Saturday 8 October 2011

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်အား မကြာမီရက်ပိုင်းအတွင်း ပြန်လွှတ်ပေး မည်ဟု အမျိုးသားလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြောကြား


နော်ဝေနိုင်ငံမှ အစိုးရအဖွဲ့ဝင် ၀န်ကြီး (Espen Barth Eide) အက်စ်ဘတ်အီဒဲသည် ၇-၁၀-၂၀၁၁ နေ့က မြန် မာအစိုးရ၏ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ယင်း သို့တွေ့ဆုံစဉ် ဦးရွှေမန်းမှ မြန်မာနိုင်ငံတွင် များမကြာမီ ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား ၂,၀၀ဂ (နှစ် ထောင်) လွှတ်ပေးမည်ဟု ထုတ်ဖော်ပြောဆိုသည်ကို နော်ဝေ ရုပ်မြင်သံကြားဌာနတခုဖြစ်သည့် nrk မှ ပြသ သွားသည်။ ဦးရွှေမန်းမှ မြန်မာလို အကျဉ်းသားများ လွှတ်ပေးမည်ကို နော်ေ၀၀န်ကြီးမှ နားမလည်သဖြင့် ပြန် လည်မေးမြန်းရာ မကြာမီ ရက်ပိုင်းအတွင်းပေါ့။ အကောင်အထည်ဖော်မှာပါဟု ပြန်လည်ဖြေကြားရာ အင်္ဂလိပ် စကားပြန်မှ within a few days ဟု ပြန်ပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ကြိုဆိုပါ မည်လားဟု ထပ်မံမေးမြန်းရာတွင် ရှိနိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာနိုင်ပါတယ်၊ အဲလို ပေါ်လာမယ်ဆိုရင် လည်း မိမိတို့ဘက်မှ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။
(သတင်း - ဟစ်တိုင် မူရင်း၊ နော်ဝေသတင်း) 
source: Drlwanswe

1 comment :

Anonymous said...

I saw that video. I think still early to conclude that all will be set free. He was saying within a few days prisoners release is possible.

Be careful when you interpretation because Junta has a way with words and they have been cheating for years.