M thee ရေ နေကောင်းတယ်နော်။
အထဲ က လက်ရှိအခြေအနေတွေကို ကျနော် ဆွေးနွေးလိုက်ပါတယ်။
အထဲ က လက်ရှိအခြေအနေတွေကို ကျနော် ဆွေးနွေးလိုက်ပါတယ်။
စစ်အုပ်စုတကယ်အပြောင်းအလဲလုပ်ချင်ရင်
ဘွားတော်နဲ့ဆွေးနွေးနေစရာမလိုပါဘူး
လူထုကိုဝင်ထုပ်ဝင်ပိုးဖြစ်နေတဲ့အခွန်အကောက်တွေလျော့ချ။
အစိုးရဘတ်ဂျတ်အပိုဖြုန်းတီးမှုတွေရပ်ဆိုင်း
ပြည်တွင်းစစ်ရပ်စဲရေုးစလုပ်
ဗျူရိုကရေစီယန္တယားတိုက်ဖျက်ရေးအတိုက်မီဒီယာလွတ်လပ်ခွင့်ပေး
လူထုအားကိုယူ
လိုင်စင်စနစ်ပါမစ်စနစ်တွေ
ခေတ်သစ်မြေပိုင်ရှင်စနစ်တွေနဲ့စီးပွားရှာကြီးပွားနေတဲ့စီးပွားရေးစနစ်တစ်ခုလုံးအဆင့်ဆင့်ထိန်းချုပ်ကိုယ်ကျိုးရှာနေမှုတွေဖျက်သိမ်း
ဒါတွေကလူထုကိုတကယ်ဆင်းရဲစေတဲ့ မွဲတေစေတဲ့ဝန်ထုပ်ဝန်ပိုးတွေပဲ
ဒါတွေကိုစတင်မလုပ်ဆောင်သ၍ အပြောင်းအလဲလုပ်ချင်တယ်
ဒီမိုကရေစီကိုသွားချင်တယ်ဆိုတာတွေကလိမ်ညာမှုတွေပဲ
တကယ်ကသူတို့အကျိုးစိးပွားနဲ့ချမ်းသာကြွယ်ဝမှုကိုကာကွယ်ထားချင်တာ
အာမခံချက်ယူချင်တာ အဲဒီနေရာမှာလူထုဆန့်ကျင်မှုတွေနဲ့နိုင်ငံတကာကပိတ်ဆို့မှုတွေကိုတတ်နိုင်သလောက်ဟန့်တားဖို့အတွက်
ကြားခံရှာတာပါဒါကအခုစစ်အုပ်စုလုပ်နေတဲ့အပြောင်းအလဲဆိုတာရဲ့အခြေခံသဘောလို့ပဲကျွန်တော်တော့နားလည်တယ်
ကျွန်တော်တို့ဘက်ကတကယ်လုပ်ရမှာကလူထုဆီပြန်သွားရေး
လူထုအင်အားတွေကြီးထွားလာအောင်ပြန်တည်ဆောက်ရေး
အခွင့်အရေးတိုက်ပွဲတွေကနေ အထွေထွေတိုက်ပွဲတွေထိမြှင့်တင်သွားရေး
အဲဒီကမှတကယ်လွတ်လပ်တဲ့စစ်မှန်တဲ့အပြောင်းအလဲကိုလုပ်လို့ရမယ်
ဒီချုပ်ကအဲဒါကိုမလုပ်နိုင်ဘူးသူပင်ကိုယ်သဘာဝကိုကမလုပ်နိုင်ဘူးသေချာပြန်ဆန်းစစ်ကြည့်ရင်သူ့အစွမ်းအစလုပ်ခဲ့တာဘာရှိလို့လဲ
အခုသူတို့သွားနေတဲ့လမ်းကြောင်းကလူထုဘ၀တိုးတက်လာမယ်တိုင်းပြည်ငြိမ်းချမ်းလာမယ်လို့သူတို့အာမခံနိုင်လို့လား
ဇာဂနာကပြောတယ်အခုလမ်းမထွက်ရမယ့်အချိန်မဟုတ်သေးဘူးတဲ့
ကျွန်တော်နားလည်တာလမ်းမထွက်တာမထွက်တာက လူထုဘ၀လိုအပ်ချက်ပဲဆိုင်တယ်။
တစ်ဖက်ကလည်းစစ်အုပ်စုအခုဖွင့်ပေးတဲ့လမ်းကြောင်းမှာ
ပြန်လည်သင့်မြတ်ရေးလို့ကြွေးကြော်နေတဲ့ဥပဒေဘောင်ထဲကသွားမယ်ဆိုတဲ့အင်အားစုတွေသူတို့တိုးလို့ရသလောက်တိုးပါစေ
သူတို့တကယ်တိုးကြည့်တဲ့အခါ လက်တွေ့အရပိုသိလာလိမ့်မယ်
အဲဒီအချိန်မှာသူတို့ဘယ်လောက်ပြတ်ပြတ်သားသားရှိမလဲ
အဲဒါကသူတို့အတွက်နိုင်ငံရေးမှတ်ကျောက်ပဲ ကျွန်တော်တို့က လူထုထဲပြန်တည်ဆောက်
