Tuesday, 29 November 2011

ဈေးကြီးတဲ့... အရင်းအနှီး

ဈေးကြီးတဲ့... အရင်းအနှီး

အကောင်သေးလို့ အထင်မသေးနဲ့ 
မင်တို့ ထက်အဆိပ်ပြင်းတယ်
အဘိဓါန်ထဲမှာ ငါ့အကြောင်းမရှာနဲ့ ..
ခွပ်ဒေါင်းသမိုင်းမှာ
ငါတယောက်တည်းမဟုတ်ဘူး
ခု ငါတို့ သားအဖရှိတယ်
ထားလိုက်ပါတော့ဗျာ...
ဆုံးရှုံးတာက လွတ်လပ်ရေးအတွက်
ထောင်ထဲမှာ ပေးဆပ်နေတာက
လည်စင်းခံနေတာ လျှော့မတွက်နဲ့ 
ဈေးကြီးကြီးပေးရတဲ့ ငါတို့ အရင်းအနှီးကွ၊၊

ဒီမိုကရေစီအရေး တို့အရေး
ကြွေးကြော်ပီးပီပဲ မဲမဲမြင်ရာ မပစ်ပါနဲ့တော့
မော့နေတဲ့ခွပ်ဒေါင်း ကောင်းကောင်းမခွပ်နိုင်အောင်
ယောင်စိန်ပေါင်စိန်လုပ်နေတဲ့
နင်...
ပြင်စရာတွေ ပြင်ပါတော့...
ကျော့နေတဲ့နင့်ဘဝ
လှနေတယ်ထင်သလား
မှား မှား သိပ်မှားနေတယ်...
ရှေ့ကအကွယ်ကို ငါ ဖယ်လိုက်ရင်
ငါ့ အခန်းဘေးမှာ..
ကိုမင်ကိုနိုင် ရှိတယ်..
နင်ဟာ စစ်အစိုးရ ကြောင့် အထာကိုင်တာလား...
ဘာမှမပြောနဲ့..
နားနားပြီးပြော..
မောမှာစိုးလို့ ..
မေ့မှာစိုးလို့ ..
ထပ်ပြောမယ်...
နင်တို့ တတွေ..
ပေးဆပ်ဖို့ ..
ရင်းနှီးဖို့ ...အသင့်ပြင်ထား
ထောင်ထဲကနေ..သိနေကြတယ် ဟေ့...။ ။

ဦးဇော်ဇော်မင်းနှင့်ဒီငြိမ်းလင်းတို့ သားအဖ နှင့်နိုင်ငံရေးအကျဉ်းသားများ
မြန်မြန်လွတ်မြောက်ကြပါစေ.....

ထွန်းဝေ၊၊2011.11.29



No comments :