ပါတီတရပ်၏သဘောထား၊ရပ်တည်ချက်၊လုပ်ဟန်တွေကိုတိုင်းသူပြည်သားတိုင်းကဝေဖန်ပိုင်ခွင့်ရှိသည်။ထောက်
ခံခြင်း၊ မထောက်ခံခြင်းတွေလည်း ရှိမှာဖြစ်သည်။ မထောက်ခံလို့ အူနုကျွဲခတ်သလိုဖြစ်ပါက
ဒီမိုကရေစီရေးမရင့်
ကျက်မှုကနေတဆင့်ပါတီကြီးဝါဒကိုမွေးထုတ်စေတက်သည်။တချိန်တုန်းကဖဆပလလည်းပါတီကြီးဝါဒကိုကျင့်သုံးခဲ့လို
့ မြန်မာနိုင်ငံမှာစစ်အာဏာရှင်စံနစ်ကိုမွေးဖွားစေခဲ့သည်။ယနေ
့ဒီမိုကရေစီရေးပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီချုပ်(အောင်၊စု၊တင်)လည်းစတင်ဖွဲ့စည်းကတည်းကပါတီကြီးဝါဒစိတ်ရှိသည်။ဗိုလ်ချုပ်အောင်ကြီးမသေ
သေးပါဘူး။မေးကြည့်ရင်ရပါသေးသည်။မီဒီယာသမားများသူထင်မြင်ချက်ကို သိရနိုင်ပါသည်။
ပါတီတရပ်သည်ရှည်ကြာလာတာနှင့်အမျှပိုပြီးခွန်အားရှိရမှာဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်၏လူယုံမသိ င်္ဂီဘာ
ဖြစ်သွားလည်းဆိုတာလူတိုင်းသိပါသည်။ ၀ံသာနုအင်န်အယ်လ်ဒီုဒေါက်တာစိုးလင်းတို
့အုပ်စုကစလို့ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့ ဘာကြောင့်
ခွဲထွက်သွားသလဲဆိုတာ စဉ်းစားကြည့်ကြပါ။ ဦးအောင်ရွှေ၊ ဦးလွင်၊
ဦးညွန့်ဝေဂိုဏ်းလက်ထက်မှာထောင်ထဲကပြန်ထွက်လာတဲ့ပါတီဝင်ကသံယောဇဉ်နှင့်ရွှေဂုံတိုင်ရုံးကိုလာသည့်အခါ
မှာ ငွေစာရင်းရှင်းခိုင်းတာတို့ ၊ အဖက်မလုပ်တာတို့ တွေနှင့် ပါတီဝင်ချင်းရင်ဝကို
စောင့်ကန်ကြသည်။ ယခုလည်း
ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာဘာမှအနစ်နာခံကာဟုတ်တိပါတ်တိမလုပ်ခဲ့သည့်သူတွေ၊
နှစ်၂၀ကျော်ကာလ လုံးကိုယ်ကျိုးအတွက်ကြည့်ကြသူတွေပြန်ဝိုင်းရံနေကြပါသည်။ကျနော်တို
့လိုလားသည့် ခေါင်းဆောင်ဆိုသည်မှာ ဆုတွေတောင်ပုံရာပုံ ရနေဖို့ မဟုတ်၊
ရှစ်လေးလုံးသူရဲကောင်းစိတ်ဓါတ်ပြည့်ဝနေဖို့ အရေးကြီးပါသည်။ကုန်ကုန်
ပြောရရင်ပြည်သူလူထု၏
နာဂစ်ကျိန်စာမထိရှဖို့ အရေးကြီးသည်။ ဒါဘာပွဲလို့ ခေါ်သည့်
ကြံခိုင်ရေးအစိုးရ၏ မင်းခမ်း
မင်းနားတွေလိုက်တက်နေတာထက်နာဂတ်စ်ဒေသကိုအရောက်သွားသင့်ပါသည်။ ထိုအရပ်မှာတွေ့ ရမှာ
ပါ။၂၀၀၈ ဖွဲ့ စည်းပုံကိုဧရာဝတီတိုင်းမှပြည်သူလူထုကြီးကဘယ်လိုသဘောထားသလဲဆိုတာကို။
ကျနော်တို့  ရှစ် ဆယ့်ရှစ် မျိုးဆက်တွေက အရင်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်အပေါ် ဒီမိုကရေစီမဟာမိတ်မူအရ ဆက်ဆံပါသည်။ ထိုမူကတော့
အင်န်အယ်ဒီသာရင်ခွာမယ်၊ နာရင်လာမယ် ဆိုတဲ့မူဖြစ်သည်။ ယနေ့ အချိန်မှာ
အင်န်အယ်လ်ဒီ က မှတ်ပုံတင်ကာရွေးကောက်ပွဲဝင်မည်လို့  ကြေညာခြင်းသည် သူတို
့သမိုင်းသူတို့ ရေးခြင်း ဖြစ်သည်။ဒါကိုအရွေ့  လို့ သတ်မှတ်လို
