ကန်တော့သည်လည်း ဆွမ်း- မန်လျှော့သည်လည်း နွမ်းသည့်တိုင်အောင်
မြန်မာနိုင်ငံသို့  အမေရိကန်ပြည်ထောင်စုမှ နိုင်ငံခြားရေးဝန်ကြီး
မစ္စဟီလာရီ ကလင်တန်က ဒီဇင်ဘာလ-၁-ရက်နေ့ မှာ လာတော့မည်ဖြစ်သည်။ မလာခင်ကပင်
ကြေညာထားသည်ကိုက ရုပ်သေးအစိုးရအဖို့  ကြောချမ်းစရာ။ စီးပွါးရေးပိတ်ဆို
့မှုကို မရုပ်သိမ်းသေးပါဟု ဆိုထားပြောထားသည် ။ တိုးတက်မှုလက္ခဏာများကို
မြင်ယောင်နေရသော်လည်း နောက်ကြောင်းပြန်လှည့်သွားမှာကိ
အခုတလော မစဉ်းစားသေးပါဟု ဆိုသော စကားနှစ်ခွန်းကို တွေ့ နေရသည်။ ပထမ-စကားမှာ သမတဦးသိန်းစိန်က ရွေးကောက်ပွဲကို ဘယ်တော့ လုပ်မှာလဲ ဆိုတာ မစဉ်းစားသေးပါဟု ရိသလိုလိုနှင့် ပြောလိုက်ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက စီးပွါးရေးပိတ်ဆို့ မှုကို မစဉ်းစားသေးဟု ပြောတော့ မာမာတင်းတင်းဖြစ်သည်။ ဤကဲ့ သို့  ပဋိပက္ခအသွင် ဆောင်နေသော နှစ်နိုင်ငံဆက်ဆံရေးကို ဆွဲစေ့ပြီး ဆက်စပ်ကြည့်လျှင် သူတို့ နှစ်ဦး၏ သံတမန်လမ်းမှာ ဖြောင့်ဖြူးသာယာနေမည်မထင်ရ ။ အကြောင်းမှာ တချိန်လုံး စစ်အစိုးရက အမေရိကန်ကို မကောင်း ပြောနေခဲ့ ပြီးမှ အမေရိကန်ကို မျက်နှာချို သွေးပြနေခြင်းကို လူတိုင်းနားလည်ထားကြသည်။ သမတဦးသိန်းစိန်အစိုးရသည် နိုင်ငံတကာတို့ ၏ သံတမန်အခင်းအကျင်းအရ သူ့ အတွက် အားသာစေမည့် အစိုးရများကိုသာ ဖက်တွယ်ရန်လိုနေသည်။ သို့ သော်သူက အမေရိကန်ပြည်ထောင်စု အစိုးရကို လျှော့တွက်ထားသည်။ လွှတ်တော်အခင်းအကျင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါလာ၍ အလုံးစုံသည် ပြီးပြည့်စုံလတ္တံဟု ထင်မှတ်ထားသည်။ သို့ သော် မပြီးမြောက်သေးပါ ။ အမေရိကန်ပြည်ထောင်စုသည် နားမျက်စိများကို ဖွင့်ထားဆဲဖြစ်ပါသည်။ ပိတ်ထားခဲ့ သော်တောင်မှ နားကြားရလောက်အောင် ဒီမိုကရေစီအတိုက်အခံများ၏ အသံများမှာ ပူပူလောင်လောင် မည်နေတုံးကို တွေ့ မြင်နေရပါသည်။
တချို့ က မြန်မာနိုင်ငံဒီမိကရေစီအတိုက်
အပစ်အခတ်ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ တပ်ပေါင်းစု မဟုတ်သော်လည်း တဖွဲ့ ချင်းဆွေးနွေးနေရရာ မည်သို့ ပင်ဆိုစေ အလုပ်ဖြစ်စေချင်သည်။ မည်သူမဆို သေနတ်သံမကြားချင်ကြသလို သေနတ်ပစ်ခတ်၍ မသေချင်ကြ ။ သေနတ်ကြောင့်လည်း ဒုက္ခသည်အဖြစ် မည်သူမျှ တိုင်းတပါးသို့  ဒုက္ခကြီးငယ်ကျကာ မသွားချင်ကြ ။ ဤပြည်တွင်းစစ်ကို ရပ်တန့် စေချင်ကြသည်မှာ လက်နက်မဲ့  ပြည်သူတွေဆန္ဒဖြစ်သည်။ စင်စစ်ဤပြည်တွင်းစစ်ကို ဖန်တီးသူ အဓိက-လက်သည်တရားခံမှာ ခေတ်အဆက်ဆက် စစ်အစိုးရနှင့် ယခုသမတဦးသိန်းစိန် အစိုးရလက်ထက်အထိ ဖြစ်သည်။ ကချင်လူမျိုးတွေ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင် သွားနေရသည်မှာ -KIO- ကြောင့် မဟုတ်သည်မှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော်-KIO- သည် ကချင်လက်နက်ကိုင်တော်လှန်ရေးအဖွ
