ငြိမ်းတရားနဲ့ ဂျာနယ်သူကြီးခေတ်
by ခင် ရတနာ on Saturday, October 15, 2011 at 9:10am
(ဒိန်ဖန်ခူးရဲ့အတွေးများမှ ကောက်နှုတ်ဖော်ပြချက်)
မြန်မာပြည်အခြေအနေက ရီစရာကောင်းတယ်..နော့။
အုပ်ချုပ်သူ
စစ်အစိုးရနဲ့ နှစ် ၂၀ကျော်က ငြိမ်းလုပ်ထားတဲ့အဖွဲ့တွေကို ခုတခါ
အစက ပြန်စခိုင်းတယ်။ ဒီတခါတော့ ကားရောင်းတာ
အိမ်ရောင်းတာလို ပြည်နယ်အစိုးရတွေနဲ့ အရင်ဆွေးနွေးခိုင်းသတဲ့။
အတော်လေးနက်တာဘဲ။
( ခေါင်းစဉ်ကိုကလစ်ပါ ။)
အရင် နှစ် ၂၀ကျော်ငြိမ်းတုံးက ဗကပ
ခွဲထွက်တွေနဲ့ ထိုင်းနယ်စပ်ခက်နက်ကိုင်တွေ မပေါင်းရေးက အဓိက။ ဒါကြောင့်
ကိုယ့်သေနတ်ကိုယ်ကိုင်။ ကိုယ့်နယ်မြေကို ကိုယ်အုပ်ချုပ်။
ဘိန်းလုပ်လုပ်ဘာလုပ်လုပ် သူတို့သေနတ်ပြောင်း ကိုယ့်ဘက်မလှည့်ပိးရော
ငြိမ်းခဲ့တာ။ နှစ်၂၀ပီးတော့ ငြိမ်းတွေထဲ ကျိကျိတက် ချမ်းသာသူတွေ ပေါ်လာတယ်။
ဦးသိန်းစိန်အစိုးရခေတ်မှာ ဒီလူတွေက ကိုယ့်စီးပွားလေးပျက်မှာကြောက်တော့
ငြိမ်းတရားဟောကြ ပြန်သတဲ့။ မသိသူတွေက လက်ခုတ်သံတဖြောင်းဖြောင်း။
ဦးသိန်းစိန်အစိုးရတက်လာတော့
လူလတ်တန်းစား စီးပွားရေးသမား အတော်များများ ခေါင်းထောင်လာနိုင်ပုံရတယ်။
အစိုးရနဲ့ ၀င်ဆန့်သူရော မ၀င်ဆန့်သူရော။ ဒီထဲမှာ စီးပွားတက်
ရောင်းအားတက်ပီး ချမ်းသာလာတဲ့ ရန်ကုန်က ဂျာနယ်ကြီးတချို့လဲပါတယ်။
ဦးသိန်းစိန်အစိုးရက ဒီမိုကရေစိကြောင်း တွင်တွင်ပြောပီး ၀ါဒဖြန့်တော့
ဂျာနယ်ပိုင်သူတချို့ကလဲ ဒီမိုလိုလို ဘာလိုလို လုပ်လာတယ်။
တချိုဂျာနယ်ပိုင်သူတွေဆိုရင် ရန်ကုန်လူထုကို ဆရာလုပ်ချင်လာတယ်။
ရန်ကုန်လူထုကို သူကြီးလုပ်ချင်လာတယ်။
သူတို့အစွယ်တွေ
ဘယ်မှမြင်ရလဲဆိုတော့ တလောက ရန်ကုန်မှာ ဆန္ဒပြမှုတွေ နည်းနည်းပါးပါးဖြစ်တော့
ဦးကျော်ဆန်းရှယ်ယာတစုပါတယ်လို့ နာမယ်ကြီးတဲ့ ဂျာနယ်သူကြီးတယောက်ဆိုရင်
ဟန်တောင် မဆောင်နိုင်ဘူး။ ဦးသိန်းစိန်ကိုယ်စား ရန်ကုန်လူထုကို ၀င်ပီး
သဟောက်သဟမ်း လုပ်တယ်။ ဒီအချိန်ဟာ
ဆန္ဒုပြရမဲ့အချိန်မဟုတ်.တော်ကြာပွင့်နေ တာ ပြန်ပိတ်သွားမယ်ဘာညာနဲ့
ရန်ကုန်လူထုကို ဆရာလုပ်သတဲ့။
ဒိမိုလမ်းကြောင်းမှာ
ဒီလိုဆန္ဒပြတာတွေဟာ မလွဲမသွေရှိနေမဲ့ Freedom of Speech ဆိုတာ အဲဒိ
ဂျာနယ်သူကြီး မေ့သွားပုံရတယ်။ အမှန်က ဆန္ဒပြမှုတွေများလာရင် ဂျာနယ်သူကြီးရဲ့
စီးပွားရေး ပွန်းပဲ့သွားမှာ စိုးရိမ်ပီး ကိုယ့်ကိုကိုယ်
သူကြီးထင်ပြီး ၀င်ဟောက်တာတဲ့။ ဒီလိုလူတွေကဘဲ မြစ်ဆုံအကြောင်း
အာပေါင်းအာရင်းသန်သန် ပြောဆိုဘဲ။
ဦးသိန်းစိန်အစိုးရခေတ်မှာ
တချိန်က အညာမှာ ဆင်းဆင်းရဲရဲ စားကြရတဲ့ မုန့်ပြားသလက်က ခု
ဗိုလ်ချုပ်ဈေးရဲ့ အဆင်တန်ဆာဖြစ်နေသတဲ့။ အညာက မုန့်ဗိုင်းတောင့်ကလဲ
ရန်ကုန်မှာ မျက်နှာပွင့်နေသတဲ့။ ကျောက်ပန်းတောင်း
ပလာတာသုတ်က မြေနီကုန်း ရွှေရည်လဘက်ရည်ဆိုင်မှာ မျက်နှာပွင့်နေသတဲ့။
ရန်ကုန်က နတ်မျက်စိရထားတဲ့ လုပ်ငန်းရှင်ကြီးတွေက ကားဟောင်းတွေ
သိမ်းတော့မဲ့သတင်းကို ရက်ပိုင်း ကြိုပီးအကြားအမြင်ရလို့
သိန်းပေါင်းများစွာ ထောကုန်သတဲ့။
ကုန်းဘောင်ခေတ်က ထနောင်းတိုင် ဦးပညာကို သတိရမိပါရဲ့။ ဘာတဲ့...
မသာလာရင်း လူပျိုလှည့်
ရုံပွဲကြည့်ဘို့ လက်မှတ်ယူ
အလှူပေးလျက် ထမင်းရောင်း
ကျောင်းထိုင်လျက် ကုန်ကူး
အရူးက တုတ်ဆောင်
လှည်းသမားက ယောင်တောင်တောင်.....ဆိုလား။ လွဲရင်လဲ သည်းခံပေးပါ။
No comments :
Post a Comment