Sunday 30 October 2011

သူရဲကောင်းတွေကို တာမွေ NLD ရုံးက ဂုဏ်ပြုကြိုဆို

ဒီနေ့ တာမွေမြို့နယ် ဒီချုပ်ရုံးမှာ တာမွေမြို့နယ်မှ ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုပွဲလုပ် တယ်။ ကိုနေကျော်၊ ကိုကြည်လွင်၊ ကိုမင်းဟန်၊ ကိုသက်ဦး၊ ကိုမိုးထက်လျှံ၊ ကိုမျိုးလှိုင်၊ ကိုစောသက်ထွန်း၊ ကိုဇော်ရဲဝင်း တို့ကို ဂုဏ်ပြုကြိုဆိုခဲ့တယ်။ ကိုမျိုးလှိုင်က မအားလို့ သူက လွဲလို့ ကျန်တဲ့လူတွေအကုန်လာတယ်။ အခမ်းအနားကို ၉ နာရီမှာ စတယ် ၁၁ နာရီမှာပြီးတယ် ခေါက်ဆွဲကြော်နဲ့ ဧည့်ခံတယ် အအေးတိုက်တယ် တာမွေမြို့နယ်မှ ဒီချုပ်ပါတီဝင် တွေနဲ့ ကျောင်းသားလူငယ်တွေ တက်ရောက်တယ်။


1 comment :

Anonymous said...

ဒီသူရဲကောင်းတွေဟာ သူတို့ရဲ့သမိုင်းကိုသူတို့ကိုယ်တိုင်ရေးခဲ့ကြတယ်လို့ ထင်မြင်မိပါတယ်..
"Hero will never die..!"