လူထုတိုက်ပွဲအဆင့်ဆင့်အတွက် ရတဲ့နေရာကလုပ်သွားဖို့ပဲ
အဓိကကလူထုနဲ့မကင်းကွာဖို့လူထုလက်တွေ့ဘငကိုနားလည်ဖို့
လူထုကိုပညာပေးရေးစည်းရုံးလုပ်ဟန်တွေနဲ့လူထုထဲရှုင်သန်နေဖို့လိုမယ်လို့ကျွန်တော်တော့ယုံကြည်တယ်
ဘွားတော်ထွက်မလာခင်၂လလောက်ထဲကကျွန်တော်တို့ဒီကိစ္စတွေကိုဆွေးနွေးဖြစ်တယ်။
လက်ခစား အရ ရတာချည်းအတူတူဗီယက်နမ်အလုပ်သမားတွေကတလကို၂သိန်းလောက်ရတယ်။ကမ္ဘောဒီးယားက၇သောင်းလောက်ရတယ်။ကျွန်တော်တို့အလုပ်သမားတွေက၅သောင်းလောက်ရတယ်
သူတို့ကတစ်နေ့ကို၈နာရီလုပ်ရတယ်ကျွန်တော်တို့အလုပ်သမားတွေကတစ်နေ့ကို၁၁နာရီက၁၂လောက်ထိလုပ်ရတယ်
ဘာကြောင့်အဲလိုဖြစ်ရတာလဲ အစိုးရက
စက်ရုံတွေရဲ့ပို့ကုန်တန်ဘိုးရဲ့၁၀ခိုင်နှုန်းအခွန်ကောက်တယ်
တရားမ၀င်တဲ့အောက်လိုင်းကြေးတွေပေးရတယ်အဲတော့စက်ရုံတွေကအလုပ်သမားတွေဆီကထပ်ညှစ်တယ်
လူထုဆီကရက်ရက်စက်စက်ညှစ်အမြတ်ရှာနေတဲ့စနစ်ကြောင့်ဖြစ်ရတာ
စီးပွားရေးပိတ်ဆို့မှုနဲ့မဆိုင်ဘူးအခုဖွင့်ပေးလည်းဒါတွေကဖြစ်နေအုန်းမှာပဲ။
ကောင်းလာတာက အဲလိုခံနေရတဲ့အလုပ်သမားတွေကိုပိုများလာမယ်
ထုထည်ပိုကြီးလာမယ်
အဲဒီအင်အားကိုခိုင်ခိုင်မာမာတည်ဆောက်ပြီးတိုက်ပွဲအဆင့်ဆင့်နဲ့အဲဒီစနစ်ကိုတိုက်ရမယ်
ဒီချုပ်မပါလဲဘာမှမဖြစ်ဘူးတိုက်လို့ရတယ်။ ဒီချုပ်ထဲမှာ ကျနော်တို့ ရင်းနှီးခဲ့တဲ့ အတူတွဲတိုက်ခဲ့တဲ့ရဲဘော်တွေ ဟာ ချောင်ထိုးခံနေရတယ်။ တဖြေးဖြေးနဲ့  နောက်ကိုဆုတ်ကုန်တယ်။ ပြည်ပရောက်ရင်ရောက်မရောက်ရင်ထောင်ထဲမှာ ။
M thee တို မြင်ခဲ့တဲ့ ဆက်ဆံခဲ့တဲ့ ဒီချုပ်မဟုတ်တော့ဘူးနော်။ ရန်သူက နေရာအနှံကနေ ဒီချုပ်ထဲကို
သွင်းနေတာ။ အရည်အချင်းရှိတဲ့သူတွေကို ဘွားတော်နားမှာမနေနိင်အောင်ရန်သူက စနစ်တကျကိုလုပ်နော ကျနော်တို့ က အထဲမှာ အနီးကပ်ကိုမြင်နေရတယ်။ မပြောရဲဘူးဗျ။ အနားကို
ယောင်လို့ တောင်မကပ်ရဲဘူး။ တိုက်ပွဲက မိုးထဲရေထဲမှာဖြတ်ရဦးမယ်။ ကာလတခုကိုဖြတ်သန်းရဦးမယ်။
- အောင်လူ -
9 comments :
ဒီစာရေးတဲ့အကိုရေ နှစ်၂၀လောက်ဆိုးလာတဲ့ခွေးနဲ့ပြိုင်ကိုက်ခိုင်းအုံး မလို့လား။ တော်ပါပြီအကိုရာ သကြားလုံးပေးပြီး ပေးပြီးချော့ပေါင်း တာပဲကောင်းပါတယ်။ လူတော့အနာမခံစေချင်တော့ဘူး။ရတော့လည်းရပေါ့။ မရတော့လည်းအချိန်တန် ရင်အဲဒီခွေးတွေ အရပ်ထဲက၀ိုင်းသတ်ကြလိမ့်မယ်။
hello my fellow all people from Burma,
to be honest, i don't really understand about politic.
