Monday 10 October 2011

CIA Archives: Buddhism in Burma - History, Politics and Culture




 

မြန်မာ့ အရေးကိုလေ့လာသူတိုင်း၊ တိုက်ပွဲဝင်နေသူတိုင်း ကြည့်သင့် ပြန်လည်သုံးသပ်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ဒီမှတ်တမ်းမှာ - လွတ်လပ်ရေးရပြီးမြန်မာ ပြည်ဟာ ဗုဒ္ဒဘာသာနဲ့  ဘက်မလိုက်ကြားနေရေး (  Neutralism ) ဟာ စံချိန် ( Ideal)  တခုလို ရပ်တည်တဲ့ နိင်ငံရေးရပ်တည်ချက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဦးနု၊ဦးနေ၀င်း၊ သန်းရွှေ၊ သိန်းစိန် တို့  ခေတ်အဆက်ဆက် 
မြန်မာ ပြည်ဟာ ကြားနေပီသအောင်မလုပ်တည်ခဲ့ကြဘူး။ တရုပ်ဖက်ယိမ်းတဲ့ကြားနေရေးဝါဒကို
တလျောက်လုံးကျင့်သုံးခဲ့တယ်။ ကျနော်တို့ ခေတ်မှာတော့ မြန်မာ စစ်တပ်ခေါင်းဆောင်တွေဟာ
တရုတ်တွေရဲ့ သူလျိုလ်လုပ်ပေးနေတယ်လို့ အထိတောင် စင်္ကပူခေါင်းဆောင်က စွပ်စွဲခံရတဲ့အထိဖြစ်လာပါတယ်။ တရုတ်က မြန်မာ ကို ရာဇ၀င်တလျောက်လုံးဒုက္ခပေးခဲ့တယ်။ 
ပုဂံခေတ်အစ-ညောင်းရမ်းခတ်အလယ် - ကနေ ခေတ်အထိဖြစ်ပါတယ်။  မြန်မာ စစ်ခေါင်းဆောင်တွေဟာ
တိုင်းပြည်ကိုဖျက်ဆီးနေတယ်။ ခေတ်သစ်မင်းခွေးချေး၊ နန္ဒဘုရင်လိုလူစားတွေဖြစ်တယ်။ ကိုယ်တိုင်းပြည် တိုင်းရင်းသားပေါင်းစုံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးထက် အရေးကြီးတဲ့ အရာဘာမှမရှိဘူး။ 
သခန်းစာကတော့ 
 
၁- မြန်မာ စစ်တကသိုလ်မှာ သင်ကြားနေတဲ့ ခေတ်နောက်ကျတဲ့အမြင်တွေကို ပြောင်းလဲပြစ်ရမယ်။ စစ်သားရွေးခြယ်ရေး မူတွေကိုပြောင်းရမယ်။
၂- တရုတ်ဖက်ယိမ်းတဲ့နိင်ငံခြားရေးပေါ်လစီကိုပြောင်းရမယ်။ 
 
၎- တိုင်းရင်းသားပေါင်းစုံပြည်သူတွေရဲ့ အကျိုးစီးပွားထက်အရေးကြီးတာဘာမှမရှိဘူး။ ဒီအကျိုးစီးပွားကိုဖေါ်ဆောင်ဖို့ ငြိမ်းချမ်းရေးကိုချက်ခြင်းတည်ဆောက်ကြရမယ်။

၅- အနောက်နိင်ငံတွေရဲ့  ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ပြီး မြန်မာ ပြည်ရဲ့  အကျိုးစီးပွားနဲ့ လုံခြုံရေးကို ထိမ်းသိမ်းရမယ်။


- မိုးသီးဇွန်-

No comments :