Monday, 28 November 2011

(ရန်ကုန်သတင်း) နိင်ငံရေးအကျဉ်းသားဟောင်းတွေက ဟီလာရီကလင်တန်ကို စာပို့ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး စုပေါင်းလက်မှတ်ရေးထိုးပွဲတခုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ပြည်တွင်းစစ်တွေ ရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ လိုအပ်ချက်တွေကို အဓိကထား တောင်းဆိုထားတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အားလုံးစုစည်းပြီး အခုလို လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။
ရရှိတဲ့ လက်မှတ်တွေကို အမေရိကန်သံရုံးကိုသွားရောက်ပေးပို့ ဖို့ စီစဉ်ထားကြောင်းလည်းသိရပါတယ်။
ဒီလက်မှတ်ရေးထိုးပွဲကို ဘူးသီးတောင်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်ရဲ့ မိခင်ကြီး ကွယ်လွန်ခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ပြုလုပ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။
ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာ ပြုလုပ်တဲ့ ဒီအလှုပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့က ကျင်းပခဲ့တာဖြစ်ပါတယ်။

No comments :