Sunday 6 November 2011

ခွဲခြားဆက်ဆံတဲ့လူမျိုးအဖြစ် မမြင်ချင်ပါ

ခွဲခြားဆက်ဆံတဲ့လူမျိုးအဖြစ် မမြင်ချင်ပါ

by ဂျို ကုပ် on Sunday, November 6, 2011 at 7:27am
           ဒီနေ့ ဟောပြောပွဲတခု သွားခဲ့တယ်။ ဟောပြောသူက ထိုင်းသမိုင်းပညာရှင်တွေထဲမှာ လောလောဆယ်နာမည်အကြီးဆုံးလို့ ပြောလို့ရမယ့် ပါမောက္ခ Thongchai Winichakul။ သူပြောတဲ့ခေါင်းစဉ်က Thailand: The State in Denial တဲ့။ အဓိကပြောသွားတဲ့ အကြောင်းက ဘုရင်၊ ဖိဖုရားနဲ့ ဘုရင်လောင်းလျာကို အသရေဖျက်တာ၊ ပုတ်ခတ်တာ၊ ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး အရေးယူလို့ရတဲ့Article 112 လို့ခေါ်တဲ့ ဥပဒေအကြောင်း။သူအဓိကထားပြောသွားတာက ထိုင်းနိုင်ငံမှာ အဲဒီပုဒ်မတည်နေတာဟာ ဘုရင်ကိုသစ္စာရှိတဲ့ လူတန်းစားတစုကြောင့်မဟုတ်ဘဲ civil society တခုလုံးကပူးပေါင်းပြီး အသံတိတ်နေလို့တဲ့။ norm လို့ခေါ်တဲ့ လူအများစုလက်ခံတာကိုပဲ ပြောရမယ်ဆိုတဲ့အသိကြီးနဲ့ လူတိုင်းက အသံတိတ်ပူးပေါင်းပြီး ဒီဥပဒေကို သက်ဆိုးရှည်စေတယ်။ တခါအတိတ်မှာလဲ ၁၉၇၅ အောက်တိုဘာ ၆ရက်လူသတ်မှုကြီးကို လူထုကြီးက သြဘာပေးခဲ့ကြတယ်။
( ခေါင်းစဉ်ကိုကလစ်ပါ။) 


