Monday 7 November 2011

၂၀၀၈ နဲ့ ဒေါ်အောင်ဆန်းစုကြည်


၂၀၀၈ အခြေခံဥပဒေ ရဲ့ အနှစ်သာရတခုလုံးက ကန့်သတ်မှုနဲ့  ပိတ်ပင်မှု ဖြစ်တယ်။ ကန့် သတ်မှုက  ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲမ၀င်နိင်အောင်၊ မြန်မာ နိင်ငံကိုဦးဆောင်ခွင့်မရ
အောင်၊ ပြုပြင်ပြောင်းလဲမှုတွေမလုပ်နိင်အောင်ပါ။  ပိတ်ပင်မှုက လူထု အတွက် ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး
တွေ မရအောင် ပိတ်ပင်ထားတာ။ ပုဒ်မ ၅၉(ခ) မှာ ဆိုရင် သမတ၊ ဒုသမတ ရဲ့  သူရော၊ သူခင်ပွန်း၊သားသမီး၊
ချွေးမ၊သားမက် ပါ နိင်ငံခြားသားမဖြစ်ရလို့ ပါတယ်။ သူကိုယ်တိုင်က နိင်ငံခြားသားမဖြစ်ရ ဆိုတာတော့ကြား
ကောင်းပါတယ်။ ဘာကြောင့် ခင်ပွန်း၊ သားသမီးနဲ့  ချွေးမ၊သားမက်တွေအထိ ခြည်နောင်ထားသလဲ။ 
ကျဉ်းမြောင်းတဲ့အခြေခံဥပဒေဖြစ်နေပါတယ်။

ပုဒ်မ  ၅၉ ( ဃ)  မှာတော့ သမတ ဟာ စစ်ရေးအမြင်ရှိရမယ်လို့ ဆိုပါတယ်။  စဉ်းစားကြည့်ပါဦး 
သမတအိုဘားမားက စစ်တပ်ကလာတာမှမဟုတ်တာ။ တရုပ်သမတ - ဟူကျင်းတောင်လဲစစ်သားမဟုတ်။ 
ဒါပေမဲ့သူတို့ ဟာအခြေခံဥပဒေအရ သမတဖြစ်လာတာနဲ့  တပ်မတော်ရဲ့  စစ်သေနာပတိတွေ၊ စစ်ကော်မရှင်ဥက္ကဌ တွေဖြစ်လာတာပဲ ဖြစ်ပါတယ်။  

ပုဒ်မ ၂၀၃ မှာတော့ ဒေါ်စုက သာလွတ်တော်အမတ်ဖြစ်လာရင် အစိုးရအဖွဲ့ မှာ ၀န်ကြီးနေရာတခုခုကိုယူခဲ့
ရရင် သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က နှုတ်ထွက်ရမယ်။ ကြပ်ပြေးမှာသွားနေနေရမယ်။ 

ရွေးကောက်ပွဲပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာတော့ ပါတီကိုမှတ်ပုံပြန်တင်ရင် 
ဒေါ်စုနဲ့  ပါတီခေါင်းဆောင် ၁၅ ဦးဟာလက်မှတ်ထိုးရမယ်။  မှတ်ပုံတင်ဥပဒေပုဒ်မ ၄၊၅၊၆ ဆိုတာတွေနဲ့ ရင်ဆိုင်ရမယ်။ ဒါတွေက ကျနော်တော်၊ကျွန်မ တို့ သည်  ၂၀၀၈ အခြေခံဥပဒေကို 
လေးစားလိုက်နာပါမည် ဆိုတဲ့ ခံဝန် ကတိကို လက်မှတ်ထိုးကြရပါလိမ့်မယ်။ 

တကယ်က ၂၀၀၈ အခြေခံဥပဒေဟာ သန်းရွှေက လမ်းညွန် ပေးခဲ့ပြီး ထွန်ရှင်နဲ့ သောင်းညွန့် ဆိုတဲ့ 
ရှေ့ နေ နစ်ယောက်က ရေးခဲ့တာပါ။ သူတို့ ဟာ သာမန် ရှေ နေ တွေမျှသာဖြစ်ပြီး 
အခြေခံဥပဒေ ရေးဆွဲ တဲ့ ရှေ့ နေမဟုတ်ကြပါဘူး။  အခြေခံဥပဒေတိုင်းက လူထုကိုကာကွယ်ပေးပြီး
အစိုးရကို ဖိနိပ်မှုတွေမလုပ်နိင်အောင် ကန့် သတ်ကြတာပါ ။ မြန်မာ ပြည်အခြေခံဥပဒေက တော့ 
ပြောင်းပြန်ဖြစ်နေတယ်။  လူတွေကိုဖိနိပ်ချုပ်ခြယ်ပြီး သူတို့ က လွတ်လပ်စွာအာဏာကို အလွဲသုံးစား
ပြုခွင့်တွေယူထားတဲ့ဥပဒေဖြစ်နေပါတယ်။  ၂၀၈၈ အခြေခံဥပဒေကို လုံးဝ လက်ခံလို့ မရ ဘူးဆိုတာကို
အကြံပြုလိုပါတယ်။ 


မိုးသီးဇွန်

3 comments :

Nyo said...

