Wednesday, 16 November 2011

အပြောင်းအလဲ က ဘယ်သူအတွက်ဖြစ်လာနိုင်သလဲ

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခုက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သော နေရွှေသွေးအောင်၏ ၁၆ နှစ်မြောက် မွေးနေ့ဧည့်ခံပွဲတွင် တွေ့ရသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နေရွှေသွေးအောင် နှင့် လုပ်ငန်းရှင် ဦးဇော်ဇော်
ဦးသန်းရွှေ၏ မိသားစုဝင်များအပါအ၀င် ယခင် စစ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ၎င်းတို့နှင့် အချိတ်အဆက်ရှိသည့် လုပ်ငန်းရှင်ကြီးများကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သော်လည်း နေရွှေသွေးအောင် ရရှိထားသော ဗီဇာသည် ရှန်ကန်းဗီဇာ (Schengen Visa) ခေါ် ဥရောပနိုင်ငံအများအပြားကို သွားရောက်နိုင်သည့် ဗီဇာဖြစ်သည်ဟု ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခုထံမှ သိရသည်။
ဗီဇာထုတ်ပေးသည့် သံရုံးမှာ ပြင်သစ်သံရုံး ဖြစ်သည်ဟု ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။
ဤသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ပြင်သစ်သံရုံးကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်။
“မည်သူမည်ဝါကို ဗီဇာထုတ်ပေးလိုက်တယ်ဆိုတာ ကျမတို့ ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ပြီးတော့ ဗီဇာပိတ်ပင်မှုစာရင်းမှာ ပါနေတဲ့သူတွေကိုလည်း ဗီဇာထုတ်ပေးလေ့မရှိပါဘူး” ဟု ပြင်သစ်သံရုံး၊ ဗီဇာဌာန အရာရှိတဦးက ဧရာဝတီကို ယနေ့ ပြောကြားသည်။
ဖိုးလပြည့်ဟု လူသိများသည့် နေရွှေသွေးအောင်သည် မြန်မာနိုင်ငံကူးလက်မှတ် ၃ အုပ်ခန့် ကိုင်ဆောင်ထားသူဖြစ်သည်ဟု သူ၏ မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။
နေရွှေသွေးအောင် ပြည်ဝင်ခွင့်ဗီဇာလျှောက်စဉ်က မည်သည့် အမည်ဖြင့်  လျှောက်ထားကြောင်း၊ ဥရောပခရီးစဉ်တွင် သူနှင့်အတူ မည်သူ လိုက်ပါသွားကြောင်း မသိရသေးပေ။
ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခု၏ အဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် ဥရောပသို့ သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က ရရှိသော သတင်းများအရ နေရွှေသွေးအောင်သည် စီးပွားရေး လုပ်ငန်းအများပြားကို အဘိုးဖြစ်သူ၏ သြဇာသုံးပြီး လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
နေရွှေသွေးအောင်က အဘိုး၏ အရှိန်အ၀ါကို စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုခြင်း မဟုတ်ပေ။ ၂၀၀၉ ခုနှစ်ကလည်း ရန်ကုန်မြို့ရှိ စစ်ဗိုလ်ချုပ်မိသားစုဝင်များ၏ “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍  ဖျက်ဆီးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ယခင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ တဦးသည်  နေရွှေသွေးအောင်၏ ဆုံးမသြ၀ါဒကို ၂ နာရီခန့် နားထောင်ခဲ့ရသည်ဟု ဆိုသည်။
ဦးသန်းရွှေ၏ အချစ်ဆုံးမြေးတဦးဖြစ်သည်ဟု ထင်ရှားသည့် နေရွှေသွေးအောင်သည် ဒေါက်တာ နေစိုးမောင် နှင့် ဒေါ်ကြည်ကြည်ရွှေ တို့၏သား ဖြစ်သည်။

11 comments :

Anonymous said...

မြန်မာနိုင်ငံမှာပြောင်းလဲမှုစတင်နေပြီဆိုတာ
ဒါတွေလားဗျာ

Anonymous said...

ဦးဝိမလ ပါ ။ မကြာမှီ လူထွက်တော့မှာမို ဒါဟာ တကဲ့ ကြီးမားတဲ့ အပြောင်းအလဲပါ ။ ပုလင်းလဲအောင်အထိ သောက်ဖို့  ကြိမ်းဝါးထားပါတယ် ။

မောင်တိကျ ။

Anonymous said...