I'm 45 years old. they said that change change change. where is that? i didn't see any fucking change in my entire life. they changed their fucking faces only. how long should we wait? how many lifes we have to pay more? now already over 50 millions lifes are UNDER THREAT. country is almost empty. almost under threat by fucking China. no matter what, i like Libya style change only. that's it. whatever they said just fuck out all of them, thein sein or whoever.
sorry for my rude words.
thank you so much
KO AUNG LU & WFWW
THIS IS VERY IMPORTANT FACT TO KNOW FOR ALL *88 GENERATION*
အထဲ က လက်ရှိအခြေအနေတွေကို ကျနော် ဆွေးနွေးလိုက်ပါတယ်။
စစ်အုပ်စုတကယ်အပြောင်းအလဲလုပ်ချင်ရင် ဘွားတော်နဲ့ဆွေးနွေးနေစရာမလိုပါဘူး
လူထုကိုဝင်ထုပ်ဝင်ပိုးဖြစ်နေတဲ့အခွန်အကောက်တွေလျော့ချ။ အစိုးရဘတ်ဂျတ်အပိုဖြုန်းတီးမှုတွေရပ်ဆိုင်း
ပြည်တွင်းစစ်ရပ်စဲရေုးစလုပ်
ဗျူရိုကရေစီယန္တယားတိုက်ဖျက်ရေးအတိုက်မီဒီယာလွတ်လပ်ခွင့်ပေး လူထုအားကိုယူ
လိုင်စင်စနစ်ပါမစ်စနစ်တွေ ခေတ်သစ်မြေပိုင်ရှင်စနစ်တွေနဲ့စီးပွားရှာကြီးပွားနေတဲ့စီးပွားရေးစနစ်တစ်ခုလုံးအဆင့်ဆင့်ထိန်းချုပ်ကိုယ်ကျိုးရှာနေမှုတွေဖျက်သိမ်း
ဒါတွေကလူထုကိုတကယ်ဆင်းရဲစေတဲ့ မွဲတေစေတဲ့ဝန်ထုပ်ဝန်ပိုးတွေပဲ
ဒါတွေကိုစတင်မလုပ်ဆောင်သ၍ အပြောင်းအလဲလုပ်ချင်တယ် ဒီမိုကရေစီကိုသွားချင်တယ်ဆိုတာတွေကလိမ်ညာမှုတွေပဲ
တကယ်ကသူတို့အကျိုးစိးပွားနဲ့ချမ်းသာကြွယ်ဝမှုကိုကာကွယ်ထားချင်တာ အာမခံချက်ယူချင်တာ အဲဒီနေရာမှာလူထုဆန့်ကျင်မှုတွေနဲ့နိုင်ငံတကာကပိတ်ဆို့မှုတွေကိုတတ်နိုင်သလောက်ဟန့်တားဖို့အတွက် ကြားခံရှာတာပါဒါကအခုစစ်အုပ်စုလုပ်နေတဲ့အပြောင်းအလဲဆိုတာရဲ့အခြေခံသဘောလို့ပဲကျွန်တော်တော့နားလည်တယ
Absolutely truee.I agree with u.Look at Vietnam.Pure communist goverment did real change economic.its not necessary to get 100% democracy.There is no 100% demo country at south east asia,but people do not ask freedom because one day income is enought for food.Why cant they do like Vietnam?
Daw su know only lets talk.If she doesent join the election,she doesent know how to do the otherway.Thats why she said If u want to get change,do it urself.
ဦးဝင်းတင် ။ ။ ကျနော်တို့ကတော့ ဒီလိုရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကျနော်တို့ရဲ့  ရွှေဂုံတိုင်မှာ နောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်းမှာ ပြောခဲ့တယ့် ရပ်တည်ချက်က ဘာလဲဆိုတော့ ဒီရွှေဂုံတိုင်ကို ပစ်ပယ်လို့မရဘူး။ ကျနော်တို့ကို ပြည်သူလူထုက ယုံမှတ်ပြီးတော့ ကျနော်တို့ကို တာဝန်ပေးအပ်လိုက်တာ။
thats right.We want to get change,thats why we vote NLd,but when NLD can not do for country,she said "if u want to get change,do it urself.What u also do ?