အဲဒီတုန်းက လူ၄၀ကျော်အသတ်ခံရတယ်။တမာဆတ်ကကျောင်းသားတွေ ဆန္ဒပြတာကို ဘယ်သူမှန်းအခုထိဖော်ထုတ်လို့မရတဲ့ (၁၉၇၆ လွတ်ငြိမ်းချမ်းသာခွင့်က ကျောင်းသားတွေရော သတ်သူတွေကိုပါ ပါးစပ်ပိတ်ပစ်လိုက်တယ်။ တရားခံသိအုံးတော့။ အဲဒီလူကို တရားစွဲလို့မရတော့ဘူး။) အဲဒီကိစ္စမှာ လူ၅ယောက် လူအုပ်ရှေ့မှာ ကြိုးစင်တင်ခံရတယ်။ မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတယ်။ အဲဒါကို ဘေးမှာကြည့်နေတဲ့ လူထုက လက်ခုတ်လက်ဝါးတီးပြီး အားပေးကြတယ်။ဒါဟာ၁၉၇၀နှောင်းက norm လား။ လူတွေက တကယ့်ကို လိုလိုလားလားလက်ခံခဲ့ကြတာလား။
            ဒီနေရာမှာ norm ဆိုတာ reality အရှိတရားမဟုတ်ဘဲ ကိုယ့်စကားကို သူများနားထောင်ဖို့၊ ကိုယ့်လုပ်ရပ်က အများအမြင်မှာ မှန်တယ်ဆိုတာဖြစ်ဖို့ လုပ်တာ။ reality ကတော့ တကယ့် ပကတိအဖြစ်မှန်။ ပါမောက္ခပေးတဲ့ ဥပမာနဲ့ရှင်းရရင် ထိုင်းမှာ ဘုန်းကြီးတွေဂစ်တာမတီးဘူးဆိုတာ norm။ တယယ့်အဖြစ်မှာ ဂစ်တာတီးတဲ့ဘုန်းကြီးတွေရှိတယ်။ တခြားမဟုတ်တာလုပ်တဲ့ ဘုန်းကြီးတွေလဲရှိတာပဲ။ ဒါပေမယ့် ထိုင်းဘုန်းကြီးတွေ ဂစ်တာတီးတာ သတင်းစာမှာပြလို့မရဘူး။ ရုပ်ရှင်ထဲထည့်မရိုက်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပုံရိပ်တွေဟာ အများလက်ခံတဲ့၊ အစိုးရကလက်ခံတဲ့ norm မဟုတ်လို့။
အဲဒါနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ အများကြီးရှိတယ်။ အချိန်ရရင် စာတပုဒ်လောက်အေးအေးရေးချင်တယ်။ ထုံးစံအတိုင်း အချိန်မရလို့ ဒီအကြောင်းနဲ့ပတ်သက်ပြီး၊ အခုလေးတင် မကေဘလော့က နောက်ဆုံးစာရယ် သူ့အောက်က ကွန်မန့်အချို့ရယ်ဖတ်ပြီး ဒီစာလေးကောက်ရေးဖြစ်တယ်။ရိုဟင်ဂျာတွေကို လူတွေလို့ မမြင်ကြတာ ဗမာတွေ (ဗမာပြည်ထဲက၊ ဗမာပြည်ကလာသူတွေအားလုံးကို ဆိုလိုပါတယ်) ရဲ့ norm လား။ ရိုဟင်ဂျာတွေကို ဘင်္ဂ္လားဒေ့ရှ်ကလဲ လက်မခံဘူး။ ဗမာပြည်ကလဲ လက်မခံဘူး။ တိုင်းပြည်ထဲမှာ လူတိုင်းလူတိုင်း တန်းတူအခွင့်အရေးရရေး၊ ဒီမိုကရေစီရရေး၊ ကိုယ့်သဘာဝပတ်ဝန်းကျင်ကို ကိုယ့်အတွက် နောက်မျိုးဆက်တွေအတွက် ကာကွယ်ပေးဖို့၊ ရေဘေးဒုက္ခသည် ကယ်ဆယ်ရေး စတဲ့အရေးပေါင်းများစွာမှာ စေတနာလဲပါ တကယ်လဲလုပ်ကြတဲ့ လူတွေဟာ လူကို ရိုဟင်ဂျာဖြစ်လို့ လူအဖြစ်မမြင်နိုင်တာ norm လား။Norm ရော reality ရော မဟုတ်ပါစေနဲ့လို့ ဆုတောင်းတယ်။
               ဟုတ်ရင်တော့ ငါတို့ပြောတာပဲအမှန်။ ရိုဟင်ဂျာကို ထောက်ခံပြောရအောင် ရှင်၊ မင်း၊ ခင်ဗျား ဗမာမဟုတ်လို့လားလို့ ပြောကြမှာ။ ဗမာဆိုရင် ဘာ၊ ဘာလုပ်မှ ဘာပြောမှ ဗမာဖြစ်မယ်လို့ ဒီ norm ကို ပကတိ အမှန်တရားဖြစ်အောင်ပြောနေကြသူတွေက ပြောနိုင်စရာရှိတယ်။ဒါပေမယ့် လူသားကို လူသားလိုကြည့်နိုင်ကြသူတွေ၊ ကိုယ်ယုံကြည်ရာကို ကိုယ်ထုတ်ပြောနိုင်တဲ့ သတ္တိရှိပြီး အဲဒီလိုထုတ်ပြောတာကိုလဲ ထောက်ခံတဲ့ သူတွေရှိနေတာကိုကြည့်ပြီး