Thursday 20 October 2011

ကာဒါဖီအသေဆိုးနဲ့ သေရပြီ

လစ်ဗျားခေါင်းဆောင် ကာဒါဖီးကို အသေမိပါပြီ။ သူသေပြီလို့ လစ်ဗျားကိုရောက်နေတဲ့ဟီလာရီကလင်တန်
က အတည်ပြုပြောကြားပါတယ်။ ( စီအန်အန်) ဒါအပြင် ကုလသမဂအတွင်းရေးမှုးဘန်ကီမွန်းကလည်း
အတည်ပြုပေးပါတယ်။ 

သူအလောင်းကိုလူတွေက ၀ိုင်းဝန်းကန်ကြောက်နေပါတယ်။  ဒုတိယကမ္ဘာစစ်ကာလ အီတလီ အာဏာရှင်
မူဆိုလိုနီကို လည်း သတ်ပြီးတဲ့အခါ အလောင်းကိုလူထုက ၀ိုင်းဝန်းကန်ကြောက်သတ်ဖြတ်ခဲ့ကြတဲ့ဖြစ်ရပ်နဲ့ ဆင်နေပါတယ်။
သူဟာလစ်ဗျားနိင်ငံကို  မြန်မာစစ်ခေါင်းဆောင်တွေလိုပဲ အာဏာရှင်စနစ်နဲ့   ၄၂ နှစ်အုပ်ချုပ်ခဲ့တယ်။ 
တိုင်းပြည်ပိုက်ဆံတွေကိုအလွဲသုံးစားလုပ်ခဲ့တယ်။ ဗမာစစ်ခေါင်းဆောင်တွေလိုပဲ ဆွေးမျိုးတစု ကောင်းစား
ရေး ပဲလုပ်ခဲ့တဲ့ အတွက်လူတွေဒေါသထွက်ပြီး ပုန်ကန်မှုများပြုလုပ်ခဲ့တယ်။ နောက်ဆုံးမှာနေတိုးကလေကြောင်းမှ သူပုန်တွေကိုကူညီခဲ့တဲ့အတွက်
သူဟာ သူရဲ့ မွေးရပ်မြေက နေထွက်ပြေးဖို့ အလုပ်မှာအသေမိခဲ့တယ်။ ဒေါသထွက်နေတဲ့လူအုပ်က 
သူရုပ်အလောင်းကို ၀ိုင်းဝန်းကန် ကြောက် တယ်။ အ၀တ်အစားတွေကိုချွတ်ခဲ့ကြပါတယ်။ 
ဦးသန်းရွှေ၊ အောင်သောင်းနဲ့ တင်အောင်မြင့်ဦးတို့  သတိပြုဖွယ်ဖြစ်ပါတယ်။ 
မြန်မာပြည်မှာလူတွေအလွန်ဆင်းရဲမွဲတေနေတယ်။ အလွန်ကြောက်နေတယ်။ဒီအကြောက်တရားတွေက 
အစွန်းတဖက်ကို ကူးသွားလေ့ရှိပြီး မဟာပေါက်ကွဲမှုကြီးတွေဖြစ် လာနိင်တယ်ဆိုတာ လစ်ဗျားပြည်သူတွေရဲ့ 
ဖြစ်ရပ်ကသက်သေခံနေပါတယ်။ အာရပ်စပရင်း မြန်မာ ပြည်မှာ ဖြစ်လာရမည်။ 
ဒီမှာ ကြည့်ရှု့ ပါ။ 

Graphic video shows Gaddafi alive, manhandled before death (1:00) Oct. 20 - WARNING: GRAPHIC CONTENT. Graphic video from Al Ahrar TV show images of former Libyan leader Muammar Gaddafi, apparently wounded but still alive when he was captured. Gaddafi was shown being manhandled by fighters and appearing to struggle against them at one point. He appeared to have a bloodied face and was shown being pushed against a car and being struck on the head by a pistol. Rough Cut (no reporter narration).

No comments :