Monday 7 November 2011

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီမှ အီရန်နျူးကလီးယား အစီအစဉ်အပေါ် ထုတ်ပြန်ချက်

အစ္စရေးတင့်ကားများ

အီရန်စစ်ရေးပြအခန်းအနား

ဝါရှင်တန် (CNN) - နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) အီရန် နျူကလီးယား အစီအစဉ် အသေးစိတ် နှင့် ပတ်သတ်ပြီး နောက်ဆုံး ထုတ်ပြန်ကြေငြာချက်ကို မကြာခင် ထုတ်ပြန်သွားမည်ဟု အနောက်တိုင်း သံတမန်ရပ်ကွက်မှ ပြောကြားသွားပါသည်။ အီရန် နျူကလီးယား အစီအစဉ်သည် စစ်ရေးနှင့် နျူလက်နက်ထုတ်လုပ်ရေးကို အဓိက ထားလုပ်ဆောင်နေကြောင်း ထိုထုတ်ပြန်ချက်၌ ပါဝင်လိမ့်မည် ဟု သံတမန်များက သတင်းရှင်းလင်းပွဲ၌ ပြောကြားသွားကြောင်း CNN မှ သိရှိရပါသည်။ ထိုထုတ်ပြန်ချက် သည် ကမ္ဘာကုလသမဂ္ဂ နျူ့ စောင့်ကြည့်ရေး အဖွဲ့ ၏ အစီရင်ခံချက်နှင့် လာမည့်အပတ်၌ ပူးတွဲထုတ်ပြန်လာနိုင်ဖွယ်ရှိကြောင်း၊ ကုလသမဂ္ဂနျူ့ စောင့်ကြည့်ရေး အဖွဲ့၏ ထုတ်ပြန်ချက်၌ အီရန်နျူ့ကလီးယား အစီအစဉ်သည် နျူ့ လက်နက်များထုတ်လုပ်ရန်ဖြစ်ကြောင်းကို အီရန်မှ ကွန်ပြူတာဖြင့် ဆွဲထားသော နျူ့ ထိပ်ဖူးတပ် ဒုံးကျည်ပုံစံ ဖြင့် ပူးတွဲဖော်ပြလာနိုင်သည်ဟု ယူဆရကြောင်း သံတမန်ရပ်ကွက်မှ ပြောဆိုခဲ့ပါသည်။
 အမေရိကန်မှ အီရန်နျူ့ အစီအစဉ်နှင့်ပတ်သတ်ပြီး ၄င်းတနိုင်ငံတည်းသာမက ကုလသမဂ္ဂ အပါအဝင်နိုင်ငံတကာမှ သံတမန်နည်းဆိုင်ရာများ၊ စီးပွားရေး ပိတ်ဆို့မူ့များဖြင့် ပြိုင်တူဖိအားပေး ဆောင်ရွက်ရန် လှူံ့ဆော်နေပြီး ငွေကြေးဆိုင်ရာပိတ်ဆို့မူ့များ အဆင့်ထိ တိုးမြင့်သွားရန်တာစူနေပါသည်။ ကမ္ဘာစီးပွားရေးအကြပ်အတည်းကာလ၌ ဓါတ်ဆီဈေးကမောက်ကမဖြစ်စေနိုင်သည့် ခြေလှမ်းဖြစ်သော အီရန်ဗဟိုဘဏ် ကိုပင်တားဆီးပိတ်ပင်သွား ရန်ပင် ထည့်သွင်းစဉ်းစားထားကြောင်း အမေရိကန်အာဏာပိုင်များ ကပြောကြားသွားပါသည်။
ပြီးခဲ့သည့် ဂျီ-၂၀ အစည်းအဝေး၌ အမေရိကန်သမတ အိုဘားမား နှင့်ပြင်သစ်သမတ ဆာကိုးဇီး တို့ ၂ဦး အီရန်နျူ့ပြသနာနှင့်ပတ်သတ်ပြီး အီရန် အစိုးရမှ လိုက်လျောမူ့များ ပေါ်ပေါက်လာသည့်အထိ ပြင်းထန်သော နိုင်ငံတကာ ဖိအားပေးမူ့များ ကို ပြုလုပ်သွားရန် သဘောတူညီခဲ့ကြကြောင်း အိုးဘားမား က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အိုးဘားမား ၏ လာမည့်အပတ် အာရှခရီးစဉ်၌ အီရန်အား ပိုမိုပြင်းထန်သော ပိတ်ဆို့ ဖြတ်တောက်မူ့များပြုလုပ်ရန် အစီအစဉ်များကို လစ်လျူရှူထားသော ရုရှား၊တရုပ်ခေါင်းဆောင်များ နှင့်တွေ့ဆုံပြီး အီရန်ကိစ္စကို ထပ်မံဆွေးနွေး လှူံ့ဆော်သွားမည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။ အီရန်အစိုးရပယောဂ မကင်းဟုယူဆထားသော ဆော်ဒီသံအမတ်အား အမေရိကန် အတွင်း လုပ်ကြံရန် ကိစ္စပေါ်ပေါက်လာပြီး နောက် IAEA ၏ ထုတ်ပြန်ချက်လည်း မရှေးမနှောင်းထွက်ပေါ်လာခဲ့ပါသည်။
အိုဘားမားအစိုးရ အနေဖြင့် အီရန်အား စစ်ရေးအရ ဝင်ရောက်နှိမ်နင်းရန်ကိုမူ ထည့်သွင်းစဉ်းစားထားခြင်းမရှိသေးပါ။ သံတမန်နည်းလျာများ၊    စီးပွားရေးဖြတ်တောက်ပိတ်ဆို့မူ့များဖြင့်သာ ဖိအားပေးလျှက်ရှိပါသည်။ သို့သော် အစ္စရေးမှ လက်ဦးမူ့ရယူပြီး အီရန်နျူ့အဆောက်အဦး အား စတင်တိုက်ခိုက်လာနိုင်ဖွယ် ရာရှိနေသဖြင့် အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးများမှ ၂နိုင်ငံစလုံးကို စိုးရိမ်စွာဖြင့် မျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိနေကြောင်းသိရပါသည်။

တီကေ
နိုဝင်ဘာ ၈ရက်၊၂၀၁၁

No comments :