အခု facebook မှာတွေ့နေရတဲ့ ရိုဟင်ဂျာတွေအပေါ် လူသားချင်းမစာနာတဲ့အမြင်ဟာ ဗမာတိုင်း ရဲ့အမြင်မဟုတ်ဘူးဆိုတာ ပြောချင်တာပဲ။ အဲဒီလိုမမြင်လို့ ခင်ဗျားဗမာမဟုတ်ဘူးဆိုရင် ဗမာဟုတ်၊ မဟုတ်ဘယ်သူက သတ်မှတ်ပိုင်ခွင့်ရှိသလဲဆိုတာနဲ့ လူသားချင်းမစာနာနိုင်တဲ့စိတ်ရှိမှဗမာလို့သတ်မှတ်မယ့် norm ပေါ်လာရင် အဲဒီပုံစံခွက်ထဲ ကိုယ့်ကိုကိုယ်အဝင်ခံမလား စဉ်းစားကြည့်ကြပါစို့။
      တကယ်ကျတော့ ဗမာလူမျိုးလို့ ခေါ်နေတဲ့ လူမျိုးကိုယ်တိုင်က နိုင်ငံရပ်ခြားက လာခဲ့တာပဲ မဟုတ်လား။ လုတို့၊ ဆရာသန်းထွန်းတို့ thesis တွေ ပြန်ဖတ်ကြည့်ပါလား။ တရုတ်ပြည်ဘက်ကနေ ရေကြည်ရာ မြက်နုရာ ရွှေ့လာပြီး ကနေ့ မြန်မာနိုင်ငံလို့ ခေါ်တဲ့ နေရာမှာ အခြေချရာကနေ မြန်မာလူမျိုး၊ ဗမာလူမျိုးရယ် ဖြစ်လာတာပဲ။
                   ဖြစ်သင့်တာက အပြင်က ဝင်လာတဲ့လူတွေကို ဗမာလုပ်ပစ်နိုင်ဖို့ပဲ။ ဒီတော့ မေးစရာ ရှိတာက ဘယ်လိုလုပ်မလဲ။ အဲ့သလို လုပ်ဖို့ဆိုရင် ဗမာ၊ မြန်မာ ဆိုတာ ဘာအဓိပ္ပါယ်ဆောင်လဲဆိုတာ အရင်ဆုံး သေချာ သတ်မှတ်ရတော့မယ်။ What does it mean to be Burmese? ဆိုတဲ့ မေးခွန်းကို ဖြေရတော့မယ်။ ဒီမေးခွန်းကို ဗမာ၊ မြန်မာ ပြည်သူပြည်သားတိုင်း လေးလေးနက်နက် စဉ်းစားသင့်တယ်။ ဗမာ၊ မြန်မာ ဟုတ်မဟုတ် ဘာနဲ့တိုင်းမလဲ။ အများစုက ဗုဒ္ဓဘာသာ ကိုးကွယ်မှ ဗမာ၊ ငပိကြိုက်မှ ဗမာ၊ သင်္က࿿န်ြကို သဘောကျမှ၊ သင်္က࿿န်ြမှာ ပျော်မှ ဗမာ စသဖြင့် ကျဉ်းမြောင်းတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်တွေက ရုန်းမထွက်နိုင် သေးပါဘူး။
                    ဗမာလူမျိုးကို ရင့်ကျက်တဲ့ လူမျိုးအဖြစ် မြင်ချင်တယ်။ လူမျိုးကို ကိုးကွယ်ယုံကြည်မှုနဲ့ ချိတ်ဆက်ထားတာ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုနဲ့ ချိတ်ထားတာ (ဒီလို ပြောရတာ လိင်တူ စိတ်ဝင်စားသူတွေကို ငါအာဏာရရင် ဗမာပြည်မှာ မထားဘူးလို့ ရှက်ရကောင်းမှန်းမသိ လူရှေ့ ထုတ်ပြောတာမျိုး တခါမက ကြားဖူးလို့ပဲ။) အသားအရောင်နဲ့ ချိတ်ထားတာ၊ ခြုံပြောရရင် မွေးကတည်းက ခွဲမရအောင် ပါလာတဲ့ ဇီဝဗေဒဆိုင်ရာ အချက် အလက်တွေ ဒါမှမဟုတ် သူများကို မထိခိုက်တဲ့ အထုံ၊ ဝါသနာ၊ ယုံကြည်မှု စတဲ့ အချက်အလက်တွေကို အခြေပြုပြီး ခွဲခြား သတ်မှတ်တာဟာ အန္တရယ် ရှိစေနိုင်တယ်။
                ဗမာလူမျိုးကို လူသားတိုင်းကို လူသားလိုမြင်ပြီး ဆက်ဆံတဲ့၊ မရှိအတူ ရှိအတူပေါ့ဆိုတဲ့ စိတ်ဓာတ်ကို တန်ဖိုးထား လေးစားတဲ့၊ သူများ မထိခိုက်ရင် ဘယ်ကိုးကွယ် ယုံကြည်မှုကိုမဆို လက်ခံခွင့်ပြုတဲ့၊ ခြုံပြောရရင် ရင်ခေါင်းကျယ်တဲ့ လူမျိုး အဖြစ်မြင်ချင်တယ်။ ဆင်းရဲ ချမ်းသာလိုက်ပြီး၊ ပညာရှိမရှိ လိုက်ပြီး၊ ကိုးကွယ် ယုံကြည်မှုကို လိုက်ပြီး၊ အသားအရောင်ကိုလိုက်ပြီး ခွဲခြားဆက်ဆံတဲ့ လူမျိုးအဖြစ် မမြင်ချင်ပါ။

