သေဆုံးပြီးကာစ
ယွီယွီလေးပုံ ယနေ့ အင်တာနက်မှာ အထူး လူသိများတဲ့ 2 နှစ်သမီး အရွယ်
တရုတ်ပြည် နယ်တောင်ပိုင်း Foshan, Guangdong province က Weng Yue လေးဟာ
ပြီးခဲ့တဲ့ သောကြာနေ့ နံနက်မှာ ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်
။အားလုံးသိပြီးတဲ့အတိုင်း ဘင်ကား 2 ကြိမ်ကြိတ်ခံခဲ့ရတဲ့ ခလေးမလေး Weng Yue
ဟာ လူ 18 ယောက်ရဲ့ ဥပေက္ခာပြုခြင်းကို သွေးအိုင်ထဲမှာ
လူပ်ရှားရင်းငိုကြွေးရင်း နဲ့ ကားကြိတ်ခံရပြီး တစ်ပတ်တိတိမှာ အစာအိမ်သွေးလွန် ခြင်းနဲ့ ခန္ဒာကိုယ်အစိတ်ပိုင်းများ ပျက်စီး ခြင်း စတဲ့ အဓိကအကြောင်းရာတွေကြောင့်သေဆုံး ခဲ့ပြီဖြစ်ပါတယ်
။ ပထမဆုံး ဒီဗွီဒီယိုကို အင်တာနက်ပေါ်တင်ခဲ့တဲ့ တရုတ်ပြည်က နာမည်ကျော်
ဘလော့တစ်ခု ဖြစ်တဲ့ Microbloggr on Sina's weibo က FAREWELL TO LITTLE
YUE YUE,THERE ARE NO CAR IN HAVEN ကားတွေမရှိတဲ့ ကောင်းကင်ဘုံပေါ်မှာ
ယွီယွီလေး အေးချမ်းစွာ အနားယူပါ ရယ်လို့ဂရုဏာ ၊ ဒေါသ ၊ ခံပြင်းစိတ် ၊
တွေနဲ့ လူဦးရေများစွာ ဟာ ဆုတောင်းပေးခဲ့ကြပါတယ် ။ အထက်ပါ
မှတ်တမ်းကတော်တော်များများသိပြီး
၊ ကြည့်ပြီးဖြစ်တဲ့အတိုင်း ယွီယွီ လေးဟာ ဗင်ကား 2 စီးတိတိအကြိတ်ခံရပေမယ့်
အသက်မသေဆုံးသေးပဲ သွေအိုင်ထဲမှာ လူးလိမ့်အော်ဟစ်နေခဲ့ရပေမယ့် လူတွေရဲ့ 18
ကြိမ်တိတိ ရှောင်ခွာသွားမှု့တွေကြောင့် အရွယ်နဲ့မမျှတဲ့ ဝေဒနာများနဲ့အတူ
အသက်စွန်သွားခဲ့ရပါတယ် ။ အလုပ်သမား မိဘနှစ်ပါးကနေ မွေးဖွားခဲ့တဲ့ထိုခလေးမ
ယွီယွီ ရဲ့ အဖြစ်အပျက်ကို ကမ္ဘာက လူသားတွေ တောက်တစ်ခေါက်ခေါက် ၊
စုတ်တစ်သတ်သတ်ဖြစ်ခဲ့ရတဲ့ ထို ဗွီဒီယိုကို ကုန်မာပစ္စည်းဆိုင်ရဲ့ လုံခြုံရေး
ကင်မရာမှတဆင့် ကမ္ဘာသိအောင် အင်တာနက်ကနေ လက်ဆင့်ကမ်းခဲ့ပြီးတဲ့နောက်မှာ
တရုတ်လူ့အသိုင်းဝိုင်းကို " ဘယ်လို ယာဉ်ကျေးမှု့ ၊ ဘယ်လို မေတ္တာတရား
၊ဘယ်လိုလှု့ဘောင်တွေနဲ့တည်ဆောက်ထားခဲ့ကြသလဲ
" ဆိုတဲ့ မေးခွန်းက သိန်းနဲ့ချီတဲ့ အင်တာနက်စာမျက်နှာတွေမှာ
မေးမြန်းခြင်းကိုခံခဲ့ရပါပြီ ။ ထိုအဖြစ်ပျက် ဖြစ်ပွားတဲ့ southern city of
Guangzhou ကလူဦးရေ 10000 ကျော်ကို နှလုံးသားအေးစက်နေသော လူသားများရယ်လို့
ကင်ပွန်းတပ်နေကြပါပြီ ။ ထိုကုန်မာဈေးတန်းထဲမှာ ရှိနေတဲ့ လူ 200 ရဲ့
လက်တွေကိုတော့ ထံကျင်နေသောလက်ပိုင်ရှင်များရယ် လို့
