နိင်ငံတကာဆက်ဆံရေး
မှာ ရုရှားအရုပ်များ Russia Dolls ဆိုတဲ့ဝေါဟာရရှိတယ်။ ဒါကတော့ ပြစ်တိုင်းတောင်လို
အရုပ်။ သူကိုဖွင့်လိုက်ရင် နောက်တရုပ်ထွက်လာတယ်။ အဲ့ဒါကိုဖွင့်လိုက်ရင် နောက်တရုပ်ထပ်တွက်လာတယ်။
တခုပြီးတခု ထည့် ထားနိင်သလောက်ထွက်လာတာပေါ့။ အရုပ်တွေကတဖြေးဖြေးသေးသွားတာပါ။
ဒါကို
နိင်ငံတကာဆက်ဆံရေးမှာ ဘာမှ မူမပြောင်းလဲပဲ လူပဲပြောင်းပြောင်းသွားတဲ့နိင်ငံတွေ၊အစိုးရတွေ၊
အခြေအနေကတဖြေးဖြေးပိုဆိုးဆိုးလာတာ၊ ပိုသေးသေးလာတာကို ရည်ညွန်းခြင်တဲ့အခါမှာရုရှားအရုပ်-
ရုရှားဒိုးလ် လို့ သုံးကြတယ်။ အခုမြန်မာပြည်ကအခြေအနေကလဲ ရုရှားဒိုလ် လိုဖြစ်နေပါတယ်။
နေ၀င်း၊မောင်မောင်၊စိန်လွင်၊စောမောင်၊ သန်းရွှေ အခုထွက်လာတဲ့ အရုပ်ကတော့သိန်းစိန်ဖြစ်ပါတယ်။
အရုပ်တွေတဖြေးဖြေးသေးလာတယ်။တိုင်းပြည်အခြေအနေကလည်းတဖြေးဖြေးသေးလာနေတယ်။ဆိုးလာနေတယ်။
နောက်ထပ်ဘာအရုပ်ထွက်မလဲလို့ မမေးပါနဲ့ ။ ခပ်သေးသေးပုံတူအရုပ်လေး တရုပ်ပဲထွက်လာဦးမယ်လို
့ပြောခြင်ပါတယ်။
1 comment :
doll က ဒေါးလ် လို့ အသံမထွက်သလို
ဒိုလ် လို့ လဲ အသံမနီးစပ်ပါ။
ဒါးလ် လို့ ပေါင်းရင် ပိုနီးစပ်ပါမယ်။
IPA နဲ့ ဆို /dɒl/ လို့ရေးပါတယ်။
dolls ဆိုရင်တော့ ဒါးလ်(စ) ပေါ့။
Post a Comment