နည်းနည်းပြောကြည့်မယ်နော်။၂၀၀၈အခြေခံဥပဒေ ပုဒ်မ ၅၉ (ခ) ကို မြန်မာနိုင်ငံသားတစ်ယောက်
အနေနဲ့ ခုလိုပဲ ပြဌာန်းသင့်တယ်လို့ မြင်ပါတယ်။ ခုချိန်မှာ အန်တီစုက အဲဒီဥပဒေနဲ့ ညိနေတာတော့ လောလောဆယ်မှာ မှန်ပါတယ်။ သူဘယ်လောက် မြန်မာနိုင်ငံရေးမှာ ဆက်လုပ်နိုင်မလဲ။ လောလောဆယ် ဆန္ဒာဂတိအရမကြိုက်ဘူးဆိုရင်တောင်
နောင်အနာဂါတ် မြန်မာနိုင်ငံအတွက်
သချာစဉ်းစားသင့်ပါတယ်။
နာင်အနာဂါတ် မြန်မာနိုင်ငံအုပ်ချုပ်
ရမဲ့သူအတွက် ခုလို တိတိကျကျ အသေအချာပြဌာန်းထားတာ ကျနော်တို့ နိုင်ငံအတွက် ပိုပြီးမသင့်လျှော်ပေဘူးလားဗျာ။ ခုကတည်းက လျှော့တိ-လျော့ရဲ
ပြဌာန်းထားရင်
နောင်မှာ... နိုင်ငံမှာအနေကြာပြီး
ပိုက်ပိုက်လျှံတဲ့ လူမျိုးခြားတောင်
ထောက်ခံသူများရင်
မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်တဲ့ အထိဖြစ်သွားမှာစိုးရပါတယ်။ ခုလို နိုင်ငံခြားသားနဲ့ပတ်သတ်ပြီး
မြန်မာနိုင်ငံ အခြေခံဥပဒေမှာ တိတိကျကျ ပြဌာန်းထားတာကို
ဖြစ်သင့်တယ်လို့ မြင်ပါတယ်။
ပုဒ်မ ၅၉ (ဃ) ကတော့ ဘယ်ဘက်ကနေ တွေးတွေး တွေးသူရဲ့ အယူအတိုင်းဖြစ်မှာပါ။
သေချာတာကတော့ ခုလောလောဆယ်
ဒုသမ္မတ ဦးရှမ်းကြီးက နမူနာရှိပါတယ်။
ဦးရှမ်းကြီး စစ်ဆေးကျောင်းဆင်းတော့ မဟုတ်ခဲ့ဘူးလားလို့ပါ။
ပုဒ်မ ၂၀၃ ကတော့
ဘာမှပြောစရာမရှိပါ။ ဘယ်သူမဆို
ကြံ့ဖွံ့ကပဲဖြစ်ဖြစ်၊
NDF ကပဲဖြစ်ဖြစ်၊ NLD ကပဲဖြစ်ဖြစ်
အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်
စဉ်မှာတော့ မိခင်ပါတီကနေ
ထွက်ရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ မှတာဝန်ယူပြီဆိုရင် အန်တီစု
တစ်ယောက်တည်းမှ ထွက်ရမှာမဟုတ်ပါ။
အားလုံး အဲလိုပဲ ထွက်ကြရမှာပါ။ ခုပြဌာန်းထားသလိုသာ
ပါတီကနေ မထွက်ခဲ့ကြရင်
စဉ်းစားသာကြည့်ကြပါ။ အစိုးရမင်းများ တကယ်အလုပ်လုပ်မယ်ဆိုရင်
အဲဒီနေရာတွေဟာ
တော်တော်အလုပ်များ၊ ခေါင်းစားရတဲ့
နေရာတွေပါ။ ပါတီအလုပ်ပါ တွဲလုပ်ရမယ်ဆိုရင် နိုင်ငံ့အတွက်
လုပ်ရမှာတွေ လစ်ဟင်းမှာကတော့ အသေအချာပါပဲ။ နောက်ပြီး
အစိုးရလုပ်ပိုင်ခွင့်နေရမှာ
ရောက်နေတဲ့အတွက် ပါတီနဲ့ပတ်သက်ပြီး အဂတိလိုက်စားတာတွေ ဖြစ်မလာဘူးလို့ ဘယ်သူအာမ-ခံနိုင်မလဲခင်ဗျာ။
ကျနော်တော့ ဒီ ပုဒ်မ ၂၀၃ ကိုလည်း ခုလို ပြဌာန်းသင့်တယ်လို့ပဲ မြင်ပါတယ်။
နောက်ဆုံးပြောထားတဲ့ ဘယ်သူအဲဒီ ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲသလဲဆိုတာက တကယ်အရေးမကြီးပါ။ ကျင့်သုံးလို့
ပြည်သူအတွက် တကယ်အကျိုးရှိဖို့ပဲ လိုတာပါ။ သေချာတာကတော့ လက်ရှိမှာပြဌာန်းထားပြီးသားဖြစ်တဲ့အတွက်
နိုင်ငံမှာ လက်ခံပြီးကျင့်
သုံးနေရပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ကြိုက်တဲ့အချက်တွေလည်း
အများကြီးပါသလို၊ မကြိုက်တာတချို့
လည်းပါပါတယ်။ ကျနော်တို့တွေ အတွက် ပြဌာန်းထားတဲ့အထဲမှာပါတဲ့ အကောင်းဆုံးတွေ နိုင်ငံသားတွေ
အားလုံးရရှိခံစားလာရစေဖို့နဲ့ မသင့်လျှော်တဲ့အချက်တွေကို
ပယ်ဖျတ်နိုင်ဖို့ လက်တွေ့ကျစွာ
စဉ်းစားပြီး၊ လုပ်ဆောင်ကြဖို့သာ အရေးကြီးဆုံးလို့ မြင်ပါတယ်။
ပြောတာကတော့ အကောင်းဆုံးတွေ
(ဖြစ်နိုင်၊ မဖြစ်နိုင်၊ သင့်၊
မသင့်မစဉ်းစားပဲ) လူတိုင်း
မစားရ-၀ခမန်း ညွန့်နေအောင်ေ
ပြောတတ်ကြပါတယ်။
အကောင်းဆုံးတွေ
ဖြစ်လာစေဖို့ လက်တွေ့
အပြုသဘောဆန်စွာ စဉ်းစား၊
လုပ်ဆောင်နိုင်ကြဖို့သာ
အရေးကြီးဆုံးလို့ ထင်မိပါကြောင်း။ အပြုသဘောတွေ တွေးခေါ်စဉ်းစားကြပြီး
နိုင်ငံအတွက် အပြုသဘောတွေကိုပဲ တန်းစီလုပ်ကြပါစို့ဗျာ။