20 comments :

Anonymous said...

ရိုဟင်ဂျာ မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံနေတာ မဟုတ်ဘူး...။နိုင်ငံမှာ နေချင်နေလို့ရတယ် နိုင်ငံသားခံယူချင်တယ်ဆိုရင်လည်း သက်ဆိုင်ရာ ဥပဒေကတော့ ရှိမှာပေါ့..။ ဒါပေမဲ့ သူတို့က တိုင်းရင်းသားပါလို့ အော်နေတာကို ထိုင်ကြည့်နေရမလား... ပုဇွန်ဦးနှောက်နဲ့ မပြောနဲ့ မောင်မိုးသီး...။ နိုင်ငံခြားသားက ၀င်လာတဲ့လူတွေကို တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးတဲ့နိုင်ငံရှိလား ရှင်ရင် ပြောပြ. ရှင်းရှင်းပြောရရင် မင်းအဖေ အမေရိကန်နိုင်ငံမှာတောင်မရဘူး။

Anonymous said...

I don't agree with this article, why?
we are burmese but this occurs in Rakhine. To be honest, we burmese have to respect Rakhine ethnic's decision of not accepting those bangali
Whoever want to stay or become citizenship, they definitely must follow the county's laws, and adapt the customs of ethnic people living surrounding.
Do they follow those steps since long ago? I did't see those basic steps of living peacefully.

Anonymous said...

ရိုဟင်ဂျာတွေကို ဘင်္ဂ္လားဒေ့ရှ်ကလဲ လက်မခံဘူး။ ဗမာပြည်ကလဲ လက်မခံဘူး။
Go to other Muslims countries to to accept as refuge because all muslims r brothers.

Anonymous said...

we know we have to respect rights, yes that is why they can live in buthidaung area but to step up we have to use our brains. Can they be very beneficial to our society?
Mr Gyogoat pls answer this answer? Why you think you have to let them be in Myanmar as burmese, for me it is non of your business.It is our Rakhine's business, and we burmese have to support whatever they make decisions.

Anonymous said...

ကိုင်းကွာ။ရိုဟင်ဂျာတွေက မြန်မာတိုင်းရင်းသားမဟုတ်တါ
လက်ခံပါတယ်။တိုင်းရင်းသားအခွင့်အရေးတောင်းရင်
တို့ လည်းလက်မခံပါ။ရွေ့ ပြောင်းရောက်လာသူတွေကွာ။
ဒါပေမဲ့ လူသားတွေပါ။အမျိုးသားရေးစိတ်နဲ့ ဆွေးနွေးနေ
တဲ့ လူတွေကို လေ့လာပြီး၊လေးစားပါတယ်။
ငါ။မအေ။နှမဆဲနေတဲ့ လူတွေအများစုက မြန်မာပြည်ထဲ
နေ နေကြတဲ့လူမပါဘူး။တခြားနိုင်ငံမှာနေကြတဲ့ လူတွေ
မင်းတို့ ကို ထိုင်း။မလေးတွေကဆဲဆိုရင် မင်းတို့ 
ဘယ်လိုမျက်နှာပေးနဲ့ နေကြလဲ။ရိုဟင်ဂျာကို မဆဲခင်
မင်းတို့ မျက်နှာပေးကို သတိရပါ။
ဇော်နိုင်

Anonymous said...

