မန္တလေးမှာ ဆန္ဒပြနေတဲ့ ဘုန်းတော်ကြီးတွေရဲ့တောင်းဆိုသံ by Aye Myat Htet
နိုဝင်ဘာ ၁၅ ရက် နံနက် အာရုဏ်တက်ချိန် ၅း၃၀ နာရီခွဲလောက်က စတင်ပြီး မန္တလေးမြို့ ဘုရားကြီးဝင်း မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးကို ပိတ်ထားလိုက်ပြီး အတွင်းမှာ သံဃာတော်တွေ စုဝေးဆန္ဒပြနေပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေး အချက်သုံးချက်ကို ဦးတည် တောင်းဆိုနေကြတာဖြစ်ပါတယ်။ အကျဉ်းထောင်တွေအတွင်းမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေကို ပြန်လွှတ်ပေးဖို့ကိုလဲ တောင်းဆိုနေကြပါတယ်။
ဗိမာန်တော်ကြီးကို အတွင်းမှ ပိတ်ထားတာဖြစ်တဲ့အတွက် သံဃာတော် ဘယ်နှပါး အတွင်းမှာ ဆန္ဒပြနေတာကို သတင်းမရရှိသေးပေမဲ့ လက်ကိုင်အသံချဲ့စက်ဟွန်းတွေနဲ့ တောင်းဆိုနေတာကို ကြားသိရပါတယ်။
အာဏာပိုင်တွေက ဆန္ဒပြဘုန်းကြီးတွေကို လာရောက်ညှိနှိုင်းနေတယ်လို့လဲ မန္တလေးမြို့ခံက ဘားမားဗီဂျေကို ပြောဆိုပါတယ်။
Monday, 14 November 2011
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment