Sunday 16 October 2011

မင်းကိုနိင် မွေးနေ့  အမှတ်ရ ဂုဏ်ပြုကဗျာ ( မင်းမင်းရေးသည်)

ကိုမင်းကိုနိုင်၏၁၈ရက်နေ့ မှာကျ
ရောက်မယ့်၄၉နှစ်မြောက်မွေးနေ့ 
ကိုကျနော်တတ်နိုင်သလောက်ကြိုး
စားပြီးဒီလိုလေးဂုဏ်ပြုပါ့မယ်။

အမည်အရင်းက"ပေါ်ဦး"
မခေါ်ဖူး၊မပေါ်ဖူးရင်မှတ်ထား
ဘာမှမကိုင်
အာဏာရှင်ကိုထီမထင်တဲ့
"မင်းကိုနိုင်"
လက်ရုံးမပါသူ့ ဘဝ"နှလုံးသား"
ကိုလူထုအတွက် လမ်းခင်း ပြ
ဒါ(၈၈)ကွ လို့  ဒို့ ဂုဏ်ယူတယ် ။

ကျောင်းမပြီး၊မောင်းမတီးနိုင်ခဲ့သူ
တခြားသူတွေဘဝပြောင်း(၈၈) တွေ
ကတော့အဟောင်း၊အမှောင်ခန်း
သွား၊တိုက်ပိတ်ထားလည်းအရှုံး
မရခဲ့တဲ့သူ့ ဘဝ။
ကျနော်ဒို့ တချိန်မှာမမေ့ဘူး။
ကိုပေါ်ဦးရေ-

လောင်စာဈေးတွေမိုးပေါ်ရောက် တော့သူဟာ
တဖန်ထလို့ လမ်းပေါ်လျှောက်
အာဏာရှင်တွေလန့် လို့ သွား၊
သွားဟဲ့ "၆၅" ။


မကြောက်ရွံ့ နောက်မတွန့် 
အရှုံးမပေးခဲ့သူ
မိဘရင်ခွင်မှာကြာကြာမနေရ
သူ့ ဘဝအာဏာရှင်ထောင်ထဲ
နောက်တဖန်ကြ။
အာဏာရှင်ကိုတော်လှန်နေတဲ့
"ရွှေထုပ်တဲ့မြပဝါ" ပါ။

၈၈တုန်းကသွေးတွေကတ္တရာလမ်း
တွေပေါ်မှာစွန်းနေစဲပါ၊ငါတိုအရို
တွေတောင်လိုပုံမှမင်းတို့ လုပ်ချင်
တာလုပ်လုပ်လို့ ရမယ်လို့ ဟစ်
ကာကြွေး ဘဝတွေကိုအရှုံး
မပေးခဲ့သူတွေ၊အဲ့ဒါ ၈၈ တွေပါ။
"မင်း" တို့ ကျောင်းနံရံတဝိုက်"ကို"
ဒေါင်းအလံပြန်စိုက်"နိုင်"ရမည်ဟေ့။

စစ်အာဏာရှင်ရဲ့ထိုင်ခုံကိုကိုင်လှုပ်
ခဲ့သူကိုပေါ်ဦးထွန်း(ခ)ပြည်သူလူထုကနာမည်ပေးခဲ့သူ ကိုမင်းကိုနိုင်
နှင့်၈၈မျိုးဆက်ကျောင်းသားခေါင်
ဆောင်တွေအတွက်အမှတ်တရ။
လေးစားစွာဂုဏ်ပြုပါ၏။

မင်းမင်း။

No comments :