Tuesday 8 November 2011

လူထုတိုက်ပွဲဝင် တရုတ်မျက်မမြင်အတွက် အွန်လိုင်းလှုပ်ရှားမှု

လူထုတိုက်ပွဲဝင် တရုတ်မျက်မမြင်အတွက် အွန်လိုင်းလှုပ်ရှားမှု

by Eimmet Mahotpar on Tuesday, November 8, 2011 at 2:43am
လူထုတိုက်ပွဲဝင် တရုတ်မျက်မမြင်အတွက် အွန်လိုင်းလှုပ်ရှားမှု


http://www.maukkha.org/index.php?option=com_content&view=article&id=1955%3A2011-11-08-03-16-46&catid=120%3A2010-10-11-07-37-22&Itemid=374
မျက်မမြင်လူငယ် 'ချန်ဂေါင်ချန်း' က တရုတ်ပြည်မှ ဘ၀တူမျက်မမြင်တွေနဲ့ ကိုယ်ခန္ဓာမသန်စွမ်းသူတွေရဲ့ အခွင့်အရေးအတွက် ၂၀၀၃ ခုနှစ်မှာ စတင်လှုပ်ရှားပြီး လူသိများလာသူ ဖြစ်သည်။


 နောက်တော့ မစ္စတာချန် က မျက်မမြင်တွေရဲ့ အရေးလောက်သာ မဟုတ်တော့ဘဲ၊ ကမ်းရိုးတန်း ရှန်ဒေါင်းပြည်နယ်က လယ်သမားတွေရဲ့ လယ်တွေ မတရားအသိမ်းခံရတာကိုပါ ကာကွယ်ပြောဆိုသူ ဖြစ်လာသည်။ မျက်မမြင် တစ်ယောက်ရဲ့ လှုပ်ရှားမှုက

ဒေသအာဏာပိုင်တွေကို အတော်ခေါင်းခြောက်စေခဲ့သည်။

၂၀၀၆ ခုနှစ်မှာတော့ အစိုးရရဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် စီမံကိန်းရဲ့ မှားယွင်းမှုတွေ ဝေဖန်ပြောဆိုမှုနဲ့ မစ္စတာချန် ကို ထောင် ၄ နှစ်ချလိုက်သည်။ ထောင်ကပြန်လွတ်လာတော့ နေအိမ် အကျယ်ချုပ်နဲ့ အချိန်ပြည့် စောင့်ကြည့်ခံနေရသည်။ သူနေတဲ့ ဒေါင်ရှီဂူ

ရွာကို သွားချင်သူတွေကိုလည်း အာဏာပိုင်တွေ ရိုက်မောင်းပုတ်မောင်းလုပ် တားမြစ်ထားသည်။

မကြာခင်ကတော့ မစ္စတာချန်ကို ထောက်ခံသူတွေက သူ့ဆီအလည်သွားဖို့ အွန်လိုင်းပေါ်ကနေ ကန်ပိန်းတွေ လုပ်လာကြသည်။ သူ့ဆီ အလည်သွားဖို့ အင်တာနက် စည်းရုံးလှုံဆော်မှုက ရှန်ဒေါင်းပြည်နယ် တစ်ခုထဲ မကတော့ဘဲ၊ တရုတ်တပြည်လုံးမှာ

ဂယက်ရိုက်ကုန်သည်။ နေအိမ်အကျယ်ချုပ်ကျနေသူဆီ အလည်သွားဖို့ စည်းစည်းလုံးလုံးနဲ့ မနားတမ်းတောင်းဆိုနေတာ တရုတ်ပြည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

ဝဘ်ဆိုဒ်တွေ၊ ဘလော့ဂ်တွေနဲ့ မိုက်ခရိုဘလော့ဂ်ခေါ် တွစ်တာ ဖေ့စ်ဘွတ်တွေရဲ့ နေ့စဉ်လှုပ်ရှားမှုကြောင့် တရုတ်ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဝင်မယ့် ဒေသကိုယ်စားလှယ်အချို့ရဲ့ ထောက်ခံမှုပါ ရရှိလာသည်။ တရုတ်မှာ ပြည်သူ့လွှတ်တော်က