့ရမည်မဟုတ်ပါ။စစ်မှန်သည့်ဒီမိုကရေစီလမ်းကြောင်းပေါ်ကရွဲ့ ထွက်သွား
ခြင်းဖြစ်သည်။စောင့်ကြည့်စရာမလိုတော့ပါဘူး။ဒီမိုကရေစီခေါင်းဆောင်ဆိုသည်မှာမိမိဆွေးနွေးခဲ့သည့်အကြောင်း
အချင်းအရာမှန်သမျှကိုအတိအလင်းထုတ်ဖော်ပြောရမှာဖြစ်သည်။ထိုသို
့ထုတ်ဖော်ပြောဆိုမှလည်းအောက်လက်
ငယ်သားတွေ၊
ထောက်ခံအားပေးသူတွေသိလာမှာဖြစ်ပြီးဘာဆက်လုပ်ရမည်။
ဘာကိုပြင်ဆင်ရမည်ဆိုတာလုပ်
ကိုင်လို့ရမှာဖြစ်သည်။အမိုက်မှောင်တိုက်မှာကံဆိုးမိုးမှောင်ကျနေသည့်ပြည်သူလူထုဘ၀သည်သနားစရာကောင်းနေသည်။၉၀ရွေးကောက်ပွဲမှာခမောက်ဘေးမှာအမှန်ခြစ်ဆိုရင်လည်းပြည်သူလူထုခြစ်ပေးခဲ့သည်။ဗဟိုကချပေးခဲ့
သည့်မဲဆန္ဒနယ်ကိုယ်စားလှယ်နှင့်သက်ဆိုင်ရာနယ်မြေကရွေးချယ်လိုသောကိုယ်စားလှယ်ပဌိပက္ခတက်တာတွေကိုပြည်သူလူထုမသိပါ။
ရိုးသားစွာမဲထည့်ပေးလိုက်လို့၈၂ရာခိုင်နှုန်းကျော်နှင့်အနိုင်ရခဲ့သည်။
ရွှေဂုံတိုင်ကြေညာ
ချက်အရ၂၀၁၀ရွေးကောက်ပွဲကိုသပိတ်မှောက်ဆိုသည့်အခါမှာလည်းပြည်သူလူထုသည်မဲရုံကိုခြေဦးမလှည့်ပါ။လူတိုင်းသိသလိုကြံခိုင်ရေးပါတီအပြတ်အသတ်အနိုင်ရရှိသည်။
အင်န်ဒီအက်ဖ်ကိုသစ္စာဖောက်သည်ဆိုပြီးပါတီဝင်
အချင်းချင်းဝိုင်းဆဲကြသည်။
ပြည်သူလူထုက အင်န်အယ်လ်ဒီကို ဟီးရိုးသဘောမျိုးယူဆခြင်းသည် သွေးတွေ၊ အသက်တွေကြားက
ရပ်တည်ပြခဲ့လို့ ဖြစ်သည်။ ဟီးရိုးအဆင့်ကနေ ဇီးရိုးအဆင့်ရောက်၊မရောက်ကို အချိန်
ကာလတခုမှာ မှတ်ကျောက်တင်သွားမည်ဖြစ်သည်။ နိုင်ငံရေးမှာ
ထွေးပြီးသားတံထွေးပြန်မျိုရင် နိုင်ငံရေးအရ ၀ိနည်း ကျိုးပါသည်။
ခုစာကလေးကြော်၊
ခုဆီထမင်းဆိုပြီး ခိုင်မာတိကျပြတ်သားသည့်လမ်းစဉ်မရှိသော ဒေါ်အောင်ဆန်းစုကြည်ဦး
ဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗိုလ်သိန်းစိန်၏ အာလူးပူတီကိုစားပြီး
ချာလွန်းတဲ့ပါတီဖြစ်လို့ 
ချာပါတီအဆင့်သို့ကျရောက်သွားပြီဖြစ်သည်။ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလမှသည်၂၀၁၁ခုနှစ်၊နိုဝင်ဘာလ(၁၈)ရက်နေ့အထိ၂၃နှစ်ကျော်ကြာမျှပြင်းပြင်းထန်ရုန်းကန်ခဲ့ရသည့်လှုပ်ရှားမှုများသည်၆နာရီအချိန်ကြာကျင်းပခဲ့သောအင်န်အယ်လ်ဒီဗဟိုဦးစီးအစည်းအဝေးနှင့်အဆုံးသတ်သွားရသည်။ဗိုလ်သန်းရွှေကတော့ဗိုလ်သိန်းစိန်ကို
ခရစ်ဒစ်တွေ အတောမသတ်ထုတ်ပေးလိုက်သည်။
အင်န်အယ်ဒီရလဒ်ကတော့ရုံးတွေပြန်ဖွင့်ခွင့်ရမှာဖြစ်
သည်။ထိုရုံးတွေမှာလက်ဖက်သုတ်စားရင်း၊မင်းသားမင်းသမီးအကြောင်းတွေပြောရင်း
ရုံးတက်ရုံးဆင်းကာ ဒီမိုက
ရေစီလုပ်ကြမှာဖြစ်သည်။တချို့လည်းဒေါ်အောင်းဆန်းစုကြည်၏ပါတီစည်းရုံးရေးနောက်လိုက်ကာ
သမီးရည်းစား