ပြီးတော့လည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ယခုမှ ပြုလုပ်နေသည်မဟုတ် ။ ဦးနေ၀င်းလည်း-၁၉၆၃-ခုနှစ်မှာ လုပ်ခဲ့ ပြီ။ ဗိုလ်ချုပ်ကြီးခင်ညွ န့် လည်း လုပ်ခဲ့ ပြီ။ ခုတော့ သမတဦးသိန်းစိန်က ဆက်လုပ်လာသည်။ အယောင်ဆောင် လုပ်နေသောငြိမ်းချမ်းရေးသည် မည်သည့်အခါမျှ အကောင်အထည် မပေါ်တတ်ချေ။ ယခုလုပ်နေသော ငြိမ်းချမ်းရေးအပစ်အခတ်ရပ်စဲရေး တွေ့ ဆုံဆွေးနွေးမှုတွင် ကဏ္ဍတခုတိုးလာနေသည်ကို တွေ့ ရကြားရသည်။ ယင်းကား ပင်လုံကဲ့ သို့  ညီလာခံ တခုကို အပစ်အခတ်ရပ်စဲရေးပြီးဆုံး၍ အားလုံးပါဝင်လာလျှင် ဆောင်ရွက်မည်ဆိုသော ကဏ္ဍဖြစ်သည်။ ကျွန်တော်ကတော့ မယုံ ။ လက်နက်ကိုင်ဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးအပစ်အခတ်ရပ်စဲရေး
တခါကပင်လုံညီလာခံ ဆိုသည်မှာ မြန်မာနိုင်ငံကို လွပ်လွပ်ရေးရရှိအောင် လုပ်ပြီး အကယ်၍ လွပ်လွပ်ရေးရရှိလာပြီဆိုလျင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ့်ပုံ အခြေခံဥပတွေင် ထည့်သွင်းဆွေးနွေးရန် ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များကို ညီလာခံ၌ လမ်းစဉ်သို့ မဟုတ် ဥပဒေများကို ဆွေးနွေးခဲ့ ကြခြင်းဖြစ်သည်။ ယင်းကြောင့်လည်း ပင်လုံညီလာခံက သန္ဒေတည်ပေးခဲ့ သော အချက်အလက်များသည် -၁၉၄၇-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ ထင်ထင်ရှားရှားပါဝင်ခဲ့ သည် ။ ခေတ်အဆက်ဆက် အုပ်စိုးလာခဲ့ သော အစိုးရက ယင်းဖွဲ့ စည်းအုပ်ချုပ်ပုံကို အတည်ပြု- မသုံးခြင်းနှင့် အသုံးပြုခြင်းသည် သီးခြားပြသနာသာဖြစ်သည်။ အဓိကအားဖြင့် ပင်လုံညီလာခံမှ ချမှတ်ခဲ့ သော လမ်းစဉ်ကို နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထည့်သွင်း ရေးဆွဲထားခဲ့ ကြခြင်းကို ပြောချင်သည်။ ယခုလည်း သမတ-ဦးသိန်းစိန်အစိုးရက ပြည်ထောင်စုလွှတ်တော်ခေါ်ကာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြုပြင် ရေးဆွဲ့ ဖြည့်နေကြပြီဖြစ်သည်။ ဤစကားမှာ သူတို့ စကားဖြစ်သည်။ ထားပါတော့ ။ ဆက်လက်ပြီး -၂၀၀၈-ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်က ပါ- ပါဝင်ရေးဆွဲ နိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားရာ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို တတပ်တအား ပါဝင်ရေးသား ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု သူတို့  ယုံကြည်ထားပြီးဖြစ်သည်။ ကောင်းပါပြီ ။ လွှတ်တော်မှာ -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည့်ကပါ ပါဝင်ရေးဆွဲ ခဲ့ပြီး သမတဦးသိန်းစိန် က လက်မှတ်ထိုး အတည်ပြုခဲ့ လှင့် ယင်းလွှတ်တော်မှ ချမှတ်ခဲ့ သော ဥပဒေများမှာ အတည်ဖြစ်သွားပြီ ။
