ထွန်းထွန်အောင်ရေ
ကိုရင်မေးတဲ့မေးခွန်း တွေကို ကိုဖြေရရင်တော့
။မင်းအောင်လှိုင်တရုပ်သွားတာ သွားရှောင်တာပါ။ ဟီလာရီ က ဆရာမကြီးလို့ သမတ၊
စစ်ဦးစီချုပ် တွေကို လာဆုံးမ တာ လို့ သူတို့ မခံနိင်သေးပါ။ သူ အစီအစဉ်နဲ
့သူရှီပါတယ်. ( Own Schedule ) ဆိုတာကို ပြတာပေါ့လေ။ နောက်တခုက
အမေရိကန်နဲ့ တရုတ်ကြားမှာ Balance of Power ယူဆချက်ကိုဖြစ်ပေါ်စေရုံကလွဲလို့ အကျိုးမရှိလှပါ။ တရုပ်ကိုယ်တိုင်က Balance of Power ကိုအသုံးချမခံတာကို တွေ့ ရတယ်။ ဒီဒေသမှာစီးပွားရေးပူးပေါင်းဆောင်၇ွက်မှုကို လုပ်ဖို့ သာ အားလုံးကိုထပ်ခါပြောလေ့ရှိတယ်။
မြန်မာ
စစ်အုပ်စုက အမေရိကန်နဲ့ တရုတ်ကို Balance of Power လုပ်မရပေမဲ့။ တရုပ်က
ကချင်နဲ့ ဝ ကိုတော့ စစ်အုပ်နဲ့  Balance လုပ်ထားတယ်။ အဓိပါယ်က
ငါပြောတာနားထောင်။ နားမထောင်ရင် မင်းရဲ့ ပြိုင်ဖက်တွေကို ကူညီလိုက်မယ် လို့ 
ခြိမ်းချောက်ထား တယ်။မြန်မာ- ၀ ဆက်ဆံရေးမှာ ၀ ဟာ
လုံးဝ အပေါ်စီးရခဲ့တယ်။ စစ်အစိုးရကို ၀က မင်းဖါသာ အပြင်မှာကြိုက်တာလုပ်။ ငါ ဒို့ နယ်ထဲတော့မ၀င်မလာနဲ့ တော့ လို့  ပြောနိင်လာတဲ့အထိအောင်မြင်သွားတယ်။ တရုပ်ရဲ့  အားပေးမှုရခဲ့တဲ့သဘောဖြစ်တယ်။
ဒါကြောင့် တရုတ်က
အမေရိကန် မြန်မာ ပြည်ကို ၀င်လာတာကို ကြိုက်ပါတယ်။ တရုပ်က
Open Market ကို enjoy ဖြစ်နေပြီ။ ယုံကြည်မှုရှိနေတယ်။ အပေါ်ယံမှာတော
အမေရိကန် ရဲ့  Hegemony ကို တိုင်ဝမ်ကိစ္စ၊ တီဗက်ကိစ္စ၊ ရှင်ကျန်း ကိစ္စ
လောက်မှာပဲ ဆန်ကျင်တော့မယ်။ အမေရိကန် က တရုပ်ရဲ့  လောင်စာ လိုအပ်မှုကို
မနှောက်ယှက်သမျှ တရုပ်-အမေရိန်ဟာ အိုကေ နေမယ်။ တရုတ်ရဲ့  စစ်ရေးမသုံးတဲ့
သံတမန်ရေးနဲ့ စီးပွားရေး ဗျူဟာ က International actors ကြားမှာ sexy
ဖြစ်နေတယ်။
မြန်မာ စစ် အစိုးရရဲ့  မိုတို တွေဖြစ်တဲ့ အမျိုးသားရေး၊ လုံခြုံရေး၊ အာရှ ဒေသ၊ အနောက်ကမ္ဘာ ဆိုတဲ့ အဘိဓါန်တွေက တရုတ်တွေရဲ့  စီးပွားရေးဖွင့်ဖြိုးမှု ၊ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ စတဲ့ အနှစ်သာရတွေနဲ့  ပြောင်ပြောင်ကြီးကို ဆန်ကျင်နေကြတယ်။ သူတို့  အတွေးအခေါ်တွေကိုဘယ်လောက်ပြောင်းလဲပြစ်လိုက်သလဲဆိုရင်