တွေဖြစ်၊ခိုးပြေးကာအင်န်အယ်လ်ဒီမျိုးဆက်တွေမွေးဖွားပေးအုံးမှာဖြစ်သည်။အင်န်အယ်လ်ဒီမသေဆုံးပါ။သေဆုံးသွားတာက
ညီညွတ်ရေးပြိုကွဲသွားခြင်းဖြစ်သည်။ မကြာခင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ
အင်န်အယ်ဒီ
အပါအ၀င်ကြံဖွတ်ပါတီကြီးလည်းအနိုင်ရမှသာတိုင်းပြည်အကျိုးသယ်ပိုးနိုင်မှာဖြစ်သည်။နေပြည်တော်မှာပန်းတိုင်းပွင့်လန်းနိုင်ကြပါစေ။
စစ်အောင်
12 comments :
Very good post, that is right. but people will bark on this post.
Sounds like you are a hardliner who doesn't appreciate what the Lady has done to make everything in this situation better than before. Too bad your view isn't acknowledged as long as your little dark, ominous voices come out from anonymous screen by the pen name 'sit aung'. You see this isn't a way people do political business anywhere. If you can see the value of democracy, there is a thin line between freedom of speech and backstage shouting.. The freedom of speech comes with taking credit and responsibility of one's speech. So, why don't you be a man, pick up the courage and tell the same thing to the Lady's face.? Identify yourself so that your voices will not be discredited. Just piece of advice. ;)
The observer
လေးစားပါတယ် ကိုစစ်အောင်
YIN LAW WAN
ပြည်သူလူထုက အင်န်အယ်လ်ဒီကို ဟီးရိုးသဘောမျိုးယူဆခြင်းသည် သွေးတွေ၊ အသက်တွေကြားက ရပ်တည်ပြခဲ့လို့ ဖြစ်သည်။ ဟီးရိုးအဆင့်ကနေ ဇီးရိုးအဆင့်ရောက်၊မရောက်ကို အချိန် ကာလတခုမှာ မှတ်ကျောက်တင်သွားမည်ဖြစ်သည်။ နိုင်ငံရေးမှာ ထွေးပြီးသားတံထွေးပြန်မျိုရင် နိုင်ငံရေးအရ ၀ိနည်း ကျိုးပါသည်။
ခုစာကလေးကြော်၊ ခုဆီထမင်းဆိုပြီး ခိုင်မာတိကျပြတ်သားသည့်လမ်းစဉ်မရှိသော ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗိုလ်သိန်းစိန်၏ အာလူးပူတီကိုစားပြီး ချာလွန်းတဲ့ပါတီဖြစ်လို့  ချာပါတီအဆင့်သို့ကျရောက်သွားပြီဖြစ်သည်။ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလမှသည်၂၀၁၁ခုနှစ်၊နိုဝင်ဘာလ(၁၈)ရက်နေ့အထိ၂၃နှစ်ကျော်ကြာမျှပြင်းပြင်းထန်ရုန်းကန်ခဲ့ရသည့်လှုပ်ရှားမှုများသည်၆နာရီအချိန်ကြာကျင်းပခဲ့သောအင်န်အယ်လ်ဒီဗဟိုဦးစီးအစည်းအဝေးနှင့်အဆုံးသတ်သွားရသည်။ဗိုလ်သန်းရွှေကတော့ဗိုလ်သိန်းစိန်ကို ခရစ်ဒစ်တွေ အတောမသတ်ထုတ်ပေးလိုက်သည်။
IT IS SO TRUE!!!!!!!!!!!
