Saturday 5 November 2011

ဦးသိန်းစိန်အစိုးရဘာဆက်လုပ်မလဲ


ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ်ဆိုတဲ့နောက်ပိုင်းမှာ ပြည်ပရောက်ဒီမိုကရေစီအင်
အားစုများက တိုးတက်မှုအရိပ်အယောင်တွေကို  မျော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ ရဲကောင်း-ရဲဆိုး ( Good Cop- Bad Cop) ဗျူဟာကို  ပြောင်းလဲကျင့်သုံးလာတာသာဖြစ်တယ်လို့ ယူဆသူတွေလဲတိုးပွားလာပါတယ်။ 
ဒါကတော့ ဦးသိန်းစိန် ကရဲကောင်း ပုံစံ၊ တင်အောင်မြင်ဦးတို့ ကရဲဆိုးပုံစံ  လူခွဲကစားတာကိုဆိုလိုတာဖြစ်တယ်။ တကယ်က သူတို့ အချင်းအချင်းပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ 
တရားခံကို မျက်စိလည်အောင်လှည့်စားတာသာဖြစ်တယ်။ ဒီနည်းကို အင်္ဂလိပ်ထောက်လှမ်းရေးတွေက 
စတင်တည်ထွင်သုံးခဲ့တာပါ။  Mutt and Jeff  လို့ ခေါ်တဲ့ဗျူဟာပါ။

ုပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေထဲက တချို့ ခေါင်းဆောင်တွေဟာ သံရုံးကို ကိုယ်နည်းကိုယ်ဟန်နဲ့ 
ဆက်သွယ်ပြီး ပြန်လည်ဖို့  ကမ်းလှမ်းခဲ့ ကြပေမဲ့ ဦးသိန်းစိန်အစိုးရက လုံးဝ အကြောင်းမပြန်ကြဘူးလို့ သိရ
ပါတယ်။ နိင်ငံရေးအကျဉ်းသားတွေကိုလည်း လုံးဝလွတ်ပေးမဲ့အရိပ်အယောင်မရှိသေးပဲ။  မကြာခင်လွှတ်တော်မလိုလို ကောဠဟာလ တွေဟာ ထွက်ပေါ်နေပါတယ်။  လူအခွင့်ရေးချိုးဖေါက်မှုတွေ
ဆက်လက်ရှိနေသေးတယ်လို့  နိင်ငံတကာ က ထောက်ပြနေဆဲဖြစ်ပါတယ်။  ဒီနှစ်ကုန်တဲ့အထိမထူးခြား
ဘူးဆိုရင်တော့ လှုပ်ရှားမှုတွေ ပြန်လည် ဖြစ်ပေါ်လာနိင်တယ် ။

No comments :