ကိုင်းကွာ။ရိုဟင်ဂျာတွေက မြန်မာတိုင်းရင်းသားမဟုတ်တါ
လက်ခံပါတယ်။တိုင်းရင်းသားအခွင့်အရေးတောင်းရင်
တို့ လည်းလက်မခံပါ။ရွေ့ ပြောင်းရောက်လာသူတွေကွာ။
ဒါပေမဲ့ လူသားတွေပါ။အမျိုးသားရေးစိတ်နဲ့ ဆွေးနွေးနေ
တဲ့ လူတွေကို လေ့လာပြီး၊လေးစားပါတယ်။
ငါ။မအေ။နှမဆဲနေတဲ့ လူတွေအများစုက မြန်မာပြည်ထဲ
နေ နေကြတဲ့လူမပါဘူး။တခြားနိုင်ငံမှာနေကြတဲ့ လူတွေ
မင်းတို့ ကို ထိုင်း။မလေးတွေကဆဲဆိုရင် မင်းတို့ 
ဘယ်လိုမျက်နှာပေးနဲ့ နေကြလဲ။ရိုဟင်ဂျာကို မဆဲခင်
မင်းတို့ မျက်နှာပေးကို သတိရပါ။
ဇော်နိုင်

Anonymous said...

အသက် ၅၅ နှစ်အရွယ်ရှိ ဆေးဒ် မိုဟာမက်နှင့် အသက် ၁၁ နှစ်အရွယ်ကလေး မငယ် ရိုရှန်ကာဆမ်တို့ကို စေ့စပ်ကြောင်းလမ်းစဉ်အခါက ဤသို့တွေ့ခဲ့ရပြီး၊ လက်ထပ်ပြီး နောက်တွင်မူ ရိုရှန်ကာဆန်သည် မိုဟာမက်၏ပထမဇနီးမှ မွေးဖွားထာသည့် သားသုံးယောက်အပြင် သူနှင့်ရွယ်တူဖြစ်သော သမီးတစ် ယောက်နှင့်ပါ အတူတကွ နေထိုင်ရလေတော့သည်။

Anonymous said...

ငါ။မအေ။နှမဆဲနေတဲ့ လူတွေအများစုက မြန်မာပြည်ထဲ
နေ နေကြတဲ့လူမပါဘူး။တခြားနိုင်ငံမှာနေကြတဲ့ လူတွေ
မင်းတို့ ကို ထိုင်း။မလေးတွေကဆဲဆိုရင် မင်းတို့ 
ဘယ်လိုမျက်နှာပေးနဲ့ နေကြလဲ။ရိုဟင်ဂျာကို မဆဲခင်
မင်းတို့ မျက်နှာပေးကို သတိရပါ။
ဇော်နိုင်
differance story.We will not insult the country that allow us to live but these people will destroy the country.Who bomb the civilan train at london?
Who kill the innocent civilians?
if they have 20%,they say peace but if they have 50%,they start the problem.

Anonymous said...

၁ ။ လူသားတယောက်အနေနဲ့  ထိုပုဂ္ဂိုလ်တွေကို လူ့ အခွင်းအရေးပေးပြီးလက်ခံပါတယ် ။ ဘာဖြစ်လို့  ရိုဟင်ဂျာ ဆိုပြီး အခွင့်ထူးတခု ယူနေချင်ရတာလဲ ။
၂ ။ သူတို့ က တိုင်းရင်းသားရခိုင်တွေနဲ့  အတူတူနေရမှာမို့  ရခိုင်တို့ ရဲ့သဘောထားဟာ အထူးအရေးကြီးပါတယ် ။
၃ ။ ဒီလူတွေဟာ မူဆလင်တွေဖြစ်ပြီး မူဆလင် တိုင်းပြည်တွေကတောင် မကူညီနိုင်လောက်အောင် ဆိုးသွမ်းနေကြသလား ။
၎။ သူတို့ ကို မြန်မာပြည် (ရခိုင်တွေက) ကူလိုက်ရင် မူဆလင်တိုင်းပြည်တွေအတွက် အရှက်ရစရာဘဲ (သို့ ) ကြေနပ်ပါ့မလား ။
လောလောဆယ်တော့ လူသားစိတ်အပြည့်နဲ့  ကြွေးစရာရှိတာ ကြွေး ပေးစရာရှိတာပေး ပြီး မသိချင်ယောင်ဆောင်ပြီး ရေထဲသာပြန်မျှောလိုက်တော့ ။ စိတ်မချမ်းသာဘူး ပုတီးစိတ်လိုက်ဦးမယ် ၊ အင်း - သတ္တဝါအပေါင်းကျန်းမာချမ်းသာကြပါစေ - - -