သြော် - အပြောင်း = ဘုန်ကြီးမှသည် လူဝတ်ဆီသို့  ။ အလဲ = ပုလင်းတင်မက လူပါလဲနိုင်သည် ။ တော်စဟဲ့ -

Anonymous said...

sai sai fer hlaing,,,,

Anonymous said...

Let hire HITMAN to assassinate Nay Shwe Thway Aung.

Now is the chance as he wouldn't have body guard to protect him.

We just need to raise 3 grand, just announce on Facebook or blog and put the price on his head.

Many bounty hunter will follow him.

Anonymous said...

http://www.facebook.com/home.php?#!/htettayza
Htet tay za living in switzerland...

Anonymous said...

http://www.facebook.com/home.php?#!/htettayza
Htet tay za living in switzerland...

Anonymous said...

Good Idea mate,

We will ask the Hitman to tape how he killed Pho La Pyi and posted on youtube.

Than Shwe could die right away if he saw how his beloved grandson was killed.

now is best time to revenge for all the innocent lives they took in 1988 and 2207.

Lets make it happen.

Please inform to ko moe thee website if anybody found him in Europe.

Anonymous said...

ဖိုးလပြည့် ဆိုတာ အခုချိန်ထိ အာဏာပိုင်တွေ သူဌေးတွေဆီ ကအခွင့်အရေးအပြည့်ယူနေတုန်းဘဲ။
ရှင်းရှင်းပြောရင် သည်swiss ကိုသွားခွင့်ရတာလဲ မြန်မာပြည်က အရက်သူဌေးကြီးလုပ်ပေးလိုက်တာဘဲ။
အရက်သူဌေးကြီး လေလံမြေတွေပါမစ်တွေ ရအောင် ဖိုးလပြည့်က ကူညီတယ် .ဖိုးလပြည့် swiss သွားခွင့်ရအောင် အရက်သူဌေးကြီးက လုပ်ပေးတယ်. ဖိုးလပြည့် ပျော်ပါးလို့ရအောင် အက်စ်စကော့ဆားဗစ် တောင် swiss မှာပေးထားသေးတယ်။ သူဌေးကြီးလည်း ဖိုးလပြည့်ပျော်ပါးလိုက်တာ 3million လောက်ကုန်သွားတယ်ကြားတယ်။
အခုလည်း သူဌေးကြီးအစီအစဉ်နဲ့ ခရီးတခုထွက်သွားတယ်ကြားတယ်။။။ အခုနောက်ဆုံး သတင်းကတော့ အရက်သူဌေးကြီး အုပ်ချုပ်သူလုပ်နေတဲ့ seagame မြန်မာအသင်း ၇ှိရာ jakarta ကို လိုက်သွားတယ်ဆိုဘဲ. ဦးအောင်မိုးကျော် နဲ့တူတူ ထွက်သွားတယ် လို့ သတင်းရထားတယ်

Anonymous said...

ကဲ ကိုမိုးသီး သန်းရွှေ ရဲ့ အသည်းနှလုံးက ခင်ဗျားကွင်းထဲရောက်လာပြီ..ခင်ဗျားမလာရင် သူလာပြီတဲ့..

Anonymous said...

ဗီဇာပိတ်ပင်ခံထားရသည့်ဖိုးလပြည့်အား ရန်ကုန်မြို့ပြင်သစ်သံရုံးက ဗီဇာထုတ်ပေးသည်ဆိုသောအချက်မှာ မထူးဆန်းပါဟု အနောက်တိုင်းသံရုံးတခုတွင် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ဖူးသူ မြန်မာပြည်သားတဦးက မိုးမခကို ပြောသည်။

ဖိုးလပြည့်၏ နိုင်ငံကူးလက်မှတ်တွင် ကိုယ်ရေးအချက်အလက်များ ပြောင်းလဲရန်ပင်မလိုဘဲ နာမည်ရင်းဖြင့် ဗီဇာ လျှောက်နိုင်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သည့် စစ်အရာရှိကြီးတချို့ကို ဥရောပသို့ ရောက်ခဲ့ပြီးဖြစ်ကြောင်း ရှင်းပြသည်။

အနောက်နိုင်ငံများအနက် ဗြိတိန်နိုင်ငံ နှင့် အမေရိကန်တို့ကသာ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒကို တိတိကျကျ ကျင့်သုံးဟန်ရှိကြောင်း သူက ပြောပြသည်။