လှောင်ပြောင်ခဲ့ကြပါတယ် ။ နောက်ဆုံး အမှိုက်လိုက်ကောက်စားတဲ့ အမျိုးသမီးကမှ
ခလေးလေးကို လမ်းဘေးခေါ်ရွေ့တဲ့နေရာမှာ ခလေးဟာ ခါးကြိုးခေါက်ကျနေတာတွေ့လို့
အော်ဟစ်အကူညီတောင်းခဲ့၍သာ မိခင်မှပြေးလာပြီး
ခလေးကိုဆေးရုံပို့ဖို့စတင်ခဲ့ကြ တာဖြစ်ပါတယ် ။ ဒါဟာ အင်မတန် လှုမှု့ကျင့်ဝတ်မညီမျှမှု့တစ်ခုဆို တာ
ယနေ့တရုတ်ပြည်က မျက်လွှာလေးချပြီး ဖြေရှင်းနေတဲ့
ဝန်ကြီးများအတွက်အရှက်ရစရာတွေ ဖြစ်နေခဲ့ပါတယ် ။ ဒါကိုတောင် ထိုပတ်ဝန်းကျင်က
ယွီယွီလေးရဲ့ မိခင်ကိုမသိကြပဲ သူမရှေ့မှာတင် 2 နှစ်သားယောက်ကျားလေး
ဘိလပ်မြေသယ်ကားကြီးကြိတ်လို့ သေရှာပြီရယ်လို့
မှားယွင်းပြောဆိုနေတာကိုခလေးမိခ င်က
သတင်းဌာနတွေကိုပြောပြခဲ့ပါတယ် ။ ယွီယွီလေးရဲ့ အဖြစ်ပျက်အင်တာနက်ကနေတဆင့်
ဟိုးလေးတစ်ကျော်ဖြစ်ပြီးကာမှ 5 နှစ်သားတစ်ယောက်ကို ကားတိုက်ပြေးတာတွေ
၊တစ်နှစ်သားလေးခြေကြိုးတဲ့အထိ ကားကြိတ်တာတွေ စတဲ့ ခလေးတွေကို
ဥပေက္ခာပြုမှု့တွေ အင်တာနက်မှာ ပျံနှံထွက်ပေါ်လာခဲ့ပါတယ် ။ ထိုအဖြစ်ပျက်တွေဟာ
ယွီယွီလေးနေထိုင်တဲ့ ခရိုင်တစ်ခုတည်းမှ ဖြစ်ခဲ့တာတွေ ဖြစ်ပြီး ။
အခြားဒေသတွေမှာလည်း အလားတူများစွာရှိနေတယ်ဆိုတဲ့ အကြောင်းတွေ က
ထွက်ပေါ်လာခဲ့ပါတယ် ။ မလေးရှားထုတ် The Star သတင်းစာက
ယနေ့ရေးသားဖော်ပြမှု့များထဲမှာ တရုတ်ပြည်က မည်းညစ်နေသော
လူနေမှု့စရိုက်ဆိုတဲ့ အလွန်ပြင်းထန်းသော အသုံးအနှံးကို အသုံးပြုခဲ့ပြီး
ကမ္ဘာတစ်လွှားက သတင်းစာများကတော့ ယိုယွင်းနေသော လူနေမှု့ရယ်လို့ အမည်တပ်ခဲ့တဲ့
ထို ကားတိုက်မှု့ကို ဧဒင်အဖွဲ့သားတွေသိအောင် ယနေ့
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင် ဗျာ ။
By: Alwan Moe Sat
posted by Ko Ko Aung
1 comment :
This is not first in the world. That kind of act happens in Europe, US an others log time a go. I have read in the news, especially in poor neighborhood where police take a long time to arrive and people are barely live by from their daily wage and low level of education cause people to behave worse than animals.
Human are such a complex creature all social scientists agree with that. Some mob acted violently without thinking and some mob acted coldly without compassion.
Post a Comment