သိသာတဲ့ တချက် လေးကိုပဲထောက်ပြချင်တာက တရုပ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်အထိက သူတို့ ပြည်သူကွန်ကရက်မှာ ကွန်မြူနစ်ယူနီဖေါင်း ဒါမဟုတ် တရုတ်အမျိုးသားဝတ်စုံတွေကို ၀တ်ပြီးတက်ကြတာ ဖြစ်တယ်။ အခုသူတို့ ဟာ အနောက်တိုင်းဝတ်စုံကို အားလုံးဝတ်ပြီးတက်လာတာကိုတွေ့ ရတယ်။ မေဂျီဘုရင် ပြောင်းလဲ မှုလုပ်သလိုကိုလုပ်လိုက်တာလို့  ကျနော်မြင်တယ်။
၁၉၀၀ စုအဆန်းပိုင်း မှာ ဂျပန် မီဂျေဘုရင်က အနောက်တိုင်းဝတ်စုံကို အတင်းဝတ်ခိုင်း ဆာမူရိုင်းဝတ်စုံနဲ့ ဓါးကိုင်ပြီးထွက်လာတဲ့ ဆာမူရိုင်းတွေကို ဖမ်းပြီး ပြစ်ဒဏ်ပေး တာတွေကိုလုပ်ပြီး တော့တောင် လုပ်ခဲ့တယ်။ ခေတ်သစ် ကမ္ဘာ ကို ဒီလိုဝင်လို့ မရတော့ဘူးဆိုတာသူသိလာတယ်။
အမျိုးသားဝတ်စုံအမျိုးသားရေးသင်္ကေတပါ။ ထိမ်းသိမ်းရမယ်။ လူမှုရေး၊ စီးပွားရေး နဲ့ ယဉ်ကျေးမှုတွေမှာ အသုံးပြုရမယ်။ နိင်ငံရေး အပြောင်းအလဲမှာ တော့ အမျိုးသားရေး အစွန်းရောက်မှုဟာ တိုးတက်မှုကို အကြီးအကျယ်ဟန့် တားနေတယ်။ ဒါကို တရုတ်တွေသိလာတယ်။ ပြောင်းလဲပြစ်လိုက်ကြတယ်။
ဒီအချိန်မှာ မြန်မာ စစ်ဗိုလ်ချုပ်လူထွက်တွေက တောင်ရှည်ပုဆိုး ခေါင်းပေါင်း စတလူလူ ဟာ ကမ္ဘာကြီး ၀င်ဆန့် နိင်တဲ့ အတွေးအခေါ် မရှိသေးဘူး။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးထဲမှာ ကျန် နေခဲ့တယ်။ ခေတ်နောက်ပြန်ဆွဲ နေတယ်ဆိုတာကို ပြနေတယ်။ မြန်မာ က မပြောင်းလဲ နိင်သေးဘူး။ ဒါမှမဟုတ် ဘယ်လိုပြောင်းလဲရမှန်းမသိဘူး။ တခုခုပေါ့။
မြန်မာစစ်ဗိုလ်တွေ ယူဆသလို တရုပ်က အမေရိကန် နဲ့  မြန်မာစစ်ဗိုလ်တွေအတွက် မျက်နှာပျက်ခံမှာမဟုတ်ဘူး။ သူတရုတ်ပြည်ကို သွားတာ ဟာ အချိန်ကုန်တာ၊ ငွေကုန်တာ။ ကချင်-၀ ကိစ္စရော၊ အမေရိကန်နဲ့ ကိစ္စရော မအောင်မြင်ပါဘူး။
2 comments :
ဟုတ်ကဲ့ ပြောပါရစေ..... မင်းအောင်လှိုင်ဆိုတာ မနေ့  တစ်နေ့ ကမှ သန်းရွှေ ရင်ခွင်ပိုက် ဘ၀ က ဆင်းလာတာပါ။ ဘာမှ အိုင်ဒီယာ မရှိလှပါဘူး။ ကိုမိုးသီးနဲ့  နင်လား ငါလား ပါပဲ။
ပြဿနာကို ဗမာပြည်ကပူတော့ အနောက်တိုင်းဝတ်စုံဝတ်လို့မရဘူး.. ဘောင်းဘီနဲ့ရှပ်အင်္ကျီလက်တို၊ လက်ရှည်ဝတ်၊ ရှူးဖိနပ်စီး၊ ဘောင်းဘီ၊ စကပ်နဲ့ ရှပ်၊ ဘလောက်စ် တို၊ရှည် ဝတ်၊ လေဒီရှူးစီးလို့တော့ရပါတယ်။ အဲကွန်းဖွင့်ဖို့ကလည်း စစ်သူတောင်းစားတွေက မီးမှန်အောင်မလုပ်နိုင်ဘူးလေ။
Post a Comment