ဆိုရလျှင် ပြည်ထောင်စု လွှတ်တော် ရှိနေပါလျှက်ကယ်နှင့် နောက်ထပ် ပင်လုံကဲ့သို့ သောညီလာခံမှ ဘာလမ်းစဉ်မှ ချမှတ်စရာ မလိုတော့ ။ လွှတ်တော်ထဲမှာ နိုင်ငံတော် ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေံ ဥပဒေကို ရေးဆွဲ ဖြည့်စွက်ပြီးကြပါပြီ ။ ပင်လုံကဲ့သို့  သော ညီလာခံမှ ချမှတ်သည့် လမ်းစဉ်ကို ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေံဥပဒေမှာ ရေးဆွဲ ထားခဲ့ သည့်အချိန်က တချိန်ကဖြစ်သည်။ ခုခေတ်မှာ ဘာမှ လုပ်စရာမလိုအပ် ။ ပြည်ထောင်စုလွှတ်တော်မှာ သမတဦးသိန်းစိန်အစိုးရက ဥပဒေတွေကို ပြုပြင် ရေးဆွဲ ခွင့်ပြုနေပြီဖြစ်သည်။ ကံဆိုးသည်လား ကံကောင်းနေသည်လား မပြောတတ်။ လောလောဆယ် ကြားရသောသတင်းများအရ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လာမည့်ကြားဖြတ်ရွေးကောက်ပွဲ အတွက့် မည်သို့ မျှ အစီအစဉ်မရှိးသေးကြောင်း လွှတ်တော်၏ နောက်ဆုံးရက်ဖြစ်သော နေ့ တွင် တရားဝင် ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ ယနေ့ မှစ၍ ပြည်ထောင်စုလွှတ်တော်ကို အနားပေးမည်ဖြစ်ရာ - ရွေးကောက်ပွဲခေါ်ယူရန် -၃- လအချိန်ပေး ကြေညာရမည်ဖြစ်သောကြောင့် ယခုကဲ့သို့  ရွေးကောက်ပွဲအတွက် ကြိုတင် ကြေညာပေးခြင်းဖြစ်သည်။ အမှန်တော့ -စ၍ လိမ်နေခြင်း ဖြစ်သည်ကို နားလည်ဖို့  လိုပြီ ။ ပြောစရာတခုက ရွေးကောက်ပွဲဝင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က နေပြည်တော်သို့  မှတ်ပုံတင်ရန် သွားသောနေ့ မှာလည်း ယနေ့ ပင်ဖြစ်နေသည်ကို တွေ့ ရသည်။ မည်သို့ ပင်ဖြစ်စေ အပစ်အခတ်ငြိမ်းချမ်းရေး လုပ်ချင်သော လက်နက်ကိုင် ပဋိက္ခအဆုံး သတ်စေချင်သည့်သူများ၊ ပြည်တွင်းလွှတ်တော် အခင်းအကျင်းကို ထောက်ခံကြသူများကမူ ရုပ်သေးအစိုးရနှင့် ဆက်လက်၍သာ အလုပ်တူများကို တွဲလုပ်ကြဖို့ ဘဲ ရှိသည်။ မည်သို့ ပင်ဆိုစေ ယခုရုပ်သေးအစိုးရ၏ နိုင်ငံရေးအကျဉ်းသားများကို မလွှတ်ပေးသမျှ မည်သည့်အရာမျှ လက်တွေ့ မကျဟု ထင်မှတ်နေသူများကမူ ကန်တော့သည်လဲ ဆွမ်း- မန်လျော့ရသည်လည်း နွမ်းလျဖြစ်နေသည် ။ အဘယ့်ကြောင့်ဆိုသော် နှစ်ပေါင်း-၂၀-ကျော် ခရီးတခုတည်း သွားနေသည့်သူများက ကိုယ့်လှေကို ကိုယ်လှော်ချင်သလို လှော်နေကြသောကြောင့်ဖြစ်သည်။ တခုတော့ ရှိသည်။ ဦးသိန်းစိန်အစိုးရကို လက်မခံသောသူတို့ မှာ နိုင်ငံရေးအကျဉ်းသား လွပ်မြောက်ရေးကို ချက်ချင်း လွှတ်ပေးရေးအတွက် တောင်းဆိုပိုင်ခွင့် ကြွေးကြော်ပိုင်ခွင့် ရှိနေဆဲ ။ အကြောင်းကား -၂၀၀၈- ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု သဘောတူ- လက်မှတ်ထိုး - မထားသမျှ -ယင်းအခွင့်အရေးကို သူတို့  ရရှိထားကြပါသည်။ သူတို့ ရှေ့မှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သော မင်းကိုနိုင်တို့ - ခွန်ထွန်းဦးတို့  ရှိနေသည်။ သည်တော့ သူတို့  တွေ မျက်နှာချင်းဆိုင် မတွေ့ ကြရသရွေ့ မြန်မာနိုင်ငံ့ နိုင်ငံရေးအခြေအနေကို ငြိမ်းချမ်းသွားပြီလို့  မည်သူကမျှ ကောက်ချက်ချ၍ မရနိုင် ။ သည်တော့ မစ္စဟီလာရီကလင်တန်၏ ခရီးစဉ်မှာ အောင်မြင်မှုတွေ ရရှိနိုင်လိမ့် မည် မထင်။
ခိုင်အောင်ကျော် ( နယူးယောက်)
No comments :
Post a Comment