Sunday 6 November 2011

အိန္ဒယ သံတမန် ပီချေနမ်ဗြားရဲ့  တာဝန်မဲ့ မှု နဲ့ လူအခွင့်ရေးချိုးခံရမှု

ဟရေ … နမ်ဗြား၊ နင် ဘယ်လမ်းသွားမလဲ

 ဂါမဏိ

သီရိလင်္ကာပြည်တွင်းစစ် နောက်ဆုံးရက်ပိုင်းတွေမှာ တမီးလ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ LTTE ရဲ့ နိုင်ငံ ရေးခေါင်းဆောင်ပိုင်းတွေဟာ မိသားစုတွေ၊ အရပ်သားတွေနဲ့အတူ သီရိလင်္ကာ အစိုးရတပ်ဆီမှာ အလံဖြူ ထောင် လက်နက်ချခဲ့ကြပါတယ်။ ဒီထဲမှာ ထိပ်သီးခေါင်းဆောင် နာဒီစံ၊ ငြိမ်းချမ်းရေးအတွင်းဝန် ပူလီဒေဝန်နဲ့ ဗိုလ်မှူးကြီးရာမက်ရှ်တို့ ပါဝင်ပြီး စုစုပေါင်း လူ ၃၀၀ ကျော်ရှိပါတယ်။ 
(ခေါင်းစဉ်ကိုကလစ်ပါ ) 




သူတို့ဟာ အစောပိုင်းမှာ စေ့စပ်ဆွေးနွေးဖို့ဘဲ စိတ်အားထက်သန်ပြီး နောက်ပိုင်းမှာ စစ်ရေးအရ အကျဉ်းအ ကျပ်ဆိုက်လာတဲ့အခါ ခြွင်းချက်မရှိ လက်နက်ချဖို့ သဘောတူခဲ့ပါတော့တယ်။ ဒီလို သဘောတူတဲ့အကြောင်း ကုလသမဂ္ဂအရာရှိတွေ၊ နော်ဝေးအစိုးရ၊ ဗြိတိန်အစိုးရ၊ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC တို့ကိုအကြောင်းကြားခဲ့ပါတယ်။ ကြားလူနှစ်ယောက်ကတဆင့် သီရိလင်္ကာအစိုးရကိုလည်း အကြောင်းကြား ခဲ့ပါတယ်။

သီရိလင်္ကာသမ္မတ မဟိန္ဒရာဇာပတ်ကစာနဲ့ ညီဖြစ်သူ ကာကွယ်ရေးအတွင်းဝန် ဘာစင်လ်ရာဇာပတ်ကစာတို့ က လက်နက်ချမှုကို လက်ခံမယ့်အကြောင်း အာမခံခဲ့ပြီး စောစောက ကြားလူနှစ်ယောက်ကတဆင့် ပြန်အ ကြောင်းကြားခဲ့ပါတယ်။ အကြောင်းကြားချက်ထဲမှာ အလံဖြူတခုထောင်ပြီး အစိုးရတပ်ရှိတဲ့ဘက်ကို ဖြေးဖြေး လျှောက်လာဖို့ ပြောထားပါတယ်။ လာဖို့လမ်းကြောင်းကိုလည်း အသေးစိတ် ပေးလိုက်ပါတယ်။ ဒါပေမယ့် လက်နက်ချမယ့်နေရာမှာ တတိယအင်အားစုတခု သက်သေရှိနေဖို့ တမီးလ်ကျားတွေရဲ့ပန်ကြားချက်ကိုတော့ အစိုးရက မလိုက်လျောခဲ့ပါဘူး။ ကြားလူတဦးဖြစ်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကလည်း လက်နက်ချပွဲ လုပ် မယ့်နေရာမှာ ကုလသမဂ္ဂ ရှိနေဖို့မလိုဘူးလို့ ပြောခဲ့ပါတယ်။

