး။ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို  ကာကွယ်စောင့်ရှောက်ပါမည် နှင့် လေးစားလိုက်နာရမည် ကို ပြင်ဆင်ပေးတာ သာဖြစ်တယ်။) ဒီ ပြင်ဆင်ခဲ့တဲ့ စကားနှစ်ရပ်ဟာ  အမှန်တော့ ဘာမှ ကွာခြားမှုမရှိပါ။

NLD က  လည်း ရွှေဂုံတိုင် ဆုံးဖြတ်ချက်  ကို ဖျက်ပါတယ်။ ၁၉၉၀ ရလာဒ်  တောင်းဆိုချက် ကို ဖျက်ဖို့ သဘောတူပါတယ် လို့ ပြည်သူ ကို ရှင်းရှင်းလင်းလင်း မတင်ပြခဲ့ပါ။ အကျဉ်းသားတွေ ကို လွှတ်ပေးပြီးမှ၊ ရွှေးကောက်ပွဲ ၀င်မှာလား ဆိုတာ ကို ပြည်သူ ကို ရှင်းရှင်းလင်းလင်းမတင်ပြခဲ့ပါ။

ဘယ်လို ပဲဖြစ်ဖြစ်…..  မြန်မာ နိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ ပြောဆိုနေဆဲဖြစ်တဲ့  သိန်းစိန် အစိုးရ အောက်မှာ တမတ်သား လွှတ်တော် ကို ၀ိုင်းရံကြ ။ တမတ်သား ဥပဒေ ကို ထောက်ခံ ကြ ရတော့မဲ့ ကိန်း ဆိုက်ရောက်နေပါတော့သည်။

2 comments :

Anonymous said...

ကိုလတ်တူး (သို့) ကိုမိုးသီး
ဒီမိုကရေစီမူအရ အကိုတို့ရဲ့ ထင်မြင်ဝေဖန်ချက်ကို ဖတ်ရှုရပါသည်။ လွတ်လပ်စွာကြည့်မြင်တတ်သော မြန်မာ (သို့) ဗမာလူမျိုးတစ်ယောက်ရှိလာပြီ ဖြစ်သောအတွက်လည်း ဒို့မြန်မာပြည်အတွက် အထူးပဲဂုဏ်ယူရပါသည်။
ဒါကြောင့် အားလုံးသောမြန်မာပြည်သူများ၏အကျိုးကိုရှေးရှုလျက် အမေစု ကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံတိုက်ပွဲ
ဝင်နိုင်ပါစေကြောင်း...
ဒီလိုမျိုး Post တွေကို တင်ပေးသောစေတနာအားဖြင့်လည်း ကိုမိုးသီးကြီးကိုလဲ ကျေးဇူးအထူးတင်လျှက်ပါ...
အစဉ်ဆုတောင်းပေးလျှက်

Anonymous said...

Moving slowly and cautiously, not to be a mess again, by protecting their safe side. (HUNTING)