ဗုတ် ဗုတ်

Anonymous said...

hello moe thee,
no make mistake for this issue.
are you really Burmese? what kind of post? what is your intention? is't your generation ( Rohingar )? are you loosing mind ( or ) out of your mind? are you willing to create the Rohingar as native Burmese ( just like native American )? hahahahahahaha...

Anonymous said...

ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆက်တယ်လို့ ဘာ့ကြောင့် စာရေးသူက ပြောရတာပါလဲ။ အခုအားလုံးက ပြောနေကြ တာက ဖြစ်လာတဲ့ အစကို ကြည့်ရင် သူတို့ က တိုင်းရင်းသားပါလို့ လိမ်ပြောတယ်။ မဟုတ်တာကို အဟုတ်လုပ်နေတာကို သမိုင်းကပါ လိမ်ပေးရမှာလား။ ဒါကို မီဒီယာတွေက ၀ိုင်းလိမ်နေကို လက်သင့်ခံ ပေးရမှာလား။ အဲ့ဒီ့လို မဟုတ်တာကို အဟုတ်လုပ်တာ ကို ဘယ်တိုင်းပြည်မှာမှ လက်မခံဘူး။ ရရင် အဲ့ဒီ့ တိုင်းပြည်တွေမှာ သွားလုပ်ပါ။ အခုမြန်မာတွေ ထိုင်းမှာ သူတို့ လူဦးရေရဲ့ 10% နီးပါးလောက်ရှိနေနိုင်တယ်။ အခု ထိုင်းနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်ပါတယ်လို့ ဝိုင်းအော်လို့ ရနိုင်ပါ့မလား။ ဒါကို မီဒီယာတွေက ၀ိုင်းအော်ရင်တောင် ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေက လက်ခံမလား။ အခု မြန်မာတွေက ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံနေတာ မဟုတ်ဘူး။ တိုင်းရင်းသားမဟုတ်တာကို အဟုတ်လုပ်ပြီး ရေးထားတဲ့ ဘီဘီစီ ကို သမိုင်းအမှားကို ရေးထား ကြောင်း ၀ိုင်းကန့် ကွက်နေတာကို မြန်မာစကား နားလည်တဲ့သူတိုင်း နားလည်နိုင်မှာပါ။ ဘာ့ကြောင့် လူလူချင်း ခွဲခြားတယ်ဆိုပြီး ခေါင်းစဉ်တပ် နေကြရတာ လဲ။ ဘင်္ဂါလီကုလားတွေကို အဲ့ဒီ့လောက် ချစ်နေကြရင် လည်း သူတို့ နဲ့ အများစု တူနိုင်တဲ့ တိုင်းပြည်တစ်ခုခုမှာ နေလို့ ရအောင် ၀ိုင်းတိုက်တွန်းလက်ခံပေးလာအောင် ကူညီပေးတာက ပိုပြီး အားလုံးအတွက် အဆင်ပြေ ထိရောက်မယ်လို့ ထင်ပါတယ်။ ဘင်္ဂလားဒေ့ရှ့် လို သူတို့ နဲ့ တော်တော် အကုန်နီးပါး တူတဲ့ တိုင်းပြည် က တောင် အသိအမှတ်မပြု လက်မခံချင်တာဆိုတော့ အဲ့ဒီ့လူတွေက တစ်ခုခု ချွတ်ချော်မှားယွင်းနေလို့ ဘဲလို့ ကောက်ချက် ချမိပါတယ်။

Anonymous said...

what is the intention of those bengali, why they want to be our ethnics?
Whatever reasons we have to consider to give citizenship, we should think the following steps
1.Can they be beneficial to our society?
2.Can they adapt Rakhine's customs?
3.Can they strictly follow our myanmar laws?
4.How can they contribute to our Myanmar economy, our religious, our society?
5.Are they educated?
6.Are they business minded? Can they spend money, knowledge, their resources to develop our myanmar country?
7.Are they peaceful minded people?