Anonymous said...

ရွေးကောက်ပွဲပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာတော့ ပါတီကိုမှတ်ပုံပြန်တင်ရင်
ဒေါ်စုနဲ့  ပါတီခေါင်းဆောင် ၁၅ ဦးဟာလက်မှတ်ထိုးရမယ်။ မှတ်ပုံတင်ဥပဒေပုဒ်မ ၄၊၅၊၆ ဆိုတာတွေနဲ့ ရင်ဆိုင်ရမယ်။ ဒါတွေက ကျနော်တော်၊ကျွန်မ တို့ သည် ၂၀၀၈ အခြေခံဥပဒေကို
လေးစားလိုက်နာပါမည် ဆိုတဲ့ ခံဝန် ကတိကို လက်မှတ်ထိုးကြရပါလိမ့်မယ်။

We must give outlet for U Than Shwe.must understand to get 100% is impossible.When he die,can change the law.He need safeside from his side.if u block his outlet,u will never get chance.Let her join the election.
what happened when U Nay Win"s outlet was block?
ဗကပသည် ဦးနေ၀င်း လုပ်မည့်ရွေးကောက်ပွဲကို သူတို့မပါဝင်ရ၍ ရွေးကောက်ပွဲသည် အတုအယောင်ကြီး သာဖြစ်ကြောင်း စစ်မှန်သော ရွေးကောက်ပွဲ ရရန် ကြားဖြတ် အစိုးရဖွဲ့ပြီး ထိုအစိုးရက တရားမျှတသော ရွေးကောက်ပွဲကို ဆောင်ရွက်ပေးပြီး အနိုင်ရ ပါတီကိုလွှဲပေးရမည် ဖြစ်ကြောင်း ကြားဖြတ်အစိုးရ ကို တောင်းဆိုရန် လူထုကို မြောက်ပင့်ပေး လေတော့သည်။

