Sunday, 20 November 2011

ပြည်ပရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဌာနခွဲများ ဖျက်သိမ်းရမည့် ဟု သတင်းထွက်ပေါ်နေခြင်း



ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်ခြင်း၊ရွေးကောက်ပွဲဝင်ခြင်းများကိုဆုံးဖြတ်လိုက်သည့်အတွက်

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သော အမျိုးသားညွန့် ပေါင်းအစိုးရကို ဖျက်သိမ်းလိုက်ကြောင်းကြေညာလိုက်ပြီဖြစ်ပါတယ်။ ပြည်ပအခြေစိုက်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဌာနခွဲများရဲ့ အနာဂတ်ကလည်းမသေချာမရေရာ စတင်ဖြစ်လာတာကိုတွေ့ ရပါတယ်။

ထိုင်းနိင်ငံအခြေစိုက်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်  က ဖျက်သိမ်းမည်ဟု အမည်မဖေါ်လိုသောခေါင်းဆောင်တဦးကဆိုပါတယ်။  ဂျပန်၊ မလေးရှားနှင့် အင်္ဂလန် ရှိကိုယ်စားလှယ်များက တိတိကျကျ မပြောကြသေးကြောင်းတွေ့ ရပါတယ်။

တကယ်လို့  ပြည်ပတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဌာနခွဲများဆက်လက်လှုပ်ရှားနေပါက

၂၀၀၈ ဖွဲ့ စည်းပုံကိုအခြေခံကို ဆန်ကျင်ရာကြရောက်နေကြောင်းတွေ့  ရပါတယ်။  ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာရွေးကောက်ပွဲဥပဒေ ပုဒ်မ - ၅၊ ၆၊ ၁၀၊၁၂  တို့  အ ရ သူတို့ ဟာ မတရားအသင်းကြေညာထားသော အဖွဲ့ များနှင့် ပေါင်းဖေါ်ခြင်း၊ ပူးတွဲဆောင်ရွက်ခြင်းများမပြုလုပ်နိင်တော့ကြောင်းဖေါ်ပြထားပါတယ်။ ပြည်ပတွင်ဆက်လက်လှုပ်ရှားနေပါက ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံကို ဆန်ကျင်ဖေါက်ဖျက်ရာကြရနေမည်ဖြစ်ပါတယ်။ ထိုသို့ ဖြစ်နေပါက ပါတီက ထုတ်ပယ်ပြစ်ရမယ်ဟုဖေါ်ပြထားတယ်။မထုတ်ပယ်ပါက ပါတီကိုမတရားအသင်းကြေညာမည်ဖြစ်ပါတယ်။ 

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ၂၃ နှစ်တာခရီးတွင် ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဌာနခွဲများဟာ
တက်ကြွစွာ တိုက်ပွဲဝင်ခဲ့သော် ရဲဘော်များဖြစ်ပါတယ်။

မြန်မာ ပြည်ဒီမိုကရေစီရရှိရေးမှာ ရည်ကြာတဲ့ကာလဖြစ်စဉ်ကိုဖြတ်သန်းရဦးမည်၊ မသေချာသောအနာဂတ်များကို ဖြတ်သန်းရဦးမည်မှာ လူတိုင်းသဘောပေါက်နေကြသော်လည်း

ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဌာနခွဲများကတော့ ဖျက်သိမ်းရမည်မှာသေချာသလောက်ဖြစ်နေတယ်ဟု သုံးသပ်မိပါတယ်။

4 comments :

Anonymous said...

ဒေါက်တာဂိန်ဝင်း ... ဘယ်လိုလဲ ညွှန့်ပေါင်းဝံကြီး .. ဂွင်တော့ပိတ်ကိန်းပဲ ဆရာရေ ... လစ်မှ လစ်မှ..

Anonymous said...

Now where to go NLD oversea?
All back to Head office in Burma,or quit before it is too late?. DASSK stepped forward already. who,stayed behind will be called a coward or a traitor by the people.

Nai Banya said...

ကောင်းပါတယ်။နို့မို့ဆိုလိုကတော့ ဒေါ်စုနဲ့အင်အဲလ်ဒီကိုပြပီး မြင့်သိန်းလိုဟိုမရောက်ဒီမရောက် ဖာခေါင်းသာသာလောက်ရှိတဲ့ကောင်ကအင်အဲလ်ဒီအဲလ်အေမှာလူကြီးလုပ်လိမ်စားနေတာပီးပီပေါ့။ ဂွတ်ထဂွတ်ထ...မြင့်သိန်းရေအမျှ အမျှ

Anonymous said...

Dr. Sein Win decided to terminate NLD LA.

Dr. Sein Win is welcome.

Dr. Sein Win should go back to Burma and should do for Burma's future.