Anonymous said...

ရိုဟင်ဂျာကို တိုင်းရင်းသားပါလို့ တောင်းဆိုနေတာ မဖြစ်သင့်ပါဘူး.. နောက်တစ်ခုက နောက်ပိုင်းမှ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေကလည်း အများကြီး .. အဲဒါတွေ လည်း မဖြစ်သင့်ဘူး.. ရှေးနှစ်ပေါင်းများစွာကတည်းက ရောက်နေတဲ့သူတွေကတော့ နိုင်ငံသားဖြစ်ခွင့်ရသင့်ပါတယ်.. ဒါပေမဲ့ ထပ်ခိုးဝင်လာတဲ့ဟာတော့ နောက်တစ်မျိုးစဉ်းစားရမှာပေါ့.. လူမျိုးကတော့ ဘင်္ဂလီ ကတော့ ဘင်္ဂလီပါပဲ .. ဘယ်လိုမှ တိုင်းရင်းသားစာရင်းထဲ ထည့်လို့မရပါဘူး.... လုံးဝ လုံးဝ မဖြစ်သင့်ပါဘူး

Anonymous said...

Very simple. Once upon a time in Asia.To us, long long ago Chinese or mongols flow down south and become Burmese. For them, very very long ago from a continent of Africa, a small part of Africa broke out, drift away and come to attached with Haymalia mountains in Asia and become India.(Oh boy, they had come a long way). They are break down into Indians,Pakistanis,Bangladeshis, Rohingers and Srilankans...etc... THE END.

Anonymous said...

အသားအရောင်
ဇာတ်
ဘာသာ
အယူဝါဒ
အဆင့်အတန်း~~~~~~~~
ခွဲခြားကာ
လူကိုလူလိုမမြင်နိုင်ပါမူ
ငြိမ်းချမ်းရေး အနှစ်သာရ ကိုမရရှိ မခံစားနိုင် ပါခြေ

ဗုဒ္ဓမြတ်စွါ ဟောကြားခဲ့သော တရားတော်များမှာ
ံသံသရာ မှ ထွက်မြောက်အောင်မြင်စေရန်
ငြိမ်းချမ်းခြင်း အစစ်အမှန်
သန္တိ သုခ ရရှိကြပါစေရန် ဖြစ်ပါသဖြင့်

မုန့် ဆီကျော် ဘယ်မှာမှန်း မသိသေးပဲ နူတ်ခမ်းနာ ရောဂါ ကြိုတင် မဖြစ်ကြပါ နဲ့  ဟု

လေးစားစွါ အကြံပြုပါရစေ


ယမမင်း(YIN LAW WAN)




ု့

W said...

အမြင်မတော်သူ

Anonymous said...

ကဲ မောင်မိုးသီး ရေ... သူ တို့ က တို့ နိုင်ငံ က မှ မဟုတ်တာ ... နိုင်ငံ တွင်း ကို ရောက်ပြီး သား လူတွေ တော့ ထားလိုက်ပါတော့ .. တခြား နိုင်ငံ မှာ ရှိနေတဲ့ လူတွေ ကို မင်းနေတဲ့ နိုင်ငံ မှာ လူသားခြင်း စာနာ ပေးပြီး လက်ခံ ပေးပါဆို ပြီး သွား ပြော ပေးလိုက်ပါ ... ဒါဆို မင်းက လူ့အခွင့်အရေး တောင်းနေတဲ့ လူတယောက်ပေါ့

Anonymous said...

သေချာ တာ တစ်ခု တော့ ရှိတယ် မြန်မာ ပြည် ပြန်လာရင် မင်း အသက် နဲ့ ဖက်နဲ့ ထုတ်ထားခဲ့

Anonymous said...

ရခိုင်ပျိုမေတွေက ရိုဟင်ဂျာဆိုကြိုက်မှကြိုက်..

Anonymous said...

ရခိုင်ပျိုမေတွေက ရိုဟင်ဂျာဆိုကြိုက်မှကြိုက်.. Is it your sister???