U Tin Oo appologized but she didnt.
@ Ye Min
မရတော့လည်းအချိန်တန် ရင်အဲဒီခွေးတွေ အရပ်ထဲက၀ိုင်းသတ်ကြလိမ့်မယ်
အရပ်ထဲ = you&me & all people who really wish to see BURMA get WELL SOON,
so, I,you& all people always HAVE TO ALERT TO FIGHT ANYTIME !!!!!!!!!!!!!!!!
88 DID NOT START UNDER LEADERSHIP OF DASSK!!!
DO NOT FORGET ABOUT IT!!!!!
အထွေထွေ တိုက်ပွဲက ဖြစ်မလာနိုင်ပါဘူး။ ဖြစ်လာချင်မှဖြင့် we fight we win က နေ့စဉ် ထိုင် လှုံဆော်နေတာပဲ...ဖြစ်တာ ကြာရောပေါ့။ အထွေထွေ တိုက်ပွဲဆိုတာ လူထု လူတန်းစားအသီးသီး ကျဉ်းထဲ ကျပ်ထဲ ရောက်ပြီး လုံးဝ ထွက်ပေါက်မရှိတော့မှ လူတွေက လုပ်တဲ့ နည်းဗျူဟာပါ။ အခုတော့ အဆင်ပြေနေတဲ့လူတွေက အနည်းဆုံး ၂၀ ရာနှုန်းလောက် ဖြစ်နေပြီ။
နိုင်ငံရေးသမားက ဇွတ်အတင်းအဓမ္မ ထွက်ကြပါ။ ခင်ဗျားတို့ ထွက်မှ ရမယ် ပြောလဲ..လူထုက တုတ်တုတ်မှ မလှုတ်ရင် ဘာမှ ဖြစ်မလာပါဘူး။
ဒီလိုဆိုလဲ ခင်ဗျားဦးဆောင်လုပ်လေဗျာ .... ဒေါ်စု အထဲရောက်နေတုန်းက ခင်ဗျားတို့တတွေ ဘာလုပ်နေကြလဲ... လုပ်လို့ရနေတာပဲ .. ဒီပဲယင်းပြီးကတည်းက ၅ နှစ် ၆ နှစ်လောက် အချိန်ရှိတာပဲ ...အခုမှ သွေးရူးသွေးတန်းဖြစ်ပြီး လူထုတိုက်ပွဲတို့ ဘာညာတို့ လျှောက်ပြောမနေနဲ့... ပြည်တွင်းမှာ အကြမ်းနည်းနဲ့ လှုပ်ရှုားလို့အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ ၈၈ ကနေ ဘုန်းကြီးအရေးခင်းထိ သက်သေပဲ...ဒေါ်စုအနေနဲ့ အခြေအနေအရ လူထုအတွက် အကောင်းဆုံးဖြစ်အောင်သူလုပ်ဆောင်နေတယ်ဆိုတာ ကျုပ်ယုံတယ်... ဗိုလ်ချုပ်အောင်ဆန်းတောင် ဂျပန်ကို ပြချဖို့ အင်္ဂလိပ်နဲ့ ပြန်ပေါင်းခဲ့သေးတာပဲ... ခင်ဗျားတို့ ပိုက်ဆံမပေးရတိုင်းအော်နေတဲ့ လက်နက်ကိုင်လမ်းစဉ်ကလည်း ဖွတ်ချည်းပဲ..တောထဲပြေးပြီး ပြည်ပမှာ ခိုလုံခွင့်နဲ့ ထောက်ပံ့ကြေးရှာစားဖို့ပဲသိတာတွေ... တိုင်းပြည်အတွက် ဆန်တစ်စေ့တောင် လုပ်မပေးနိုင်တဲ့သူတွေ....ခင်ဗျားပြည်တွင်းကနေ အသက်စွန့်ပြီး ဒီစနစ်ဆိုးကြီး ပပျောက်အောင် ချေမှုန်းနိုင်ရင် ကျုပ်အိမ်မှာ ဘုရားစဉ်မထားတော့ဘူး.
(ဗိုလ်ချုပ်အောင်ဆန်းတောင် ဂျပန်ကို ပြချဖို့ အင်္ဂလိပ်နဲ့ ပြန်ပေါင်းခဲ့သေးတာပဲ.) Oh Guru,,Guru.., do you know he did not join to English, who suffer? our country, you know. join or not join, English did not care they will fight Japan.. you must look on world situation also, don't say anyhow...
Post a Comment