၂၀၀၉ ခု မေလ ၁၈ ရက် မနက် ၆ နာရီခွဲလောက်မှာ ခေါင်းဆောင်နှစ်ဦးဟာ သူတို့ပုန်းခိုရာက ထွက်လာပြီး မိသားစုဝင်တွေ တမီးလ်ရွာသားတွေနဲ့အတူ အစိုးရတပ်မ ၅၈ ထိန်းချုပ်နယ်မြေကို လမ်းလျှောက်ထွက်လာခဲ့ ပါတယ်။ သူတို့နဲ့အတူ တမီးလ်ကျားဗိုလ်မှူးကြီး ရာမက်ရှ်လည်း နောက်က ပါလာပါတယ်။ တခဏအကြာမှာ ရှေ့ဆုံးက အလံဖြူထောင် တက်လာတဲ့ တမီးလ်တိုင်းရင်းသားခေါင်းဆောင် သုံးယောက်နဲ့ မိသားစုဝင်တွေ ၁၅ ယောက်လောက်ဟာ ပစ်သတ်ခံလိုက်ရပါတယ်။ ကျန်တဲ့ နောက်လိုက်ငယ်သားတွေနဲ့ ရွာသား ၃၀၀ ထဲ မှာလည်း အနည်းအကျဉ်းလောက်ပဲ ထွက်ပြေးလွတ်မြောက်အသက်ရှင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ “အလံ ဖြူလူသတ်ပွဲ” လို့ နာမည်ကျော်သွားပါတော့တယ်။

ဒီအရေးအခင်းမှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူ နှစ်ယောက်အနက် တယောက်ကတော့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းရဲ့ရုံးဦးစီးမှူး၊ အခု မြန်မာနိုင်ငံဆိုင်ရာ အထူးတမန်ဆိုတဲ့ ပီချေးနမ်ဗြားဖြစ်ပါတယ်။ ပြည် တွင်းစစ် နောက်ဆုံးအဆင့်တွေမှာ ကုလသမဂ္ဂဘက်က တာဝန်ရှိရှိ ပါဝင်ပတ်သက်ခဲ့သူဟာ ပီချေးနမ်ဗြားပါပဲ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘန်ကီမွန်းက ကျွမ်းကျင်သူများ ခုံအဖွဲ့ ဖွဲ့၊ စုံစမ်းစစ်ဆေးခိုင်းခဲ့ပေမယ့် ကျွမ်း ကျင်သူတွေရဲ့အစီရင်ခံစာမှာ နမ်ဗြားနာမည်ကို ဖြုတ်ခိုင်းခဲ့ပါတယ်။ ဒါ့အပြင် သီရိလင်္ကာအစိုးရကို စစ်ရာဇ ဝတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC တင်ဖို့ကိုလည်း ရုရှားနဲ့တရုတ်အလိုကျ ပညာသားပါပါနဲ့ အဟန့် အတားလုပ်နေပါတယ်။

ကြားလူ နောက်တယောက်ဖြစ်တဲ့ အင်္ဂလိပ်သတင်းထောက်မ မာရီကိုလ်ဗင်ကတော့ လက်နက်ချမှု လက်ခံဖို့ ကတိကဝတ်ကို အစိုးရဘက်က ဖောက်ဖျက်တာလို့ ဗြောင်ပြောခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလအတွင်း သီရိ လင်္ကာအစိုးရ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆာရတ်သ်ဖွန်စီကာကလည်း ၂၀၀၉ ခု ဒီဇင်ဘာ လမှာ လူသိရှင်ကြားဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂနဲ့ နမ်ဗြားကတော့ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာထဲမှာ ကုလသမဂ္ဂရဲ့နိုင်ငံရေးဌာနတွေ အဖွဲ့အစည်းတွေဟာ သီရိလင်္ကာပြည် တွင်းစစ် နောက်ဆုံးအဆင့်တွေမှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ ဒီ ထက်ဆိုးတာက အရပ်သား အသေအပျောက်စာရင်းတွေကို မထုတ်ပြန်ဘဲ ဖုံးဖိထားခဲ့လို့ သီရိလင်္ကာစစ်တပ် က ပိုအတင့်ရဲခဲ့တယ်လို့ ထောက်ပြထားပါတယ်။ အယ်လ်ဂျာဇီးယားရား သတင်းဌာနက နမ်ဗြားကို အင်တာ ဗျူးတဲ့အခါ “ဒီလူတွေကို တမီးလ်ကျားတွေကပဲ သတ်တာဖြစ်မှာပေါ့” လို့ တာဝန်မဲ့ လက်လွတ်စပယ် ပြောခဲ့ ပါသေးတယ်။ အဲဒါဟာ ကုလသမဂ္ဂရဲ့ ဘက်မလိုက်ရေးမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပါပဲ။