ရိုးသားတဲ့အမြင်ရှိသူ၊သမာသမတ်ကျပြီးဘာနည်းပရိရာယ်မှမ၇ှိပဲရိုးစဉ်းစွာစဉ်းစားကြည့်ကြပါ။(၁)အများနှင့်သက်ဆိုင်သည့်ပါတီက၁၉၉၀ခုနှစ်၊မေလရွေးကောက်ပွဲကိစ္စကိုအကောင်အအထည်မဖော်နိုင်ခဲ့တဲ့ပါတီကတိုင်းပြည်ကိုနောက်ထပ်အုပ်ချုပ်နိုင်ဘို့ရွေးကောက်ပွဲဝင်မယ်ဆိုတော့စဉ်းစားသာကြည့်ကြပါတော့။ပြည်သူလူထုအပေါ်တာဝန်မကျေပဲစစ်အုပ်စုကိုစိတ်နဲ့တောင်မပြစ်မှားရဲတဲ့ပါတီတခုကသောက်သုံးမကျခဲ့တာကိုပြည်သူလူထုကိုရိုးသားစွာဝန်မခံပဲမိန်းမကျင့်မိန်းမကြံနဲ့ခေတ်မမှီတော့ပါဘူးလို့ပြောလိုက်တဲ့ပါတီဟာဆက်လက်သောက်သုံးကျနိုင်ပါ့ဦးမလား။NDFပါတီထက်တောင်သက်တမ်းနုသွားတဲ့ပါတီ၊
ပြီးတော့၁၉၉၀ခုနှစ်ကခမောက်ကိုဖျက်သိမ်းလိုက်ခြင်းဟာ၉၀ခုနှစ်ကိုမေ့လိုက်ပြီဆိုတာပါပဲ။ဒီလိုအသုံးမကျ၊ဘာစောက်ဖြစ်မှမရှိတဲ့ပါတီကိုနောက်ထပ်မဲပေးမယ်ဆိုတော့တိုင်းပြည်အတွက်ဘာမှထူးခြားလာမှု၇ှိတော့မှာမဟုတ်ဘူး။အမေရိကန်ပဲဝင်ဝင်၊တရုပ်ပဲဝင်ဝင်သူ့အကြိုးစီးပွားနဲ့သူဗိုက်နာနေကြတဲ့သူတွေ။အားလုံးပါအက်သစ်တွေမ၇ှိကြဘူး။စောက်သုံးမကျတဲ့NLDပါတီကိုဆက်လက်ထောက်ခံဘို့ဆိုတာရေထဲမှာအရုပ်ရေးသလိုဘာမှအရာထင်မှာမဟုတ်ဘူး။ပါတီထဲမှာအလုပ်လုပ်နိုင်တဲ့သူတွေမ၇ှိတော့ဘူး။နောက်ထပ်အစားထိုးမယ်လူငယ်တွေဟာ-မဆလ၊တစညပါတီတွေကပေါက်ဖွားလာတဲ့အချောင်သမားတွေပဲထွက်လာတော့မယ်။ဒေါ်ကြည်ကလည်းနောက်ထပ်(၃)နှစ်လောက်ဆိုအနားယူပြီ။အသက်ရှင်လည်းခဏပဲ။တိုင်းပြည်မှာဘာမှအဆင့်မ၇ှိတော့တြ့ပါတီဖြစ်သွားပြီ။မင်းကိုနိုင်နဲ့ကျောင်းသားနိုင်ငံရေးကိုဝိုင်းဝန်းတည်ဆောက်ကြ၊မင်းကိုနိုင်ကိုထောက်ခံကြ။
မင်းကကောတိုင်းပြည်အတွက်ဘာလုပ်ပေးခဲ့လို့အခုလိုစာတွေရေးနေရတာလဲ........မင်းကဘယ်ကကောင်းလဲ..ဘာလုပ်လဲ..တိုင်းပြည်အတွက်ဘာတွေလုပ်ပြီပြီးလဲ...အဝေးကနေပြီ.......ဖင်ကောင်းကျယ်မနေပါနဲ့........မိန်းမသာတစ်ကောက်ကိုဒီလိုဝေဖန်ရဲ့တဲ့မင့်လို့ ကောင်မျိုးရဲ့သတ္တိကိုတော့ချီးကျူးပါတယ်နော်.......မိန်းမသာတစ်ယောက်အနေနဲ့ လင်ကိုပြစ်သားကိုပြစ်ပြီနှစ်ပေါင်းများစွာခွဲခွာပြီး တိုင်းပြည်အတွက်အသက်ပေးပြီလုပ်နေတာပါ......