ဦးနေ၀င်းအနေနှင့် ကြားဖြတ် အစိုးရကို လက်ခံလျှင် သူကြိုးစင် တက်ရမည် ဖြစ်သဖြင့် လုံးဝ လက်မခံနိုင်ပါ။
ကြားဖြတ် အစိုးရရရန် ၀န်ကြီးဌာန အားလုံး အထွေထွေ သပိတ်မှောက်ရန် ဗကပသည် လူထုကြီးကို သွေးထိုး သောကြောင့် ၈၈၈၈ စတင်လေတော့သည်။

သပိတ်ကြီး စတင်သောအခါ တိုင်းပြည် လည်ပတ်မှု့ရပ်တန့်သွားစေသည်။
ထိုအခါ စစ်တပ်အတွက် လစာ၊ရိတ်ခါ ထောက်ပံ့မှု့ မရနိုင်တော့လျှင် စစ်တပ်က သူ့ဖက် သေနတ်ပြောင်း လှည့်လာမည် ကို ဦးနေ၀င်း နားလည်သိရှိ ကြောက်သော ကြောင့် ဗိုလ်ခင်ညွှန့်အားသပိတ်ကို နည်းမျိုးစုံသုံးပြီး ဖြိုခွင်းရန် အမိန့်ပေးလေတော့သည်။

နောက်ဆုံးဍ် ဗိုလ်စောမောင် ကို အာဏာသိမ်းရန် အမိန့်ပေးလိုက်ရတော့သည်။

ဦးနေ၀င်းအနေနှင့် ရွေးစရာလမ်းမရှိတော့။
သူလုပ်ပေးမည့် ရွေးကောက်ပွဲကို လက်မခံပဲ ကြားဖြတ်အစိုးရ ရရန် တောင်းဆိုပြီး နောက်ဆုံး အထွေထွေ သပိတ်နှင့် အကြပ်ကိုင် သောကြောင့် သူ၏ လုံခြုံရေးထွက်ပေါက် ပိတ်ခံရ တော့သည်။

“တရုတ်စစ်ပါရဂူစွန်ဇူးက ရန်သူ့ကိုတိုက်ခိုက်လျှင် သူ့ဆုတ်လမ်းကို ဖွင့်ပေးပြီးတိုက်ခိုက်ရန်။ ထွက်ပေါက်ပိတ်ပြီးတိုက်ပါက ချောင်ပိတ်မိပြီး ပွဲကြာပြီး အခံမသင့်လျှင် မိမိပြန်ပြီး ရှုံးနိမ်းတတ်သည် ဟုဆိုခဲ့သည်။”

Anonymous said...

ဦးမိုးသီးဇွန်ခင်ဗျား ၂၀၀၈ အခြေခံဥပဒေကို လက်ခံနိုင်စရာမရှိပါဘူး ဒါပေမဲ့ ယနေ့ လက်ရှိအခြေအနေ မှာ NLD နေရာကို ၀င်ကြည့်ပါ ဘာဆက်လုပ်သင့်သလဲဆိုတာ၊ အခြေခံဥပဒေကို ဘယ်လို ဖြေဖျက်မှာလဲ ဘယ်လို ပြောင်းလဲမှာလဲ လမ်းပေါ်ထွက်ဆန္ဒပြလို့ တော့ မပြောင်းလဲနိုင်ဖူး ဘာလို့ လဲဆိုတော့ ရန်ကုန်တမြို့ တည်းနှင့် လုပ်လို့ မရဖူး။ ကျန်တိုင်းရင်းသား အမြီးကြက်အမြီးစား ခေါင်းကျက်ခေါင်းစား နှင့် နိုင်ငံတကာရောက် သာပေါင်းညာစားတွေ ကလဲ ဘာမှ မလုပ်နိုင်ဖူး အဲတော့ ဘာဆက်လုပ်ဖို့ ဦးမိုးသီးဇွန် အစီအစဉ်ရှိပါသလဲ ခြေနှစ်ဖက်ဆောင့်ပြီး ပူဆာလို့တော့ မရနိုင်ပါဘူး။ လူကြီးလို တိတိကျကျ စီမံနိုင်မှရမှာပါ။ ဦးမိုးသီးဇွန်မှာ Plan ရှိပါသလား သိချင်ပါသည်။