အာဏာသိပ်ရှိတာတော့ မဟုတ်၊ ရုပ်သေးအဖွဲ့ဖြစ်ပေမဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ လွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်မှုက ကွန်မြူနစ်ပါတီကို ကိုင်လှုပ်လာသည်။

တောင်းဆိုလှုပ်ရှားသူတွေကလည်း မစ္စတာချန်နဲ့ တွေ့ဆုံနိုင်ဖို့ အခွင့်အရေးနည်းတယ်ဆိုတာ သိပြီးသား။ အစိုးရက သူ့အိမ်ကို ညဖက် မီးစလိုက်တွေထိုး စောင့်ကြည့်ထားပြီး၊ ဖုန်းလိုင်းနဲ့ မိုလ်ဘိုင်းကွန်ယက်ပါ ဖြတ်ထားသည်။

အောက်တိုဘာ ၁၄ ရက်မှာ သူနေတဲ့ ပြည်နယ်အနီးက အန်ဟွိုင်းပြည်နယ်မှာရှိတဲ့ မျက်မမြင်တွေနဲ့ မစွမ်းမသန်တွေကိုပါ အစိုးရက မောင်းထုတ်ရှင်းလင်းပစ်သည်။ အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ မစ္စတာချန် ရဲ့ အိမ်ကို ၀င်ဖို့ကြိုးစားတဲ့ တရုတ်လူ့အခွင့်အရေး

လှုပ်ရှားသူ ၃၇ ယောက်ကို တရုတ်ကြံ့ဖွတ်နဲ့ စွမ်းအားရှင် ၁၀၀ လောက်က ရိုက်နှက်ခဲ့သည်။

မစ္စတာချန် ရဲ့ အိမ်ကို အလည်သွားရေးကိစ္စက တရုတ်အစိုးရပိုင် မီဒီယာတွေကြားမှာလည်း အချင်းချင်း ပြဿနာ တက်ကုန်သည်။ မစ္စတာချန် အပေါ် နှိပ်ကွပ်ရေးသားတဲ့ အစိုးရပိုင် Global Times သတင်းစာကို ရှန်ဟိုင်းထုတ် Oriental Morning News သတင်းစာက

ပြင်းပြင်းထန်ထန် ဝေဖန်သည်။ အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရ ဆင်ဝှာသတင်းဌာနရဲ့ သတင်းသမားတစ်ယောက် မစ္စတာချန် အိမ်ဝင်ဖို့ ကြိုးစားလို့ ရိုက်နှက်ခံရသည်။ မစ္စတာချန်ကို စာနာတဲ့ သတင်းသမားအချို့ အလုပ်ဖြုတ်ခံရသည်။

ဒါပေမဲ့ မစ္စတာချန်က ကွန်မြူနစ်ပါတီကို တိုက်ရိုက် စိန်ခေါ်မှု မပြ။ သူက မျက်မမြင်အရေး၊ မသန်မစွမ်းသူတွေအရေး၊ လယ်သမားအရေး၊ ကလေးတစ်ယောက်ထက် ပိုမွေးဖွားခွင့်ရရေးတွေကိုသာ တောင်းဆိုသူမို့၊ အစိုးရက လိုက်လျောတဲ့အနေနဲ့ သူ့ရဲ့ ၆

နှစ်သမီးလေးကို နေ့စဉ် ကျောင်းတက်ခွင့်ပြုသည်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အစိုးရပိုင်းကတော့ အင်တာနက်အသုံးပြုလှုပ်ရှားမှုတွေအပေါ် စိုးရိမ်ထိတ်လန့်မှု ပိုကြီးလာသည်။ ပြီးခဲ့တဲ့ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ အင်တာနက် စီမံခန့်ခွဲမှု ခေါင်းစဉ်နဲ့ မိုက်ခရိုဘလော့ဂ်တွေ ထိန်းချုပ်ဖို့ အဓိကထား ဆွေးနွေးခဲ့သည်။

ဝင့်ထန်း

No comments :