မင်းကအမေစုလို့ အသက်ပေးပြီဘာတွေလုပ်ခဲ့လို့ ဒီလိုရေးရတာလဲ...........မင်းတို့ blog မှာရေးတဲစာတွေကိုဖတ်လိုက်ရရင်သိသာပါတယ်။ရေထားတဲ့စာသာတွေကပညာတတ်တစ်ယောက်ရေးထားတဲ့စာတစ်လုံးမှမပါဘူး.........ကိုလိုရာကိုတွေးပြီ........ကိုလိုရာကိုရေးတဲ့စာတွေပဲဖတ်နေရတယ်.........အရင်တုန်းကမိုးသီးဇွန်ရဲ့blogအရမ်ဖတ်ခဲတယ်။အရမ်လည်အထင်ကြီးခဲ့တယ်။အခုတော့စဉ်စားစရာပဲ။ကိုလိုရာကိုပဲတွေးပြီ..ကိုလိုရာကိုရေးတဲ့blog ကိုတော့ဝေးဝေးရှောင်းဖို့ စဉ်စားနေပြီ။စဉ်စားဆင်ကျင်ပြီရေးပါ...........ပညာရှိအမျှက်အပြင်မထွက်ဆိုတာကိုတော့ကြားဖူးမယ်ထင်ပါတယ်နော်............ရေးရင်တော့အရှည်ကြီးပါပဲ......ဒီလောက်ဆိုရင်ဘာကိုဆိုလိုတာလဲဆိုတာကိုနာလည်လောက်မယ်လိုထင်ပါတယ်.............

Tiger aung
U Nay Win ask to 888 studuent like u
U fought the British?
U fought the japan?
did u fight for the independence?
Did u fight the white chinese?
did u fight the comminist?
မင်းကကောတိုင်းပြည်အတွက်ဘာလုပ်ပေးခဲ့လို့?
U can write comments because U Nay Win့ အသက်ပေးပြီဘာတွေလုပ်ခဲ့လို .
Use ur brain.
အူနုကျွှဲခတ်နေတာက မင်းတို့..
.နှစ် ၂၀ ဘာစောက်ဖြစ် မှမရှိပဲ ပြည်ပအစိုးရ ထောက်ပံ့စာစားပြီး လေဖန်းဒန်းစီးနေတဲ့ကောင်တွေ...ခွေးဖြစ်ခါနီးတော့ အူလိုက်ကြတာကွာ... နားကို ငြီးနေတာပဲ..
all of u are selfish and just proud of ur self and just thinking of ur own goods. just a banch of ur people only againts aung san su kyi.what have u done.dont tell us that what ever 88 generation or whatso ever.don't yaking from outside if u want go inside burma and do the right thing.stupid blog and stupid people writing the news.
This is right as you will lost your mug after NLD and Myanmar Gov, are doing well.
Post a Comment