ပီချေးနမ်ဗြားရဲ့အစ်ကို အိန္ဒိယတပ်မတော်က အငြိမ်းစားယူထားတဲ့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဆာတစ်ရှ်နမ်ဗြား ကလည်း သီရိလင်္ကာစစ်တပ်အတွက် လခစားအကြံပေးပုဂ္ဂိုလ်အဖြစ် ၃ နှစ်လောက်လုပ်ပြီး တိုင်းရင်းသား တော်လှန်ရေး ချေမှုန်းရေးမှာ အကျိုးပြုခဲ့ပါတယ်။

အနှီ ပီချေးနမ်ဗြားဟာ ၂၀၁၁ ခု မေလ ၁၁ ရက်နေ့တုန်းက ဘန်ကီမွန်းရဲ့ အထူးတမန်အဖြစ် ဗမာပြည်ကို ရောက်လာပြီး စစ်အစိုးရကိုယ်စားလှယ်တွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တို့နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူဟာ လက်ရှိသမ္မတလုပ်နေတဲ့ ဗိုလ်ချုပ်သိန်းစိန်ရဲ့မိန့်ခွန်း ကို ကြိုဆိုတဲ့အကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ ပြောသွားပေမယ့် တိုင်းရင်းသားပြဿနာနဲ့ ပြည် တွင်းငြိမ်းချမ်းရေးပြဿနာကို ခေါင်းရှောင်သွားခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရဆီမှာ တွေ့ခဲ့တဲ့ နိမိတ်လက္ခဏာ တွေဟာ “အင်မတန် အားရစရာကောင်းတယ်” လို့လည်း ပြောလိုက်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ လက်တွေ့နဲ့ ကင်းကွာနေပြီး ခေါင်းမာလွန်းတယ်လို့လည်း ဘန်ကီမွန်းဆီ တင်တဲ့ အစီရင်ခံစာထဲမှာ မှတ် ချက်ချခဲ့ပါတယ်။

ဒီ နမ်ဗြားဟာ တတိယအကြိမ်အဖြစ် မြန်မာပြည်ကို ရောက်လာပြန်ပါပြီ။ အခုအကြိမ်မှာ အရင်အခေါက်တွေနဲ့ မတူတာက ကချင်တွေကို နအ-ကဖအစိုးရက အပြင်းအထန် ထိုးစစ်ဆင်နေချိန်၊ ကရင် ရှမ်း ငြိမ်းအဖွဲ့/မငြိမ်း အဖွဲ့တွေနဲ့လည်း နအဖဘက်က မလျှော့တမ်းတိုက်နေချိန်ဖြစ်ပါတယ်။ တဘက်မှာတော့ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တက်မလိုလို အသံထွက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ နှစ်ဘက် ပဋိပက္ခတွေကြား ဝင်ပြီး အတိုက်အခံတွေ လက်နက်ချ ချေမှုန်းခံရဖို့ပဲလုပ်ခဲ့တဲ့ သမိုင်းနောက်ခံရှိနေသူ ပီချေး နမ်ဗြားတယောက် အခုတခါကော ဘယ်လမ်းလျှောက်မှာလဲလို့ မေးလိုက်ပါရစေ။

ဂါမဏိ

1 comment :

Anonymous said...

They r water follow fish follow people.It was said that without America support and tax payers money, U.N cannot survive for long.